Monday, February 3, 2014

ဆိုတေးပါဝင်သီဆိုသရုပ်ဆောင်ထားတဲ့ Hello Music Thingyan ဗီစီဒီရိုက်ကွင်း .............

Photo: ဆိုတေးပါဝင်သီဆိုသရုပ်ဆောင်ထားတဲ့ Hello Music Thingyan ဗီစီဒီရိုက်ကွင်း
Monday, February 3, 2014

ယုန်လေး၊ Cobra ၊အာတီချုပ်၊ ဇွဲနိုင်ဝင်း၊ Nine One ၊ ကျော်ထွဋ် ဆွေ၊ ဆိုတေး၊ စန္ဒီမြင့်လွင်၊ ရတနာ မိုင်၊ ဆူဇီ၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ နန်းသူဇာ၊ ကာကာ စတဲ့နာမည်ကြီး အဆိုတော် အများစုပါဝင်သီ ဆိုထား ပြီးဂီတ အမျိုးအစားစုံလင်စွာနဲ့ ထွက် ပေါ်လာတော့ မယ့် Hello Music Thingyan အခွေ လိုက်ဖ်ရှိုး ဗီစီဒီ ရိုက်ကွင်း ကိုဇန်နဝါရီ ၃ဝရက် နေ့၊ မနက် ၁ဝနာရီကစတင်ပြီး ကန်တော်ကြီး မျှော်စင်ကျွန်းမှာ တစ်နေကုန် ရိုက်ကူးခဲ့ပါတယ်။Hello Music Thingyan ရိုက်ကွင်းမှာ ကူညီ ဆောင်ရွက်ပေးေ နတဲ့ယုန်လေး က ‘ရယ်သောသူသည် အသက်ရှည် ၏’ ဆိုတဲ့သင်္ကြန်သီချင်း တစ်ပုဒ်ကို လည်း ပါဝင်သီဆိုထားပါတယ်။ 

Hello Music Thingyan ရိုက်ကွင်းနဲ့ ပတ်သက် ပြီး ယုန်လေးက “စီစဉ်တာက ရတနာမိုင် ပါ။ ကျွန်တော်စီစဉ်တာမဟုတ်ဘူး။ ကျွန် တော်က ကူညီပေးတာ။ ဒီအခွေမှာ ကျွန် တော်ကိုယ်တိုင်ရေး၊ ကျွန်တော်ကိုယ်တိုင် ဆိုထားတဲ့ ‘ရယ်သောသူသည် အသက် ရှည်၏’ ဆိုတဲ့ သီချင်းပါတယ်။ ကိုကြီး ကျော်တီး ပေးထားတယ်။ဒီသီချင်းလေး ကိုတော့ တော်တော် အားရပါတယ်” လို့ ပြောပါ တယ်။Hello Music Thingyan အခွေမှာ နေပြန်ကောင်း လာပြီဖြစ်တဲ့ ပရိသတ်အချစ်တော်ဆိုတေးက သင်္ကြန် သီချင်းအမြူးတစ်ပုဒ်ကို ပါဝင်သီဆို ထားပါတယ်။Hello Music Thingyan အခွေမှာ လာရောက်ရိုက်ကူးပေးတဲ့ ဆိုတေးရဲ့ လက်ရှိအခြေအနေနဲ့ ပတ် သက်ပြီး “သူကိုယ်တိုင်ရေး၊ သူကိုယ် တိုင်ဆိုထားတဲ့ သီချင်းပါ။ အရင် ကတည်းက ရေးထားတဲ့သီချင်းပါ။ 

ခိုင်သဇင်ယုဝါ၊ ခိုင်သဇင်ငုဝါ၊ နန်း စန္ဒာလှ ထွန်းစတဲ့ မော်ဒယ်တွေက ပါဝင် ကူညီပြီး ရိုက်ကူးပေးထား တယ်။ ဘာပဲပြောပြော ဆိုတေး ရဲ့ ကျန်းမာရေး အခြေအနေက တော် တော်လေးကို ကောင်းမွန်လာတဲ့ အတွက် ဝမ်းသာကြည်နူးစရာ ကောင်းပါတယ်” လို့ယုန်လေးက ပြောပါတယ်။
ဒါရိုက်တာကိုလင်း (Studio- K) ရိုက်ကူးတဲ့Hello Music Thingyan အခွေဟာ မကြာမီကျ ရောက်လာတော့မယ့် မဟာသင်္ကြန် ပွဲတော်ကြီးမှာ ပျော်ရွှင်ကြမယ့် သင်္ကြန်ချစ်သူ ပရိသတ်တွေအတွက် ဂီတအမျိုးအစားစုံလင်လှတဲ့ သင်္ကြန် သီချင်းတွေနဲ့အတူ အဆိုတော် များစွာရဲ့ သင်္ကြန် ပုံရိပ်တွေကို မြင် တွေခံစားနိုင်တော့ မှာ ဖြစ် ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Popular Journal

0 ကွန်မန့်ရေးရန်:

Post a Comment