Saturday, April 14, 2012

Gtalk က friend ကို ကိုယ့်အမည် သူ့အမည် နှစ်ဖက်လုံးမကျန်အောင် အပီး block နည်း

     
              ကဲ ဟိုနေ့က ညီလေးတစ်ယောက်မေးလာလို့ပါ...ညီလေးရေး တင်ပေးလိုက်တယ်နော်ဗျ..နောက်များမှာ လိုအပ်တာရှိရင် လည်း လာအော်လှည့်ပါဗျားနော်.....တတ်နိုင်သလောက် သိသလောက် ကူညီသွားမယ်....။
             Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။

အားလုံးအဆင်ပြေနိုင်ကြပါစေ။ဒီ Post လေးမှာ အဆင်မပြေတာများရှိခဲ့ရင် ကျွန်တော့်ကိုပြောပါ။ အဆင်ပြေခဲ့ရင် သူငယ်ချင်းတွေကို share ပေးပါ။

0 ကွန်မန့်ရေးရန်:

Post a Comment