Thursday, May 31, 2012

Windows Explorer Error ဖြေရှင်းနည်း




ဒီလို Error မျိုးကတော့ အဖြစ်နည်းကြမယ်ထင်ပါတယ် ကျနော့မှာတော့ နေ့စဉ် လိုလို ဆော့ဝဲလ် တွေ သွင်း/ထုတ် စမ်း/ကလိ လုပ်နေရတာများလို့လားမသိပါဘူး ... ဒီနေ့ Teskbar က window Explorer Shortcut လေး


  ကိုခါတိုင်းလိုပဲ Double Click နဲ့ ဖွင့်လိုက်ပါတယ် (Taskbar ကနေမဟုတ်ရင်လဲ WinKey + E ကိုတွဲနှိပ်ပြီးလဲ ဖွင့်နိုင်ပါတယ်) Explorer က ပွင့်မလာပဲ ဒီအောက်က error message (or) အပေါ်က ပုံလေးအတိုင်း တတ်လာပါတယ်...။

  This file does not have a program associated with it for performing this action. Please install a program or, if one is already installed, create an association in the Default Programs control panel.

ဟိုက်!!! သေပြီ ဘာဆက်လုပ်ရမလဲပေါ့ ...  My Computer ကနေတဆင့်ဖွင့်ကြည့်တော့ အဆင်ပြေ OK ဆိုတော့ ဘာမှ လုပ်မပေးပဲ ဒီအတိုင်းထား ထားလိုက်လည်း သုံးလို့အဆင်ပြေနေပါတယ် .... ဒါပေမဲ့ ကျနော်က ကိုယ့်ကွန်ပြူတာလေးမှာ ERROR လေးတခုရှိနေပြီဆိုရင် သိချင် ကလိချင်တဲ့ ဝါသနာကရှိနေတော့ ဖြေရှင်းနည်းကို ရှာဖွေမွှေနှောက်တော့တာပေါ့ ... သိပ်ကြာကြာ မမွှေလိုက်ရပါဘူး ... www.winhelponline.com  မှာသွားတွေ့ပါတယ်... ပြီးတော့လည်း သိပ်ပြီး ဟိုနှိပ် သည်နှိပ် လုပ်ပေးစရာ မလိုပါဘူး... သူပေးထားတဲ့ Registry ဖိုင်လ်လေးကို ဒေါင်းယူပြီး  Run ပေးလိုက်တာနဲ့ ပြန်အဆင်ပြေသွားတာပါ .... ကဲ... သူငယ်ချင်းတို့လဲ ကျနော့လို အပေါ်က ERROR မျိုးနဲ့ ကြုံလာခဲ့ရင် ဖြေရှင်းနည်းကို အဝေးကြီးမှာ သွားရှာစရာမလိုပဲ အလွယ်တကူ ဖြေရှင်းလို့ ရအောင်  ဒီမှာပဲ တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်.... ဖြေရှင်းပေးမဲ့ .reg  ဖိုင်လေးကိုတော့ အောက်မှာ ဒေါင်ယူနိုင်ပါတယ်...
ကျနော့လို မသိသေးသူများအတွက် ရည်ရွယ်ပါတယ်နော် .....:)
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေဗျားးးး


 

Post By : ဝင်းကမ္ဘာကျော်

0 ကွန်မန့်ရေးရန်:

Post a Comment