Tuesday, June 12, 2012

သေဆုံးပြီဟု သတ်မှတ်ထားသည့် ကလေးငယ် ထထိုင်ပြီး ရေတောင်းသောက်

1
2794 Brazil Kevin Santos 2 Year Old Wakeup From Deadဘရာဇီးလ်နိုင်ငံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ် Kelvin Santos သည် နမိုးနီးယားရောဂါ ခံစားနေရပြီး ဝေဒနာမှ သက်သာခြင်းမရှိသဖြင့် ဘရာဇီးလ်နိုင်ငံ၊ ဘီလမ်မြို့ ဆေးရုံရှိ ဆရာဝန်များက လက်လျော့ခဲ့ပြီးနောက် မကြာမီ သေဆုံးသွားခဲ့သည်။ ဆေးရုံမှလည်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် Kelvin လေးမှာ သေဆုံးခဲ့ရပြီကို အတည်ပြုပေးခဲ့သည်။
ထို့နောက် ယင်း၏ အသုဘတွင် အလောင်းအား မြေမချမီ ၁ နာရီခန့်အလိုတွင် Kelvin လေးသည် သေရာမှ ထထိုင်ခဲ့ပြီးနောက် ယင်း၏ အဖေဖြစ်သူထံမှ ရေတောင်းသောက်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ထူးခြားလှသည့် ဖြစ်ရပ်ကြောင့် မိသားစုဝင်များ အားလုံးက အံသြဝမ်းသာ ဖြစ်ခဲ့ရပြီး Kelvin အနေဖြင့် သေကံမရောက်ပဲ သေရွာမှ ပြန်လာခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း ဝမ်းသာမှုများပင် မဆုံးလိုက်ရပဲ Kelvin လေးသည် ရေတောင်းသောက်ပြီး စက္ကန့်အနည်းငယ် အကြာတွင်ပင် အခေါင်းထဲသို့ ပြန်လဲကျသွားပြီး အသက်ပြန်လည်လာခြင်း မရှိတော့ပေ။
ထို့နောက်တွင် Kelvin လေးအား ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ဆရာဝန်များက စစ်ဆေးခဲ့ပြီးနောက် သေဆုံးခဲ့ပြီဟု ဒုတိယအကြိမ်အမြောက် ကြေညာခဲ့ရသည်။
ယင်းဖြစ်ရပ်နှင့် စပ်လျဉ်းပြီး Kelvin ၏ အဖေဖြစ်သူက “သေပြီးတဲ့ လူတစ်ယောက်က ထထိုင်ပြီး စကားပြောတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်သွားဖို့ ကျွန်တော်တို့မှာ ဆန္ဒပြင်းပြနေပါတယ်။” ဟု ဆိုခဲ့သည်။
အလားတူ ဖြစ်ရပ်တစ်ခုလည်း အာဂျင်တီးနားနိုင်ငံတွင် ယခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ထိုစဉ်ကမူ မိသားစုအနေဖြင့် ကောင်းမွန်သော အဆုံးသတ်ဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
Analia Bouter ဟု အမည်ရသည့် မိခင်ဖြစ်သူသည် သူမ၏ ရင်သွေးအား လမစေ့မီ ၃ လ ကြိုတင်မွေးဖွားခဲ့သည်။ ဆေးရုံမှ ဆရာဝန်များက ရင်သွေးလေးသည် အသေမွေးဖွားခဲ့ကြောင်း ပြောကြားခဲ့ပြီး သေစာရင်း ရေးသားပေးခဲ့သည်။ ထို့နောက် မွေးကင်းစလေးအား အခေါင်းထဲထည့်ကာ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့သည်။
ထို့နောက် ၁၂ နာခန့်အကြာတွင် မိသားစုဝင်များက နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန် ရေခဲတိုက်သို့ ရောက်ရှိလာပြီး အခေါင်းအား ဖွင့်လိုက်ရာ လှုပ်ရှားနေသည့် ကလေးအား တွေ့ခဲ့ရသည်။
မိခင်ဖြစ်သူက “ကျွန်မ အခေါင်းကိုဖွင့်ပြီး သူ့ရဲ့ လက်ချောင်းလေးတွေကို ကိုင်ကြည့်ခဲ့ပါတယ်။ သေးသေးလေးတွေ ပါရှင်။ ပြီးတော့ သူ့လက်လေးကို ကိုင်ပြီး ခေါင်းကိုဖုံးထားတဲ့ အဝတ်ကိုဖယ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ငိုသံလေးကို ကြားလိုက်ရပါတယ်။ ကျွန်မကတော့ စိတ်ထဲမှာ ဂယောက်ချောက်ခြားဖြစ်ပြီး ကြားနေတယ်လို့ အစက မှတ်ခဲ့တာပါ။ စိတ်ထဲမှ ထင်နေတယ်လို့လေ။ နောက်ဆုတ်ပြီး သေချာကြည့်တော့မှ ကျွန်မသမီးလေး နိုးလာတာကို တွေ့ခဲ့ရပါတယ်။ ‘မေမေရေ။ သမီးလေးဆီ ရောက်လာပြီနော်။’ လို့ ပြောနေတဲ့ အတိုင်းပါပဲ။” ဟု AP သတင်းဌာနသို့  ဝမ်းနည်းဝမ်းသာ ပြောပြသွားခဲ့သည်။
ယင်းတို့ မိသားစုအနေဖြင့် ဆေးရုံအား တရားစွဲဆိုသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်

0 ကွန်မန့်ရေးရန်:

Post a Comment