Wednesday, August 22, 2012

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း


မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။
ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။ ဒါပေမယ့် လူနာရှင်တွေ အားထားရာ ဆရာဝန်က အနီးအနားက အခြားတာဝန်နဲ့ ရှိနေတဲ့ ဒေါက်တာအောင်ရဲကျော် ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်ဟာ လူနာတွေကို တစ်ပတ်တစ်ကြိမ် လာကြည့်ပေးနေပြီးတော့ လူနာတွေအတွက် ဆေးလိုအပ်လာလို့ အလှူရှင်မရှိရင် သူတို့ သူငယ်ချင်းတွေ စုထားတဲ့ ငွေလေးနဲ့ ဆေးဝယ်ပြီး ကုပေးနေတာကို အခု ၀ဘ်ဆိုဒ်ကို ရေးနေသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ လူနာတွေစိတ်ချမ်းသာအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လူနာတွေနဲ့ ထမင်းအတူ စားပေးတဲ့ အချိန်တောင် ရှိတယ်ဆိုတာ ဝေဒနာရှင် အဖွဲ့ခေါင်းဆောင် ဦးတာက ပြောပြပါတယ်။နေ့လည်ပိုင်း ၁၀ နာရီဆိုရင်တော့ အလှူရှင်တွေကို မေတ္တာပို့ပြီး နေ့လည်စာ စားရတဲ့ အချိန်လေးပါဘဲ။ အလှူရှင်တွေ လာပြီး တစ်နပ်ကို
ငါးသောင်းဖိုးလောက် ကျွေးတဲ့အခါမှာတော့ အသားဟင်း စားကြရပြီး အလှူရှင်မလာတဲ့ ရက်တွေမှာတော့ သူတို့တွေဟာ ပြုတ်မနူးပဲ၊ ပြုတ်နူးပဲ တွေကို အရည်ကျဲချက်လိုက်၊ ကုလားဟင်းချက်လိုက် မျိုးစုံချက်ကျွေးတာနဲ့ စားကြရပါတယ်။ ပြီးရင် နားကြတယ်ပေါ့။
ညပိုင်း၅ နာရီလောက်ဆိုရင် ညစာကို ခုနအတိုင်း စားပြီး မြေစိုက်တဲ ဓမ္မာရုံကို သွားကြပါတယ်။ အဲ့ဒီမှာ အလှူရှင်တွေ လှူထားတဲ့ တီဗွီသေးသေးလေးနဲ့ တရားနာပါတယ်။ မနာချင်တဲ့သူလဲ အတင်းမနာခိုင်းပါဘူး။ ဘာဖြစ်လို့လဲ မေးကြည့်တော့ ဝေဒနာသည်လည်းဖြစ် အဖွဲ့ခေါင်းဆောင်လဲ ဖြစ်တဲ့ ဦးတာက အကျဉ်းထောင်နဲ့ မတူစေ့ချင်လို့ပါလို့ ဖြေပါတယ်။ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ။…..
သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။
သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ
အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။
ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ
အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။ ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။
အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက် ဆက်နေရ သူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။
မရမ်းချာင်းပရဟိတကျွေးမွေးစောင့်ရှောက်ရေးဂေဟာ
ဖေါင်ကြီးအလွန်၊လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်း။

ကူညီသူများနှင့်ဆက်သွယ်ရန်

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ်
(Mutdfan.comSportJournal)
Rm-401,ExcelTower,
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း -559377 Ext: 6411

0 ကွန်မန့်ရေးရန်:

Post a Comment