Friday, August 31, 2012

ဆက်သွယ်ရေးနှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အဖွဲ့အစည်း ၁၁ ခုကို ပဏာမ ရွေးချယ်




မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ
ဆောင်ရွက်ဖို့ အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ ထားရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၁၁ ခုကို ပမာဏ ရွေးချယ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပမာဏ ရွေးချယ်ထားရာတဲ့ အဖွဲ့အစည်း ၁၁ ခုဟာ ပြည်တွင်း အဖွဲ့အစည်းများ သာမက ပြည်ပက အဖွဲ့အစည်း တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။


အခုလို ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တင်ဒါ ခေါ်ယူခဲ့ရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၆၄ ခုရှိခဲ့ပြီး အဲ့ဒီအထဲကမှ အဖွဲ့အစည်း ၁၁ ခုကို ပဏာမ အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုရွေးချယ် ထားတဲ့ အဖွဲ့အစည်း ၁၁ ခုထဲကမှ International Telecomunication Union (ITU) မှချမှတ် ထားတဲ့ စည်းကမ်းချက်တွေ အတိုင်း အမှတ်ပေး စနစ်နဲ့ အဆင့်ဆင့် ထပ်မံရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ အခုလို အဖွဲ့အစည်း တွေကို ရွေးချယ် တာဟာ ပြည်တွင်းရဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာ စံညွန်းနဲ့ ကိုက်ညီပြီး ဈေးနှုန်း ချိုသာစွာနဲ့ ပွင့်လင်း မြင်သာပြီး ယှဉ်ပြိုင်မှုရှိတဲ့ ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment