ZCD ( Zomi Congress for Democracy)မှ ပူဂင့်ခန့်လျန်း သမ္မတနှင့် တွေ့ဆုံရာတွင် အဆိုတင်သွင်းသည့်အချက်(၈)ချက် အကျဉ်း
(၂)အစိုးရသည် နယ်စပ်ဒေသ ခက်ခဲမှုကြောင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများကို ဆေးတက္ကသိုလ် သို့တက်ရောက်နိုင်ရန် အထူးစီစဉ်ပေးမှုကို ကျေးဇူးတင်ကြောင်းနှင့် ယင်းနည်းတူ ရေကြောင်း၊ သစ်တောနှင့် ကာကွယ်ရေး စသော တက္ကသိုလ်များ အသီးသီးတွင်လည်း အထူးကူညီစီစဉ်ပေးနိုင်ရန်။
(၃)မကြာသေးခင်ကာလက ရခိုင်ပြည်နယ်တွင် လူမျိုးရေးအထိကရုန်းများဖြစ်ပွာ
(၄) အစိုးရနှင့် CNFကြားငြိမ်းချမ်းရေး ရယူမှုနှင့်ပတ်သက်၍ အပြည့်အ၀ မဟုတ်သော်လည်းကြိုဆိုပါသည်။ ငြိမ်းချမ်းရေးရယူ ပြီးသည့်အလျောက်
တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ စစ်တပ်များကို ပြန်လည်ရုတ်သိမ်းပေးရန် အဘယ့်ကြောင့်ဆိုသော် အစိုးရစစ်သားများသည် ယင်းမြို့နယ်အတွင်းရှိ ပြည်သူများအား လုပ်အားပေးခိုင်းစေခြင်းများ၊ ခြံမွေးတိရိစ္ဆာန်များကို မတန်တဆဈေးဖြင့် အဓမ္မ၀ယ်ယူခြင်းသည် ပြည်သူများကို ဒုက္ခရောက်စေပါသည်။ ထို့အပြင် တီးတိန်၊တွန်းဇံနှင့် ကျီခါးမြို့နယ်များတွင် CNFမှ ရုံးမဖွင့်ရန် ပြည်သူပေါင်း (၇) သောင်းကျော်၏ သဘောမတူညီိမှု စာတမ်းလွှာကိုလည်း တင်သွင်းပြီးဖြစ်ပါသည်။ သို့ပါသော်လည်း CNF သည် ရုံးဖွင့်ရန် ကြိုးပမ်းမှုများ ပြုလုပ်နေပါသဖြင့် မြို့ခံ ပြည်သူများနှင့် ပြသနာများ မဖြစ်ထွန်းရန် အလျှင်အမြန် တားမြစ်ပေးပါရန်။
(၅) ချင်းပြည်နယ်မြောက်ပိုင်းတွင် ခရိုင်တစ်ခု ထပ်မံတိုးမြှင့်ရန် ချင်းအစိုးရဌာနမှ ၁၃/၃/၂၀၁၂ ရက်နေ့ အစည်းအဝေးတွင် တီးတိန်၊တွန်းဇံနှင့် ကျီခါး သုံးမြို့နယ် အတွက် တီးတိန်မြို့ကို ခရိုင်အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ချက်အရ နေပြည်တော် မြန်မာအစိုးရ ထံသို့ သတင်းပို့ထားပြီးဖြစ်သော်လည်း ၁.၆.၂၀၁၂ တွင် ချင်းပြည်နယ်လွှတ်တော်မှ ဟားခါးနှင့် ထန်တလန် အတွက် ဟားခါးမြို့ကို ခရိုင်အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ ထို့ကြောင့် ချင်းပြည်အစိုးရဌာန နှင့် ချင်းပြည်နယ်လွှတ်တော် တွင် အဘယ်က မဏ္ဏိုင်ဖြစ်ကြောင်းဝေခွဲမရ ဖြစ်စေပါသည်။ ချင်းပြည်အစိုးရသည် ၁၃.၃.၂၀၁၂ အစည်းအဝေး ၁၇/၂၀၁၂ နှင့် အညီ မှန်ကန်စွာ ဆောင်ရွက်ပေးပါရန်။
(၆) သမ္မတကြီးသည် မေတ္တာဂရုဏာ ရှေးရှူပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးသဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ဇိုမီး လူငယ် Go Pian Sing ပုဒ်မ ၃၃/ခ အီလက်ထရောနစ်အမှုဖြင့် တောင်ငူ အကျဉ်းထောင်တွင် ၁၅နှစ် အကျဉ်းကျနေမှု အပေါ် သမ္မတကြီးအနေဖြင့် ကူညီစေသနာထားပေးရန်။
(၇) ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် အညီ Union Territory ကို အချို့သော လူမျိုးစုများသည် ခံစားခွင့် ရရှိသည့်နည်းတူ မိမိတို့သည်လည်း ချင်းပြည်နယ်အတွင် နေထိုင်ကြသည့် လူဦးရေ(၁၆၀၀၀၀)ကျော် ရိုးရာ ထုံးတမ်းအစဉ်အလာတူညီကြတူမျာြး
(၈) နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံြ့
Sr: ZCD info
0 ကွန်မန့်ရေးရန်:
Post a Comment