Thursday, May 31, 2012

၂၀၁၁ ၏ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာများ စာရင်း

၂၀၁၁ ၏ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာများ စာရင်း



၂၀၁၁ ဘီလျံနာများ
စာရင်းမှာတော့ ယခင် မှတ်တမ်းစံချိန်ကို ချိုးလိုက်တဲ့ အချက်၂ ချက်
ပါဝင်နေပါသည်။ ဒါတွေကတော့ ဒီစာရင်းမှာ ပါဝင်လာသူ ဘီလီယံနာ စုစုပေါင်း
အရေအတွက်ဟာ ၁၂၁၀ ယောက်ရှိပြီး ၄င်းတို့ အားလုံးစုစုပေါင်း ကြွယ်ဝမှု
တန်ဖိုးသည် ဒေါ်လာ ၄.၅ ထရီလီယံ ခန့်ရှိပါသည်။ ယခု ပမာဏသည် ဂျာမနီနိုင်ငံ
တစ်ခုလုံး၏ စုစုပေါင်း ပြည်တွင်းထွက်ကုန် တန်ဖိုးကိုပင်
ကျော်လွန်သွားခဲ့ပါသည်။ ဂျာမနီနိုင်ငံဟာ ဒီနှစ်မှာ စာရင်းဝင်ဘီလျံနာ
နည်းသွားတဲ့ နိုင်ငံခြောက်နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါသည်။ ယခုနှစ်တွင်မှ
စာရင်းထဲ ပါဝင်လာကြသော ဘီလီယံနာ အသစ် ၂၁၄ ယောက်တွင် BIRCs ခေါ် ဘရာဇီး၊
ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက ၁၀၈ ယောက်တောင် ပါဝင်လာသည့်
အတွက်ကြောင့် ဘီလီယံနာ လေးယောက်မှာ တစ်ယောက်က ဒီနိုင်ငံများမှ
ဖြစ်လာခဲ့ပါသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က BIRCs တွေက ဘီလီယံနာ
ဆယ်ယောက်မှာတွင် တစ်ယောက်နှုန်းသာ ပါဝင်ခဲ့ကြပါသည်။ ယခုအချိန်တွင်
တရုတ်ပြည်တွင် ဘီလီယံနာ ၁၁၅ ယောက် နှင့် ရုရှားတွင် ၁၀၁ ယောက် ရှိပြီး
ယခင်နှစ်များတွင် အမေရိကန်နိုင်ငံကသာ ဘီလီယံနာ ၁၀၀ ကျော် ရှိခဲ့ဖူးသည်။

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာတော့ မက္ကဆီကို ၏ Carlos Slim Helu က သူ့ရဲ့ ချမ်းသာတဲ့ပမာဏကို ဒီနှစ်မှာ ၂၀.၅ ဘီလီယံ ထပ်ပေါင်းထည့်ပြီး ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။ တယ်လီကွန်လုပ်ငန်း (Telecom) သူဌေးကြီးချမ်းသာသမျှ၏ ၆၂ % ကို ရှာပေးနေတဲ့ America Movil (AMX) ၏ တန်ဖိုးဟာ ၇၄ ဘီလီယံ ရှိသွားပြီဖြစ်လို့ သူ့နောက်နားက ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား ကျော်တက်သွားပါသည်။ နံပါတ် ၂ နေရာက Bill Gates (Microsoft) နဲ့ နံပါတ် ၃ နေရာက Warren Buffett (Berkkshire Hathaway) တို့ နှစ်ယောက်စလုံး၏ ချမ်းသာမှုဟာ ၃ ဘီလီယံဖိုး တိုးလာခဲ့လို့ ၅၆ ဘီလီယံ နဲ့ ၅၀ ဘီလီယံ အသီးသီး ကြွယ်ဝကြပါသည်။ Bill Gates ဟာ အခုအချိန်မှာ Microsoft အပြင် မက္ကဆီကို စတော့ဈေးကွက်မှာ ဝင်ရောက် ရင်းနှီးမြှပ်နှံနေပြီး မက္ကဆီကိုမှ Coke ပုလင်းသွတ်လုပ်ငန်း၊ Femsa နဲ့ Grupo Televisa တို့မှာ ရင်းနှီးမြှပ်နှံနေပြီး ဒီလုပ်ငန်းတွေက ဝင်ငွေဟာ စုစုပေါင်း ကြွယ်ဝမှု ၏ ၇၀% ရှိပါသည်။

