Sunday, August 19, 2012

ရင်ကြပ်ရောဂါကုသခြင်း၏ ထိရောက်မှု့ ရည်ညွှန်းကိန်းဂဏန်း



သင့်ရင်ကျပ် ရောဂါကို ထိထိရောက်ရောက် ထိန်းထား နိုင်ပြီလား? အောက်ပါ မေးခွန်းများ ဖြေကြည့်ရအောင်.....
လုပ်ဆောင်ချက်(၁)
မေးခွန်း (၅)ခုတွင် သင်နှင့်သက်ဆိုင်သော အဖြေနေရာမှ ဂဏန်းကို ၀ိုင်းလိုက်ပါ။ ထိုဝိုင်းလိုက်သော ဂဏန်းနံပါတ်အတိုင်း  ၄င်းဂဏန်းကိုရေးမှတ်လို
က်ပါ။
မေးခွန်း(၁)
လွန်ခဲ့သာ(၄)ပတ်အတွင်း ရင်ကျပ်ရာဂါသည် သင်၏အလုပ်ခွင်၊ကျောင်း၊ အိမ်တွင်ပြုလုပ်နေကျ အလုပ်များအပေါ်မည်မျှ အနှောင့်အယှက်ပေးခဲ့ပါသလဲ။
(၁) အချိန်ပြည့်
(၂) အချိန်အများစု
(၃) တစ်ခါတစ်ရံ
(၄) မဆိုသလောက်အချန်အနည်းငယ်
(၅) လုံးဝမပေးပါ။
မေးခွန်း(၂)
လွန်ခဲ့သော (၄)ပတ်အတွင်း အကြိမ်မည်မျှသင်မော/ကြပ်ခဲ့ပါသလဲ။
(၁) တစ်နေ့လျှင် ၁ကြိမ် ထက်ပို
(၂) တစ်နေ့လျှင် ၁ကြိမ်
(၃) တစ်ပတ်လျှင် သုံးကြိမ်မှ ၆ကြိမ်
(၄) တစ်ပတ်လျှင် ၁ကြိမ် (သို့) ၂ကြိမ်
(၅) လုံးဝမရှိပါ။
မေးခွန်း(၃)
လွန်ခဲ့သော (၄)ပတ်အတွင်း ရင်ကြပ်ရောဂါလက္ခဏာများ (တရွှီရွှီ မြည်၊ ချောင်းဆိုး၊ အသက်ရှူကြပ်မောပန်း) ကြောင့် ညအိပ်ရာမှ နိုးလာခြင်း အကြိမ်မည်မျှရှိခဲ့ပါသလဲ။
(၁) တစ်ပတ်လျှင် ၄ ကြိမ်နှင့် အထက်
(၂) တစ်ပတ်လျှင် ၂ ကြိမ်မှ သုံးကြိမ်
(၃) တစ်ပတ် ၁ ကြိမ်
(၄) ၁ကြိမ် (သို့) ၂ကြိမ် (၄ပတ်အတွင်း)
(၅) လုံးဝမရှိပါ။
မေးခွန်း(၄)
လွန်ခဲ့သော ၄ ပတ်အတွင်း သင်သည် အရေးပေါ်ရှူဆေး (သာမာန် ဂေါက် သို့မဟုတ် စက် )ကို အကြိမ်မည်မျှသုံးစွဲခဲ့သနည်း။
(၁) တစ်နေ့ ၃ကြိမ် နှင့် အထက်
(၂) တစ်နေ့ ၁ကြိမ် (သို့) ၂ ကြိမ်
(၃) တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ကြိမ်
(၄) တစ်ပတ် ၁ကြိမ် နှင့် အောက်
(၅) လုံးဝမရှိပါ။
မေးခွန်း(၅)
လွန်ခဲ့သော (၄)ပတ်အတွင်း သင်၏ရင်ကြပ်ရောဂါ အခြေအနေမည်သို့ ရှိခဲ့သည်ဟု ထင်ပါသလဲ။
(၁) ဆေးကုသမှု ထိရောက်မှု့ လုံးဝမရှိပါ။
(၂) ထိရောက်မှု့ အနည်းငယ်မျှသာ ရှိပါသည်။
(၃) အတော်အသင့် ထိရောက်မှု့ ရှိသည်။
(၄) ကျေနပ်ဖွယ်ရာ ထိရောက်မှု့ ရှိသည်။
(၅) လုံးဝနေကောင်းပါသည်။
လုပ်ဆောင်ချက် (၂)
ရရှိထားသော မေးခွန်းနံပတ်အလိုက် ဂဏန်းများကိုပေါင်းပါ။
လုပ်ဆောင်ချက် (၃)
ပေါင်း၍ရသော ရလာဒ်သည် မည်သို့ အဓိပ္ပါယ်ရှိသည်နည်း ဆိုသည်ကို အောက်ပါ အဖြေများနှင့် တိုက်ကြည့်ပါ။ ၄င်းတို့တွင် သင်လုပ်ဆောင်သင့်သော ဆောင်ရွက်မှုများကို တစ်ပါတည်း ဖော်ပြထားပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment