Friday, August 31, 2012

ဥပဒေပိုင်း ဆိုင်ရာများ ပိုမိုခိုင်မာမှု ရှိစေရန် ဆက်သွယ်ရေး၊ ဥပဒေမူကြမ်း ရေးဆွဲမှု ဆောင်ရွက်လျက်ရှိ ဥပဒေပိုင်း ဆိုင်ရာများ ပိုမိုခိုင်မာမှု ရှိစေရန် ဆက်သွယ်ရေး၊ ဥပဒေမူကြမ်း ရေးဆွဲမှု ဆောင်ရွက်လျက်ရှိ



ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနမှ ဆက်သွယ်ရေး ဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းမှ အတတ်နိုင်ဆုံး ခိုင်မာမှု ရှိအောင် ဆောင်ရွက်
လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရ တာဟာ ခိုင်မာမှု မရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်း ကုမ္ပဏီများနဲ့ တွဲဖက် လုပ်ကိုင် ပါက မလိုလား အပ်တဲ့ ဆိုးကျိုးများ မဖြစ်စေဖို့ ရည်ရွယ်ပြီး အဆိုပါ ဥပဒေ မူကြမ်းကို ထပ်မံကာ ဥပဒေနဲ့ ပတ်သက်တာ တွေကို ပိုမိုပြီး ခိုင်မာစေဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာန ဆိုင်ရာမှ ထုတ်ပြန်ချက်များ အရ သိရပါတယ်။


လက်ရှိ အချိန်မှာ ပြည်တွင်းရှိ ဆက်သွယ်ရေး ကဏ္ဍကို ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များရဲ့ ပူးပေါင်း ဆောင်ရွက်မှု များနဲ့ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး ယှဉ်ပြိုင် ဆောင်ရွက်မယ့် Competition Business Model အဖြစ် ပြောင်းလဲဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါ ဥပဒေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိ သူများနဲ့ ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ တာဝန်ရှိသူများ ပါဝင်တဲ့ ဆက်သွယ်ရေး ဥပဒေ ရေးဆွဲလျက်ရှိတဲ့ အဖွဲ့ဟာ အပြည်ပြည် ဆိုင်ရာ ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် ITU ရဲ့ အကူအညီကို ရယူပြီး ဆက်သွယ်ရေး ဥပဒေ မူကြမ်းကို ရေးဆွဲပြုစု ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရေးဆွဲခဲ့တဲ့ ဥပဒေ မူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ် ရုံးသို့ သဘောထား မှတ်ချက် တောင်းခံခဲ့ရာမှာ လိုအပ်တဲ့ ပြင်ဆင် ဖြည့်စွက်ချက်များ ပြုလုပ်နိုင်ဖို့ မှတ်ချက်ပြု ပြန်ကြားလာ ခြင်းကြောင့် ထပ်မံ ပြင်ဆင်ကာ အဆိုပါ ဥပဒေ မူကြမ်းကို သက်ဆိုင်ရာ ဌာနများသို့ တင်ပြပြီး ဥပဒေ ပြဋ္ဌာန်း သွားနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment