Sunday, July 8, 2012

၈၈ မျိုးဆက်ကျောင်းသားများရုံးခန်း ဝင်ရောက်ရှာဖွေခံရ



  ၇ ဇူလိုင်ကျင်းပပြုလုပ်မည့် အမှတ်၂၈၄(က) ဝေဇယန္တာလမ်းမကြီးပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းသို့ ဇုလိုင် ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရဲမှူး ကျော်ဇေယျ ဦးဆောင်ရဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှူးအဖွဲ့ နှင့် အင်အား ၂၀ ခန့်ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။
“ကျွန်တော်တို့ ရုံးခန်းကို ဝင်ရှာတာက ၁၅ ဦးလောက်ရှိပါတယ်။ အပြင်မှ အရပ်ဝတ်နဲ့ လည်း ပတ်လည်စောင့်နေပါသေးတယ်။ ” ဟု ကိုပြုံးချိုကပြောသည်။
ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့ တောက်လျောက်ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ကြိုးစားမှုတွေကလည်း အားရဖို့ကောင်းပါတယ်။ ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့လူကြီးတွေအားလုံးကလည်း လှိုက်လှိုက်လှဲလှဲရှိကြပါတယ်၊ အဲဒီလိုအခြေအနေမျိုးမှာ
အခုလိုမျိုးမလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာရတဲ့အတွက် အံအားလဲသင့်တယ်။ စိတ်မကောင်းလဲ ဖြစ်ရတယ်။” ကိုကိုကြီးကပြောသည်။
ထိုသို့ဝင်ရောက် ရှာဖွေခံရသော်လည်း မနက်ဖန်တွင်ပြုလုပ်မည့် ၇ ဇူလိုင်ပွဲကို ပုံမှန်အစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ကြောင်းလဲ ကိုမင်းကိုနိုင်က “ကျွန်တော်တို့က နောက်ဆုံးတစ်ယောက်ကျန်လဲ လုပ်သွားမှာပဲ။ လုပ်ဖြစ်အောင်ကိုလုပ်မှာ။
မနက်ဖန် ၉ နာရီ ပွဲလုပ်မယ်။ နဂိုအတိုင်းပဲလုပ်ပါမယ်။ အခု အဖမ်းခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့နေရာမှလျော့သွားတာကလွဲပြီးတော့ ကျန်တာအားလုံးလုပ်သွားမှာပါ။
ကျွန်တော်တို့လဲ ဘာမှပြောလို့မရဘူးပေါ့။ သူတို့ကြိုက်သလို သူတို့လက်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ကြိုက်သလိုဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ကြိုပြီးပြောလို့ရတာက ကျွန်တော်တို့မှာ လမ်းပေါ်ထွက်ပြီးတော့ တစ်စုံတစ်ရာပေါ့ အစီအစဉ်လုံးဝမရှိဘူး။ ” ဟု ကိုမင်းကိုနိုင်ကပြောကြားလိုက်သည်။
လူမင်းသောင်းထွန်း

0 ကွန်မန့်ရေးရန်:

Post a Comment