Monday, July 2, 2012

အာဇာနည်နေ့မှာ..အာဇာနည်မဖြစ်လိုက်ရတဲ့..စောစံဖိုးသင်

ဇူလိုင်လရောက်ပြီဆိုရင်.. အာဇာနည်ကြီးများကို သတိတရရှိကြစမြဲပါ..
အာဇာနည်ကြီးများ လုပ်ကြံခံရစဉ်..၀န်ကြီးများအစည်းအဝေးမှာရှိနေပါလျက်
ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သူများလည်းရှိခဲ့ပါတယ်..။

သေကံမရောက် သက်မပျောက်တဲ့..ကရင်အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးလည်း
အာဇာနည်ကြီးများ..လုပ်ကြံခံရစဉ်က.လွတ်မြောက်ခဲ့ပါသေးတယ်..
သူကတော့…….၀န်ကြီး စောစံဖိုးသင် ပါပဲ..
ကရင်အမျိုးသားခေါင်းဆောင် စောစံဖိုးသင်ဟာ ဗိုလ်ချုပ်အောင်ဆန်း
အင်မတန်မှအားကိုးအားထားပြုခြင်းခံခဲ့ရသူပါ..။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတွဲပြီးကရင်မြန်မာစည်းလုံးညီညွတ်ရေးကိုဆောင်ရွက်ခဲ့သူပါ..
ဗိုလ်ချုပ်နဲ့ တွဲလွန်းလို့..ဗိုလ်ချုပ်ရဲ့အစိုးရအဖွဲ့မှာဝန်ကြီးရာထူးယူခဲ့လို့တောင်
သူ့ကို ကရင်အမျိုးသားများက အထင်မြင်မှားတာခံခဲ့ ရသူပါ..။

စောစံဖိုးသင် အာဇာနည်မဖြစ်လိုက်ရတာမပြောခင် သူ့အကြောင်းလေးနဲနဲပြောပြပါရစေ..
၁၉၀၃ခုနှစ် မေလ ၄ ရက်နေ့မှာ ပုသိမ်မြို့အနီး ချောင်းစောက်ဆိုတဲ့ရွာလေးမှာ မွေးဖွားခဲ့ပါတယ်
မိဖများကတော့ ရှေးရိုးကရင်လယ်သမားကြီးများဖြစ်တဲ့
ဦးထွန်းလှ နဲ့ ဒေါ်ဘုမ ဖြစ်ပါတယ် ။

အမေရိကန်မှာ..ပညာသင်ကြားခဲ့ဘူးပါတယ်..
ဒုတိယကမ္ဘာစစ်မီးတောက်လောင်နေချိန်မှာပဲ..မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်
နောက် ၁၉၄၀မှာ စစ်ထဲဝင်ရောက်ခဲ့ပါတယ်..အင်္ဂလိပ်တပ်ထဲကိုဝင်တာပါ..
ဗိုလ်လောင်းသင်တန်းတက်..ဗိုလ်ဖြစ်ခဲ့ပါတယ်..။

၁၉၄၀ သြဂုတ်လထဲမှာပဲ..သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့လည်း..
အင်္ဂလိပ်ကို လက်နက်နဲ့တော်လှန်ဖို့ ပြည်ပကိုထွက်ခွာခဲ့ပါတယ်..
ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ် ဘီအိုင်အေ တပ်ဖွဲ့ဟာ ဂျပန်နဲ့အတူ
မြန်မာပြည်ပြန်ဝင်..အင်္ဂလိပ်ကိုတိုက်ထုတ်ပါတယ်..။
(ဗိုလ်ချုပ်အောင်ဆန်းနဲ့ စောစံဖိုးသင်..ရန်သူဖြစ်ခဲ့ဘူးတာ..မြင်စေချင်တာပါ..)

ဖက်ဆစ်တော်လှန်ရေး အစပိုင်းမှာတော့ သူတို့နှစ်ဦးရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်
နောက် အင်္ဂလိပ်ပြန်ဝင်..ဗိုလ်ချုပ်က တပ်ကထွက်..အစိုးရအဖွဲ့ထဲဝင်ပါတယ်
ဗိုလ်ချုပ်သံယောဇဉ်နဲ့..စောစံဖိုးသင်တစ်ယောက်
သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်လာပါတယ်..။

၁၉၄၇ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့မှာ..စောစံဖိုးသင် ပုသိမ်ကိုရောက်ရှိနေပါတယ်..
၁၉ ရက်နေ့ ၀န်ကြီးများအစည်းအဝေးမှာ..ဗိုလ်ချုပ်လုပ်ခိုင်းထားတဲ့..စီမံကိန်းတင်ပြရပါ့မယ်
RTB (ကုန်းလမ်းသယ်ယူပို့ဆောင်ရေး စီမံကိန်း) ပါ ။

ဇူလိုင် ၁ရရက်..ရန်ကုန်ပြန်မဲ့ရက်မှာ..
စောစံဖိုးသင်ရဲ့အစ်မ..ဒေါ်မယ်ရင်ရဲ့ သမီး မင်္ဂလာဆောင်နဲ့တိုးနေပါတယ်..
တူမ မင်္ဂလာဆောင်မို့..အစ်မဖြစ်သူကအတင်းတာနေတာနဲ့..
ဇူလိုင် ၁၈ရက်..မင်္ဂလာဆောင် ပြီးပြီးချင်း..သင်္ဘောနဲ့ ရန်ကုန်ကိုပြန်ပါတယ်..
ဖြစ်ချင်တော့....ညကြီးမင်းကြီး..လေမိုးပြင်းထန်လို့..
ရေကြောင်းမှား သင်္ဘောသောင်တင်ပြန်ပါတယ်..
ဇူလိုင် ၁၉ရက်မနက်ရောက်မှ..သောင်တင်တာကနေလွတ်ပါတယ်..။

ရန်ကုန်မြို့ရဲ့..အတွင်းဝန်ရုံးမှာတော့ မနက်ပိုင်း ၀န်ကြီးများအစည်းဝေးစတင်နေပါပြီ..
ဝန်ကြီး စောစံဖိုးသင် တင်ပြရမဲ့ RTB စီမံကိန်းကို..
သူ့ရဲ့အတွင်းဝန် အိုင်စီအက်စ် ဦးစိုးတင့်က ကိုယ်စားတင်သွင်းပေးရမှာပါ..
ဒါပေမဲ့..ဒုတိယအတွင်းဝန် ဦးအုန်းမောင်က သူတင်ပြပါရစေလို့ စိတ်အားထက်သန်စွာ
တောင်းဆိုခဲ့တယ်ဆိုပါတယ်..။

ဦးအုန်းမောင် စီမံကိန်းဖတ်ကြားနေတုန်းမှာပဲ မသမာသူတွေ ၀င်ရောက်ပစ်ခတ်တာပါ..
ဝန်ကြီးစောစံဖိုးသင် ကိုယ်စား ဒုတိယအတွင်းဝန် ဦးအုန်းမောင် ကျဆုံးခဲ့ရပါတော့တယ်.
အာဇာနည်နေ့မှာ..ကျဆုံးခဲ့ရသူများကတော့..
အမျိုးသားခေါင်းဆောင်ကြီး.ဗိုလ်ချုပ်အောင်ဆန်း
ဝန်ကြီးသခင်မြ(ဘဏ္ဍာရေးဌာန)
ဝန်ကြီးမန်းဘခိုင်(စက်မှုလက်မှုနှင့်အလုပ်သမားဌာန)
ဝန်ကြီးဦးရာဇတ်(ပညာရေးဌာန)
ဝန်ကြီးမိုင်းပွန်စော်ဘွားကြီးစောစံထွန်း(နယ်ခြားဒေသဆိုင်ရာ)
ဝန်ကြီးဘ၀င်း(ကူးသန်းရောင်းဝယ်ရေးနှင့်ထောက်ပန့်ရေးဌာန)
ဝန်ကြီးဘချို(ပြန်ကြားရေးဌာန)
ဒုတိယအတွင်းဝန်ဦးအုန်းမောင်(သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး)
သက်တော်စောင့် ကိုထွေး……တို့ဖြစ်ကြပါတယ်..။

ဝန်ကြီး စောစံဖိုးသင်ကတော့..သူအင်မတန်ချစ်ခင်ကြည်ညိုရပါသော
ဗိုလ်ချုပ်အောင်ဆန်း၊ လုပ်ဖေါ်ကိုင်ဖက် ၀န်ကြီးများနှင့်အတူ
အာဇာနည် မဖြစ်လိုက်ရသည်ကိုပဲ..၀မ်းနည်းလေမလား
ကံကြမ္မာထောက်မမှုကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့ရသည်ကိုပဲ..၀မ်းသာလေမလား
စောစံဖိုးသင် ကိုယ်တိုင်မှာသာ သိနိုင်မှာပါဗျာ…။

0 ကွန်မန့်ရေးရန်:

Post a Comment