Monday, July 16, 2012

“အမေ့မှာတမ်း”



သား
အမေ သေတဲ့အခါ
လုံးဝ မငိုပါနဲ့။
သေပြီးမှ ငိုကြတာ
ရူးသွပ်တဲ့ ရောဂါပဲ။

မသေခင် ပြုစုကြ
မသေခင် ကျေးဇူးဆပ်ကြ
မသေခင် ချစ်ခင်ကြ
မသေခင် ညီညွတ်ကြ
မသေခင် စာနာကြ
မသေခင် ယိုင်းပင်းကူညီကြ
မသေခင် ခွင့်လွှတ်ကြ
မသေခင် အပြစ်မရှိအောင်နေကြ
မသေခင် ပေးဆပ်ကြ
မသေခင် လုပ်ရမယ့်အရာ အများကြီး ---- အများကြီးပါပဲ။

အဲဒီလိုနေခဲ့ရင်
သေတဲ့အခါ ဘာမှ လုပ်စရာမလိုဘူး။

သေသွားပြီလား !
အမေ သေသွားရင်
တစ်ပြားမတန် အမေ့ရုပ်ကျန်ကို
ဘယ်ဆွေ ဘယ်မျိုး ဘယ်လူမျိုးမကျန်
ဒုက္ခမခံနဲ့။

ဒီနေ့သေ ဒီနေ့ချ
အမေ့ အသုဘကြောင့်
အများ ဒုက္ခမရောက်စေချင်တာ
အမေ့ဆန္ဒပါ။

အမေသွားနှင့်တော့မယ်
လိမ်လိမ်မာမာ နေခဲ့ကြ။


ရေးသားသူ - မတင်

By Myanmar Art and Crafts On Wednesday, June 06, 2012.

0 ကွန်မန့်ရေးရန်:

Post a Comment