Wednesday, April 9, 2014

သင်္ကြန်မဏ္ဍပ် များတွင် အ၀တ် လဲခန်းမှ လွဲ၍ အခန်းပိုများ ဖျက်ခိုင်း.................


Bookmark and Share [ ]


ရန်ကုန် သင်္ကြန် မဏ္ဍပ် အချို့တွင် စုံတွဲများ နှစ်ကိုယ်ကြား တွေ့ဆုံနိုင်သည့် အခန်းများ ထည့်သွင်း တည်
ဆောက်ထားခြင်းကြောင့် အ၀တ် လဲခန်းမှ လွဲ၍ အခြား အခန်းများ ပြန်လည် ဖျက်သိမ်းရန် မဏ္ဍပ် တည်
ဆောက်သူများကို သတိပေး ထားသည်။

‘‘ဒီနှစ် မဏ္ဍပ်တွေ ဘေးနဲ့ အနောက်မှာ ရိပ်သာလို၊ တည်းခိုခန်းလို စုံတွဲနှစ်ကိုယ်ကြား တွေ့ နိုင်တဲ့ အခန်း
တွေ ထူးထူးခြားခြား လုပ်လာကြတယ်။ သာမန် အ၀တ်လဲခန်း လောက်ဆို ကျွန်တော်တို့ ဘာမှ မပြော ဘူး။ နှစ်ကိုယ်ကြား တွေ့တဲ့ အခန်းနဲ့ အ၀တ်လဲခန်း ဆိုတာ အရမ်း သိသာပါတယ်။ ဒါတွေ လုံးဝထည့်မ
ဆောက်ဖို့၊ ဆောက်ထားရင် ပြန်ဖျက်ဖို့ မြို့ နယ်မှူးတွေက တစ်ဆင့် သတိပေး ထား တယ်’’ ဟု ရဲမှူးကြီး
မြင့်အေးက ပြောသည်။

သတိပေးညွှန်ကြားချက်အတိုင်း လုပ်ဆောင်ထားခြင်းရှိ၊ မရှိ ကို သင်္ကြန် မကျမီ ဧပြီ ၁၁ နှင့် ၁၂ ရက်တို့
တွင် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မဏ္ဍပ်များတွင် သင်္ကြန်လက်မှတ်များကို ရိုးရိုးတန်းနှင့် VIP တန်းဟု ခွဲခြားသတ်မှတ်ထားပြီး VIP တန်းအ
တွက် အထူးနားနေခန်းများတွင် အနားယူရန် ပြင်ဆင်ထားကြောင်း အထူးတန်းဈေးမှာ တစ်ရက်လျှင်ကျပ် တစ်သိန်းကျော် ဈေးရှိပြီး ယမကာနှင့် အခြားဖျော်ဖြေမှုများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မဏ္ဍပ်တွင် အလုံပိတ် နားနေခန်းများကို ဧည့်သည်များ နားနေခန်း အဖြစ် အမည်တပ်၍ စီးပွားရှာစားခြင်း
သည် ရိုးရိုး သားသား မဏ္ဍပ် ထိုးသူများအတွက် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း The Invaders မဏ္ဍပ်
မှ အဆိုတော် ရန်ရန်ချမ်းကပြောသည်။

မဏ္ဍပ်များတွင် ရေပက်ကစားသူများ နားနေ အခန်းများကို ယခင်သင်္ကြန်နှစ်များတွင်လည်း ထည့်ဆောက်
လေ့ရှိကြောင်း အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် နေထိုင်ဖူးသည့် စာရေးဆရာ နေနော်
က ပြောကြားသည်။

‘‘အရင်မဏ္ဍပ်တွေ ဆောက်ခွင့်ပြုခဲ့တဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့ဆို ကျွန်တော်နေခဲ့
တာပဲ။ သင်္ကြန်တွင်းဆို တွေ့နေရတာပဲ။ ပါတီတွေပေးတာ။ မဏ္ဍပ်ကဆောက်ထားတဲ့ အခန်းတွေထဲမှာ
နေချင်ရင် စုံတွဲတွေက မဏ္ဍပ်ဆောက်တဲ့သူတွေကိုဈေးညှိရတယ်။ ရိုးရာသင်္ကြန်က ပျက်သွားတာကြာပါ
ပြီ။ ကိုယ့်ကလေးတွေအတွက် စိတ်ပူတယ် ဒါမျိုးတွေ’’ဟု အရွယ်ရောက် ကလေးနှစ်ဦး ဖခင် စာရေးဆ
ရာ နေနော်က ပြောသည်။

‘‘ကျွန်တော်တို့ မဏ္ဍပ်မှာလည်း VIP အခန်း ရှိပါတယ်။ ဒါအလုံပိတ် မဟုတ်ဘူး။ ကိုယ့် မဏ္ဍပ်လာတဲ့ ဧည့်
သည်တွေ ခဏတစ်ဖြုတ်နားလို့ရအောင် ထည့်ထားတာ။ အထဲမှာ ထိုင်နေတဲ့သူကိုလည်း မြင်နေရတယ်။
အခုလို VIP လို့ နာမည်တပ်ပြီး အလုံပိတ်စီးပွားရှာစားတာမျိုးကို တာဝန်ရှိသူတွေ သေချာစစ်ပါ။ တွေ့ရင်
အရေးယူပေးပါ’’ဟု ၎င်းကပြောသည်။

သင်္ကြန်မဏ္ဍပ်အနီးတွင် အရက်သေစာမရောင်းရ သောက်စားခြင်းမရှိရဟု အစိုးရက ပုံမှန် စည်းကမ်းချက်
ထုတ်ပြန်ထားသော်လည်း နှစ်စဉ်သင်္ကြန်ပွဲတော်တွင်း အမျိုးသား၊ အမျိုးသမီးများ၏ အရက်သေစာသောက်
စား မူးယစ်နေသည့်ပုံများမှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အကြီး၊ အသေး စုစုပေါင်း ၁၄၀ ကျော် ခွင့်ပြုထားပြီး ယခင်နှစ်ထက်
နှစ်ဆခန့် ပိုမိုများပြားလာကာ ရန်ကုန်သင်္ကြန်မှာ အစွမ်းကုန် စည်ကားမည့်သဘောတွင် ရှိနေသည်။

Author: အေးသူစံ

7Day Daily

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: သင်္ကြန်မဏ္ဍပ် များတွင် အ၀တ် လဲခန်းမှ လွဲ၍ အခန်းပိုများ ဖျက်ခိုင်း http://www.simon-vlog.com/2014/04/blog-post_8551.html#ixzz2yKfBnioz
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment