Friday, July 20, 2012

တိုင်း​ရင်း​သား​ဝန်ကြီး​များ​ကို ကက်ဘိနက်ထဲ ထည့်​ရေး​အဆို ပလပ်ခံရ

Inbox
x








DVB




|

အေး​နိုငျ





တိုင်း ​ရင်း​သား​ လူမျိုး​ရေး​ရာဝန်ကြီး​တွေနဲ့​ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ​ဒေသဦး​စီး​အဖွဲ့​ ဥက္ကဋ္ဌများ​အား​ တိုင်း​ဒေသကြီး​ (သို့​မဟုတ်) ပြည်နယ်အစိုး​ရအဖွဲ့​ အဖွဲ့​ဝင်အဖြစ် ထည့်​သွင်း​ဖွဲ့​စည်း​ပေး​ဖို့​ အမျိုး​သား​လွှတ်​တော်မှာ ဇူလိုင် ၁၃ ရက်​နေ့​က အဆိုတင်သွင်း​ရာမှာ အတည်မပြုနိုင်​ကြောင်း​ ဆုံး​ဖြတ်ခဲ့​ပါတယ်။



တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေကို ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေခုံရုံး ​က ကျန်ပြည်နယ်နဲ့​ တိုင်း​အစိုး​ရအဖွဲ့​က ဝန်ကြီး​တွေလို ကက်ဘိနက်အစိုး​ရအဖွဲ့​ဝင်အဖြစ် ထည့်​သွင်း​ဖွဲ့​စည်း​ပေး​ဖို့​ အမျိုး​သား​လွှ
တ်​တော်မှာ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီရဲ့​ အမျိုး​သား​လွှတ်​တော်အမတ် ​ဒေါက်တာ​အေး​မောင်က တင် သွင်း​ခဲ့​တာကို ​ဆွေး​နွေး​ပြီး​ ဒု- ​ရှေ့​နေချုပ် ဦး​ထွန်း​ထွန်း​ဦး​က အတည်မပြုဖို့​ ဆုံး​ဖြတ်ခဲ့​တာဖြစ်ပါတယ်။

ဒီဆုံး​ဖြတ်ချက်အ​ပေါ် ​ဒေါက်တာ​အေး​မောင်က "ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​မ​လျော်ညီဘူး​ဆိုရင် ဦး​ထွန်း​ထွန်း​ဦး​တို့​ပါတဲ့​ ​ရှေ့​နေချုပ်ရုံး​ဆိုတာက အစိုး​ရအဖွဲ့​ရဲ့​ အတွင်း​ရေး​မှူး​ဗျ။ သူတို့​ကပဲ စိစစ်​ပေး​ရမှာ။ မညီဘူး​လို့​ ထင်တဲ့​ဟာ​တွေ ကျ​နော်တို့​က ​ထောက်ပြတဲ့​ဟာ​တွေ၊​ ဖွဲ့​စည်း​ပုံအ​ခြေခံခုံရုံး​က ​ထောက်ပြတဲ့​ဟာ​တွေကို ညီ​အောင် လုပ်ရမယ့်​တာဝန်ဟာ ဦး​ထွန်း​ထွန်း​ဦး​တို့​ပါတဲ့​ ​ရှေ့​နေချုပ်ရုံး​ရဲ့​ တာဝန်ဗျ။ သူ့​တာဝန်ကို သူ​ကျေ​အောင်လုပ်ပြီး​မှ ​လျော်ညီ​အောင် လုပ်ပြီး​ ကျ​နော်တို့​ လွှတ်​တော်ကို တင်ရမယ့်​တာဝန် အစိုး​ရအဖွဲ့​မှာလည်း​ ရှိပါတယ်။ ​လော​လောဆယ် အဲဒီပုဒ်မ​ပေါင်း​ များ​စွာကို ​စောင့်​ရှောက်ရမယ့်​ တာဝန်က ခုံရုံး​မှာ ရှိပါတယ်။ ခုံရုံး​ရဲ့​ ဆုံး​ဖြတ်ချက်ကိုသာ ​လေး​စား​လိုက်နာရမယ်ဆိုရင် ကျ​နော်တို့​တိုင်း​ရင်း​သား​ရေး​ရာကဏ္ဍဟာလည်း​ ပြန်ပြီး​ ​ကော်မရှင်ဖွဲ့​ပါ။ ​ကော်မတီဖွဲ့​ပါ" လို့​ ​ပြောပါတယ်။

ဒီမတိုင်ခင်ကာလတုန်း​က တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေကို ကျန်ဝန်ကြီး​တွေလို အ​ဆောင်အ​ယောင်​တွေရဖို့​ တင်ပြချက်ကိုလည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​က အပြီး​သတ် ဆုံး​ဖြတ်ပြီး​ကာမှ အစိုး​ရက ဥပ​ဒေနဲ့​မညီ ဝင်​ရောက်စွက်ဖက်ဖူး​တဲ့​ သာဓကရှိခဲ့​ဖူး​ပါတယ်။

ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ အ​ဆောင်အ​ယောင်ခံစား​ခွင့်​ရှိ​စေလို့​ ပြန်လည် ဆုံး​ဖြတ်​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ တကယ်လက်​တွေ့​မှာ​တော့​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေ မခံစား​ကြရ​သေး​ပါဘူး​။

အခုတခါ ကက်ဘိနက်ထဲမှာ ထည့်​ပေး​ဖို့​ ​တောင်း​ဆိုချက်ကို​တော့​ ပလပ်ခံရပြီး​ ပြည်​ထောင်စုလွှတ်​တော်မှာ ကြိုး​ပမ်း​ဖို့​ အမျိုး​သား​လွှတ်​တော်ဥက္ကဋ္ဌက ​ပြောခဲ့​တာပါ။

၂၀၀၈ ခုနှစ်ဖွဲ့​စည်း​ပုံပါ အချက်​တွေကို​တောင် မရဘူး​ဆိုရင် ​ရေး​မထား​တဲ့​ အခွင့်​အ​ရေး​တွေအတွက် ခက်ခဲစွာရုန်း​ကန်ရလိမ့်​ဦး​မယ်လို့​ ​ဒေါက်တာ​အေး​မောင်က သုံး​သပ်သွား​ပါတယ်။

"၂၀၀၈ ဖွဲ့​စည်း​ပုံမှာ ပါတဲ့​ ပုဒ်မတခုချင်း​ကို နိုင်ငံသား​တွေ အဖွဲ့​အစည်း​တွေ၊​ တိုင်း​ရင်း​သား​တွေ မရဘူး​ဆိုရင် စာနဲ့​ရေး​မပြထား​ဘဲနဲ့​ ရသင့်​တဲ့​အခွင့်​အ​ရေး​တွေကို ကျ​နော်တို့​ ဘယ်လိုလုပ် ​တောင်း​မလဲ။ ​ပေး​အောင်၊​ ရ​အောင် မလုပ်နိုင်ဘူး​ဆိုရင် ၂၀၀၈ ဖွဲ့​စည်း​ပုံမှာ မပါတဲ့​ တိုင်း​ရင်း​သား​ဒေသတွင်း​ ရပိုင်ခွင့်​ကို ကျ​နော်တို့​တောင်း​တယ်​လေ။ ဖွဲ့​စည်း​ပုံမှာ နည်း​နည်း​လေး​ပဲ ​ပေး​ထား​တယ်။ ဒီထက်မက ​ပေး​ပါ။ ဇယား​ ၂ နဲ့​ ကျ​နော်တို့​ဒေသဖွံ့​ဖြိုး​အောင် မလုံ​လောက်ဘူး​။ ဇယား​ ၂ နဲ့​ တိုင်း​ဒေသကြီး​ အ​ခြေအ​နေ ဥပ​ဒေ လုပ်ပိုင်ခွင့်​ အင်မတန် ကျဉ်း​မြောင်း​တယ်။ အဲဒါ​ကြောင့်​ ပြည်​ထောင်စုစစ်စစ် ဖြစ်​အောင်လုပ်ပါ။ ဥပမာ ဇယား​ ၁ အရ ပြည်​ထောင်စုအစိုး​ရရဲ့​ ဥပ​ဒေပြုပိုင်ခွင့်​ကို ​လေ်ွာ့​ပါ။ ပြည်နယ်တိုင်း​ဒေသကြီး​ရဲ့​ ဥပ​ဒေပြုပိုင်ခွင့်​ ဇယား​ ၂ ကို စစ်ပါလို့​ ကျ​နော်တို့​ ​ပြောကြဆိုကြတာ​ပေါ့​ဗျာ။ ဒါလည်း​ မလုပ်ဘူး​။ ဆိုတဲ့​အခါကျ​တော့​ ကျ​နော်တို့​က ဘယ်သူ့​ကို ယုံရမလဲ။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ဒီအတိုင်း​ထား​ပြီး​ လက်​တွေ့​ အ​ကောင်အထည်မ​ဖော်ဘူး​ဆိုရင် ဘယ်သူ့​မှာ တာဝန်ရှိသလဲ။"

တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ကိစ္စ အပါအဝင် တိုင်း​နဲ့​ ပြည်နယ်​တွေရဲ့​ အ​ရေး​ကိစ္စ​တွေဟာ လာမယ့်​ညီလာခံ ပုံမှန်အစည်း​အ​ဝေး​တွေမှာလည်း​ တင်ပြ​ဆွေး​နွေး​ကြရလိမ့်​မယ်လို့​ သူက ​ပြောပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment