Thursday, May 3, 2012

လောကနီတိ-၎

လောကနီတိ-၎
Posted by may16

ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။
Without wealth, be not excessive in eating.
Without strength, love not fighting.
Without learning, speak not too much.
မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောရာ။
မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
Don't visit another's house frequently without being invited.
Don't talk too much without being asked.
Don't extol and boast of oneself.
(Don't blow one's own trumpet.)
ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
A half-empty vessel makes more sound.
A person not fully educated tends to show off.
သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
The ocean is not contented in receiving water.
The eye is not contented in seeing the beloved.
The wise is not contented in good speech.

0 ကွန်မန့်ရေးရန်:

Post a Comment