Inbox
x
Inbox

|
9:57 AM (13 hours ago)
![]() | ![]() ![]() | ||
|
သူရဦးရွှေမန်းနုတ်ထွက်ရန်ဖိအားပေးခံရ
ပြီးခဲ့တဲ့ရက်ပိုင်းက.သူရဦးရွှေမန်းကိုဖိအားပေးပြီးနုတ်ထွက်ခိုင်းခဲ့တယ်လို့သိရတယ် ..ပါတီကနေရောလွှတ်တော်ကနေရောထွက်ခိုင်းခဲ့ တယ်လို့ ..ဦးရွှေမန်းနှင့်ရင်းနှီးတဲ့စစ်အစိုးရ၀န်ကြီးဟောင်းတစ်ဦးကပြောပါသည်။
ပြီးခဲ့တဲ့ကြားဖြတ်ရွှေးကောက်ပွဲရှုံးနှိမ့်မှုကနေစပြီး ကြံ့ခိုင်ရေးပါတီအတွင်းသဘောထား ကွဲလွဲမှုတွေကြီးမားလာပြီး ..ယခင်သမ္မတနှင့် ဦးရွှေမန်းကြားမှာရှိတဲ့အစိုးရနှင့်လွှတ်တော်ကြားရှိ တိုက်ပွဲဟာအာဏာရပါတီထဲအထိကူးစက်လာခဲ့တယ်လို့ယူဆနိုင်ပါသည်။
စစ်ဗိုလ်ချုပ်ဟောင်းဦးရွှေမန်းအနေနှင့်လည်းစစ်အစိုးရလက်ထက်ကထုံးစံအတိုင်းကိုယ် ကျိုးစီးပွားများအနေနှင့်သားအကြီးအောင်သက်မန်း၏ဧရာရွှေဝါလုပ်ငန်းအုပ်စု၊သားအငယ် တိုးနိုင်မန်း ၄င်း၏ယောက္ခမဦးခင်ရွှေနှင့်ပေါင်းလုပ်နေသောစီးပွားရေးလုပ်ငန်းများအားထိခိုက်
လာနိုင်တဲ့အတွက်ယခုဖိအားပေးမှုကိုလွန်ဆန်နိုင်ဖွယ်မရှိကြောင်းသုံးသပ်နိုင်ပါသည်။
စစ်အစိုးရလက်ထက်အခွင့်အရေးရခဲ့သောစီးပွားရေးလုပ်ငန်းရှင်များကလည်းလွှတ် တော်၏ဆောင်ရွက်ချက်များကြောင့်လက်ရှိအစိုးရ၀န်ကြီးများနှင့်ပေါင်းပြီးရိုက်မည့်ခွင်များ ပျက်သဖြင့်မကျေနပ်ကြကြောင်းသိရှရပါသည်။
0 ကွန်မန့်ရေးရန်:
Post a Comment