Friday, April 13, 2012

၂၀၁၂ မန်း သင်္ကြန်အကျနေ့ ရန်ပွဲတစ်ပွဲ


ရန်ပွဲနှင့် မဆိုင်ဘဲ အချောင် ဒဏ်ရာရသွားခဲ့သော မိသားစု
လူမှုကူညီရေးအသင်းတစ်ခုမှ ကားတစ်စင်း ကူညီရန်ရောက်လာစဉ်
ရန်ပွဲကို ထိန်းသိမ်းရန် အင်အားတိုးရောက်လာသည့် ရဲကားနှင့် ရဲများ

၂၀၁၂ မန်း သင်္ကြန်အကျနေ့ ရန်ပွဲတစ်ပွဲ







13.4.2012

၂၀၁၂ သင်္ကြန်အကျနေ့ (၁၃.၄.၂၀၁၂)နေ့လည် ၁ နာရီ ကျော်ခန့်က မန္တလေး၊ မြို့တော်ဝန်မဏ္ဍပ်အနီး၊ ၂၆ လမ်း၊ ကျုံးဘေး၊ ၇၁ လမ်းနှင့် ၇၀ လမ်းကြားတွင် ရန်ပွဲတစ်ပွဲဖြစ်ပွားခဲ့ကြောင်း CJMyanmar က သတင်းရရှိသည်။

ရန်ပွဲမှာ သင်္ကြန်ကား ၅ စီးပါ လူအုပ်စုထဲမှ အချို့နှင့် ကား တစ်စီးပေါ်က လူအုပ်စုထဲမှ အချို့တို့ စကားပြောညိရာမှ စတင်ခဲ့ပြီး ကား ၅ စီးပေါ်က လူအချို့က အရက်၊ ဘီယာပါ ပုလင်းများ၊ တုတ်များဖြင့် စတင်ရိုက်နှက်ခဲ့သည်။ သို့ဖြင့် ကားတစ်စီးပေါ်က လူအုပ်စုနှင့် ဘေးမှ လူအချို့က ပြန်လည် ရိုက်နှက်ခဲ့သည်။ စိတ်မကောင်းစရာအဖြစ် ကား ၅ စီးအုပ်စုပေါ်က ပစ်ပေါက်သည့် ပုလင်းအချို့ကြောင့် ရန်ပွဲပါလူများနှင့် မဆိုင်သည့် သင်္ကြန်ဈေးရောင်း မိသားစု(လူကြီး+ကလေး)တစ်စု ထိခိုက်ဒဏ်ရာရခဲ့သည်။ လူကြီးမှာ မျက်နှာထိသွားပြီး သွေးများဖြာကျခဲ့သည်။ ကလေးမှာ ခေါင်းပေါက်သွားခဲ့သည်။ ရန်ပွဲနှင့် မဆိုင်သည့် လူတစ်ဦးမှာ ခြေမ ဒဏ်ရာရသည်။

ရဲများရောက်လာပြီး ပွဲထိန်းသော်လည်း ရန်ပွဲမှာ ကြို့ကြားဆက်ဖြစ်ပွားခဲ့ပြီး ကား ၅ စီးအုပ်စုပေါ်က လူဟု ထင်ရသူများကို ကား ၁ စီးအုပ်စုဘက်က မခံရပ်နိုင်သူများက ၀င်ရိုက်ကြပြန်သည်။ သို့ဖြင့် အခြေအနေမှာ ရှုပ်ထွေးခဲ့ပြီး ရဲအင်အားတိုးချကာမှ ရန်ပွဲ ငြိမ်သွားသည်။

လူမှုကူညီရေးအသင်းတစ်ခုမှ ကားတစ်စင်းလည်း ဒဏ်ရာရသူများကို ဆေးရုံပို့ရန် ရောက်လာသည်။ ရဲများမှာ ပထမရန်ပွဲအစက ကား ၅ စီးအုပ်စုပါလူများကို ဘယ်ရောက်နေမှန်းမသိသဖြင့် ဖမ်းမမိလိုက်ဘဲ နောက်ဆက်တွဲ ရန်ပွဲမှ လူအချို့ကိုသာ ဖမ်းဆီးနိုင်ခဲ့သည်။

ရန်ပွဲပါ ကား ၅ စီးမှ လူများမှာ ထွက်ပြေးပုန်းခိုသွားသဖြင့် အဆိုပါကားများတွင် လူတစ်ဦးမှ မရှိတော့ဘဲ အဆိုပါ ကားများကို ရဲများက မှတ်တမ်းတင်ထိန်းသိမ်းထားသည်။

CJMyanmar

0 ကွန်မန့်ရေးရန်:

Post a Comment