Wednesday, February 19, 2014

ကိုယ့်ကို နားလည်ပြီး ကြင်နာတတ်တဲ့ သူကို အိမ်ထောင်ပြုမယ် အေးမြတ်သူ .....................



ကိုယ့်ကို နားလည်တတ်ပြီး ကြင်နာတတ်တဲ့သူကို အိထောင်ပြုမယ် အေးမြတ်သူလူရယ်လြို့ဖစ် လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှား မယ်ထင် ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။
အချစ်ဒဿနဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လိုဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...

မြင်မြင်ချင်းချစ်တာကို လက်ခံ တာ၊ လက်မခံတာ အသက်အရွယ် နဲ့ ဆိုင်မယ်

မြင်မြင်ချင်းချစ်တာကို လက်ခံ တာ၊ လက်မခံတာ အသက်အရွယ် နဲ့ ဆိုင်မယ်ထင်တယ်။ Teenage ကောင်မလေးတွေကို မေးရင်တော့ ဒီစကားက လက်ခံလို့ရတယ်။ ကိုယ် လည်းလက်ခံခဲ့ဖူးတယ်။ ဒါပေမဲ့ အ သက် ၂၈၊ ၂၉၊ ၃၀ အရွယ်ရှိတဲ့ လူ တစ်ယောက်ကို မေးရင်တော့ အဲဒါ သူ့အတွက် ရယ်စရာဖြစ်နေလိမ့်မယ်။ အဲဒီလို အေးမြတ်သူယူဆတယ်။

ဆယ်ကျော်သက်တုန်းက အ ချစ်ကို အရမ်းရူးသွပ်ဖူးတယ်

ဆယ်ကျော်သက်တုန်းက အ ချစ်ကို အရမ်းရူးသွပ်ဖူးတာပေါ့။ မိန်း မတိုင်းဒီလိုပါပဲ။ Teenage မှာ အ ချစ် ဆိုတဲ့အရာကို အရမ်းရူးသွပ်ခဲ့ ကြဖူးတယ်။ သူ့ကိုမြင်ရင် စိတ်လှုပ် ရှားတယ်။ တစ်ယောက်ယောက်က များဖြတ်ခနဲကြည့်ရင်တောင် သူက ငါ့ကိုစိုက်ကြည့်နေတာလား ဖြစ်ဖူး တယ်။ ဒါက မိန်းမတိုင်း Teenage မှာ ဖြတ်သန်းခဲ့ရတဲ့ အရာတစ်ခုပေါ့။

အချစ်နဲ့ အိမ်ထောင်ပြုခြင်းက

အချစ်နဲ့ အိမ်ထောင်ပြုခြင်းက တိုက်ရိုက် အချိုးကျတယ်။ ဘာဖြစ် လို့လဲဆိုတော့ မိန်းမတွေက မချစ်ဘဲ နဲ့ လက်မထပ်ဘူး။ သေချာတယ်။ မချစ်ဘဲ လက်ထပ်ခဲ့ရင်တောင်မှ ကိုယ့်ရဲ့ ယောကျာ်း၊ ကိုယ့်ရဲ့အမျိုး သားဆိုတဲ့စိတ်တစ်ခုရောက်သွားခဲ့ ရင် သံယောဇဉ်ဆိုတာ ဖြစ်သွားမှာ ပဲ။ မိန်းမတွေဘက်က စဉ်းစားကြည့် တာလေ။ ယောကျာ်းတွေဘက်က ဘယ်လိုလာမလဲတော့ မပြောတတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အချစ်နဲ့ ပတ်သက်ရင် ယောကျာ်း လေးနေရာက မခံစားကြည့်ဖူးဘူး။ သူများတွေပြောတာပေါ့နော်။ မချစ် ဘဲနဲ့ယူခဲ့တယ်။ မိန်းမတစ်ယောက် က မချစ်ဘဲနဲ့ ယူခဲ့တယ်ဆိုတဲ့စကား တစ်ခုတော့ မဖြစ်နိုင်ဘူး။ တချို့က ငြင်းလို့မရဘဲ မိဘတွေကြောင့် ယူခဲ့ တာမျိုးရှိမယ်။ ကိုယ့်ရဲ့ယောကျာ်းဆို တဲ့ အသိဝင်သွားရင် အလိုလိုနေ ရင်း သံယောဇဉ်ကဖြစ်သွားတယ်။ သံယောဇဉ်ဆိုတာက ပိုဖြတ်ရခက် တယ်။ ချစ်တာက မုန်းလို့ရတယ်။ ဒီဘက်ခေတ်ကြီးမှာ ယောကျာ်းရယ် မိန်းမရယ်မခွဲခြားပါဘူး။ မခွဲခြားဘူး ဆိုတာ အမျိုးသားတွေလည်း ပိုစဉ်း စားမှာပါ။ တိုးတက်လာတဲ့ ခေတ် ကြီးထဲမှာ ယောကျာ်း၊ မိန်းမအိမ် ထောင်ပြုဖို့ဆိုတာ အရမ်းစဉ်းစား ကြတယ်။ တဖြည်းဖြည်းနဲ့အေးမြတ် သူတို့က နိုင်ငံခြားပိုဆန်လာတယ်။ ယောကျာ်းတွေက လက်ထပ်ခွင့်ဆို တာကို တော်ရုံတန်ရုံ သိပ်မတောင်း တော့ဘူး။ ဘာလို့လဲဆိုတော့ ခေတ် ကာလကြီးကိုက အဲဒီလိုဖြစ်နေတာ ကိုး။ ပြောချင်တာကအနောက်တိုင်း ဆန်လာတော့ အိမ်ထောင်ပြုခြင်း က အရမ်းကို serious ဖြစ်သွား တယ်။

အခုလက်ထပ်တဲ့ သူတွေကို ပိုပြီးတော့ လေးစားတယ်

အဖေတို့ အမေတို့ခေတ်တုန်း ကဆို အခုကြိုက်တယ်။ အခုယူ တယ်။ သဘောမတူရင် ခိုးပြေး မယ်။ ကိုယ်တွေခေတ်က အဲဒီလို မ ဟုတ်ဘူး။ စဉ်းစားလာတယ်။ တွက် လာတယ်။ မင်္ဂလာဆောင်ရင် ဘယ် လောက်ကုန်မယ်။ လက်ဖွဲ့က ဘယ် လောက်ပြန်ရမှာလဲ။ သူ့မိဘအသိုင်း အဝိုင်းက တောင့်လား။ ဘယ်မှာ ဆောင်မှာလဲ။ မြရိပ်ညိုလား။ sedona လား။ ဟုတ်ဟုတ်မဟုတ် ဟုတ် အဲဒီလိုမျိုးတွက်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ စီးပွားရေးက ဖြစ် လာတာကိုး။ အဲဒီတော့ မင်္ဂလာ တစ်ခုဆောင်တာနဲ့ မပြီးသွားဘူး။ အရင်က ဆောင်ပြီးတာနဲ့ အမေ အိမ်တက်နေမယ်။ အဖေအိမ်တက် နေမယ်။ အခုမရတော့ဘူး။ အရင် တုန်းက အိမ်ထောင်စုတစ်စုမှာ တစ် ယောက်တည်းရှာ အကုန်စားလို့ရ တယ်။ အခုမရတော့ဘူး။ အိမ် ထောင်စုတစ်စုမှာ အားလုံး အလုပ် လုပ်မှ တစ်အိမ်လုံးစားလို့ရမှာ။ အဲ ဒီအခါမှာ အိမ်ထောင်ပြုဖို့ စဉ်းစား လာတယ်။ အခု လက်ထပ်တဲ့လူတွေ ကိုပိုပြီးတော့ လေးစားတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဆုံးဖြတ်ချက်တစ် ခုကို ပြတ်ပြတ်သားသားချရဲလို့။ အေးမြတ်သူ အခုနေ အိမ်ထောင် ပြုမလားမေးရင် အေးမြတ်သူ အိမ် ထောင်မပြုဘူး။ ဘာဖြစ်လို့လဲဆို တော့ အသက် ၃၀မှ စဉ်းစားမှာ။ အခုခေတ်မှာ အရမ်းချစ်ပြီး အရူး အမူးဖြစ်ပြီး ယူတယ်ဆိုတာ ရှား သွားပြီ။ ချစ်ခြင်းရဲ့ အနောက်မှာ ဘဝတစ်ခု ထူထောင်ဖို့ အတွေးအ ခေါ်စဉ်းစားဥာဏ်တွေအများကြီးပါ လာပြီ။

ဘယ်လိုလူမျိုးတွေကို အိမ်ထောင်ဖက် အဖြစ်ရွေးမလဲ

လူတွေအားလုံးက အကောင်း ဆုံးဆိုတာကို မျှော်လင့် ထားတာ လေ။ အရပ်မြင့်ရမယ်။ ရုပ်ချောရ မယ်။ စီးပွားရေးကောင်းရမယ်။ ပညာတတ်ရမယ်။ တကယ်ယူတဲ့ အခါမှာ အဲဒီအရည်အချင်းတွေ အ ကုန်ပြည့်လားဆိုတော့ သုံးချိုးမှာ တစ်ချိုးတောင်မတင်ချင်ဘူး။ အဲဒီ လိုဆိုတော့အေးမြတ်သူကအကောင်း ဆုံးတော့ဖြစ်ချင်တယ်။ ဒါပေမဲ့ ဖြစ် လာတဲ့ဟာကို အကောင်းဆုံးလုပ် မယ်လို့ စဉ်းစားတယ်။ လိုချင်တာ တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဖြစ်လာတဲ့ဟာကို အကောင်းဆုံး ဖြစ်အောင် ပြန်ပြင်ပြီးယူမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်ဖန်တီးမှ ရမယ်ဆိုရင် ကိုယ်ဖန်တီးယူမှပဲရမှာ။ ကိုယ်ပြုပြင်ပြောင်းလဲမယ်။ ပြုပြင် လို့မရရင် ထိန်းညှိမယ်။ ကိုယ့်ဘဝ မှာ အသင့်တော်ဆုံးလူကိုယူမယ်။ အတော်ဆုံး၊ အကြီးဆုံး၊ အကောင်း ဆုံး အဲဒါတွေ အရမ်းကြီး မစဉ်းစား ဘူး။ ကိုယ့်အပေါ်နားလည်မှုရှိပြီး ကြင်နာတတ်တဲ့ ယောကျာ်း။ အ ရည်အချင်းရှိတဲ့ ယောကျာ်း။ ပိုက် ဆံရှိဖို့မလိုဘူး။ အရည် အချင်းက သဘာဝ ဘေးအန္တရာယ်ကို ကာ ကွယ်နိုင်တယ်။ အပေါ်ယံ အရာ ဝတ္ထုက သဘာဝဘေး အန္တရာယ်ကို မကာကွယ်နိုင်ဘူး။

By 8 Days
You might also like:

0 ကွန်မန့်ရေးရန်:

Post a Comment