အခြားနေရာတွေမှ ဈေးကွက်တွေမှာ အခြေအနေတွေ
ကောင်းလာနေသလို အာရှပစိဖစ် ဒေသမှာလည်း အရှိန်အဟုန် ပြင်းပြင်းနဲ့ကို
ကြွယ်ဝချမ်းသာ လာကြပါသည်။ အာရှပစိဖစ် ဒေသအတွင်းမှာ ယခင်နှစ်က
ဘီလီယံနာပေါင်း ၂၃၄ ယောက် မှ ယခုအချိန်တွင် စံချိန်တင် ဘီလီယံနာပေါင်း ၃၃၂
ယောက်ရှိနေပြီး ၂၀၀၉ စီးပွားရေး အကြပ်တည်းဆုံးအချိန်တွင်ပင် အယောက် ၁၃၀
ရှိခဲ့ပါတယ်။ စတော့ဈေးကွက် များမှာလဲ အတော်ကြီးထွား လာလျှက်ရှိပြီး အာရှမှ
ဘီလီယံနာသစ် စာရင်းဝင် ၁၀၅ ယောက်၏ လေးပုံသုံးပုံက စတော့ဈေးကွက်တွင်
ဝင်ရောက်ကစားပြီး ကြီးပွါးလာကြခြင်းဖြစ်ကာ အဆိုပါ ဈေးကွက်ထဲရှိ
လုပ်ငန်းများထဲမှ ၂၅ ခုမှာ ၂၀၁၀ အစောပိုင်းကမှ ဝင်ရောက်လာကြသော
လုပ်ငန်းများဖြစ်ကြပါတယ်။

အမေရိကန်သူဌေးတွေက ထိပ်ဆုံးမှာ
ရှိနေကြသေးပေမယ့် အမေရိကဟာ တဖြည်းဖြည်းချင်း နေရာပျောက်လာပါပြီ။ ယခင်
ဆယ်နှစ် ခန့်တုန်းက ဘီလီယံနာ နှစ်ယောက်မှာ တစ်ယောက်က အမေရိကားမှ
ဖြစ်ခဲ့ပေမယ့် အခုမှာတော့ သုံးယောက်မှာမှ တစ်ယောက်နှုန်းပဲ ရှိပါတော့သည်။
မနှစ်ကထက် ၁၀ ယောက်ပိုလာသော်လည်း ၂၀၀၈ တုန်းကထက်တော့ ၅၆
ယောက်နည်းသွားခဲ့ပါသည်။ နှစ်စဉ် ဘီလီယံနာ ဦးရေ တိုးနှုန်းကလဲ
အတော်ကိုနှေးကွေးသွားပြီး တရုတ်၏ ၄၇ %နှင့် ရုရှား၏  ၃၀% နှင့်
ယှဉ်လိုက်လျှင် အမေရိကား၏ ၆% (ဘီလီယံနာ ၄၁၃ ယောက်) ဟာ အတော်ကိုပင်
နဲပါးလှသည်ဟု ဆိုနိုင်ပါသည်။

ဘီလီယံနာသစ်များ အတော်ပင်များပြားလာသလို ဘီလီယံနာ ဖြစ်လာသည့် နည်းလမ်းများသည်လည်း များစွာ ကွဲပြားကြပါသည်။ အသိသာဆုံး ဥပမာကတော့ Facebook ပဲဖြစ်ပါသည်။ နှစ်နှစ်တွင်းမှာပင် ၅၀ ဘီလီယံခန့် တန်ဖိုးတတ်လာတဲ့ Facebook ဟာ ဘီလီယံနာ ၆ယောက်မွေးထုတ် ပေးလိုက်ပါသည်။ Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg ရဲ့ ပိုင်ဆိုင်မှုဟာ တစ်နှစ်ထဲနှင့် ၂၃၈% တတ်လာခဲ့ပြီး ၁၃.၅ ဘီလီယံ ဖြစ်သွားခဲ့ပါတယ်။ နောက်ထပ်စာရင်းဝင်တွေကတော့ Zukerberg နှင့် Facebook ကို ပူးပေါင်းတည်ထောင် သူများဖြစ်သည့် Eduardo Saverin နဲ့ Dustin Moskovitz ၊ Facebook ၏ ပထမဆုံး President Sean Parker (The Social Network ရုပ်ရှင်ထဲတွင် Justin Timberlake ၏ ဇာတ်ကောင်) နှင့် ရုရှားမှ အင်တာနက် ရင်းနှီးမြုပ်နှံသူ Yuri Milner တို့ဖြစ်ကြပါသည်။ ၄င်းတို့ထဲမှ အသက် ၂၆နှစ်ရှိ Moskovitz မှာ ကောလိပ်တုန်းက သူ၏အခန်းဖော်ဖြစ်ခဲ့ဖူးသည့် Zuckerberg ထက် အသက် ၈ရက် ပိုငယ်သောကြောင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာခဲ့ပါသည်။

အခြား Social Networking ဆိုင်ရာ လုပ်ငန်းများ ဖြစ်ကြသည့် အွန်လိုင်း ဂိမ်းလုပ်ငန်း Zynga နှင့် အွန်လိုင်း ကူပွန် website ဖြစ်သည့် Groupon တို့ကလဲ ဘီလီယံ ၂ယောက်အဖြစ် (Facebook တွင်အမြဲနီးပါးတွေ့ရသည့် လယ်ကွက်များ၏ ဖန်တီးရှင်) Mark Pincus နှင့် Groupon group ၏ အမှုဆောင်အရာရှိချုပ် Eric Lefkpfsky တို့ကိုမွေးထုတ်ပေးခဲ့ပါသည်။ အခြား မှတ်သားလောက်သည့် လူသစ်များကတော့ Forever 21 တည်ထောင်သူများ ဖြစ်ကြသော Do Won နှင့်Jin Sook Chang ၊ Illinois ရှိ ကျောက်မီးသွေးများစွာ ပိုင်ဆိုင်သည့် Chris Cline တို့ ဖြစ်ပါသည်။

ဒီသူကြွယ်ကြီးများဟာ သူတို့၏
သုံးမကုန်နိုင်သော ကြွယ်ဝမှုများကို ရက်ရက်ရောရော လှူဒါန်းလေ့ရှိပြီး
လူသားအားလုံးအတွက် အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေကြပါသည်။ ဥပမာ - Gates နဲ့ Buffett တို့ကလည်း တိုက်ကြီးသုံးတိုက်ကို လှည့်လည်သွားလာပြီး လူချမ်းသာကြီးတွေ အလှူအတန်းလုပ်လာဖို့ ဆော်သြနေခဲ့တာ ကြာပါပြီဖြစ်သလို

Ernesto Bertarelli
ကလည်း ရေနေသတ္တဝါများ အစုလိုက်အပြုံလိုက် မျိုးသုန်းခြင်းကို ကာကွယ်ဖို့
လုပ်နေပါတယ်။ နိဂုံးချုပ်အနေနှင့် ဘာဖြစ်လို့များ ခုလို အချိန်ကုန်ခံပြီး
သူများတွေ ဘယ်လောက်ချမ်းသာလဲ လိုက်ကြည့်နေကြတာပါလိမ့်ဟု
မေးခွန်းထုတ်နိုင်ပါသည်။ အဖြေကတော့ ဒီသူကြွယ်ကြီးတွေ ၄င်းတို့၏ ဘဝတွင်
မည်သို့ ရုန်းကန်လှုပ်ရှားပြီး မည်သို့ ကြိုးစားအားထုတ်ခဲ့ပုံ
(Self-made)
များကို အားကျအတုယူစရာ နိုင်ရန်ဖြစ်သလို ဒီသူဌေးကြီးတွေကြောင့်
ကမ္ဘာမှအပြောင်းအလဲတွေ ဖြစ်လာနိုင်သည်ကို သိရှိနိုင်ရန်တို့ပင်
ဖြစ်ပါတော့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment