Monday, January 6, 2014

သမီးအရင်းမဟုတ်ဟုဆိုကာ နှစ်လသားကလေးငယ်ကိုအပ်များဖြင့်ထိုးသတ်ရန်ကြိုးပမ်းခဲ့သည့်ဖခင် ထောင်၁၀နှစ်ကျ .................

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်တွင် ရင်ခွင်ပိုက်ကလေးအရွယ်သာရှိသေးသော
သမီးလေးကို အဖေဖြစ်သူက မိမိ၏သမီးအရင်းမဟုတ်ဟုဆိုကာ မိခင်နောက်ကွယ်၌ အပ်များဖြင့်
ထိုးစိုက်ခဲ့ကြောင်းသိရသည်။

နှစ်လသားအရွယ်သမီးလေး၏ခန္ဓာကိုယ်ထဲသို့ အပ်ချုပ်အပ်များထိုးသွင်းခဲ့သည့် ယင်ကျီဟဲ အမည်ရသည့်
အဆိုပါဖခင်ကို ဟေလုံကျန်းတရားရုံးတော်က ထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ25တရုတ်
သတင်းများအရ သိရသည်။

အဖေဖြစ်သူက သမီးလေးကိုပြီးခဲ့သည့်သြဂုတ်လအတွင်းက အပ်များဖြင့်ထိုးစိုက်ခဲ့ပြီးအသေသတ်ပစ်ရန်
ကြံရွယ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတော်ကပြောကြားခဲ့ကြောင်း Xinhuaသတင်းတွင်ဖော်ပြခဲ့သည်။
ယင်မျိုးနွယ် အဖေဖြစ်သူသည် သြဂုတ်လ၄ရက်တွင်မိခင်ကွယ်ရာ၌  သမီးလေး၏နံရိုးများကြားထဲ
ပထမအကြိမ် အပ်များထိုးသွင်းခဲ့သည်။

နာက်တစ်ရက်တွင် သမီးငယ်လေးမှာ အလွန်နာကျင်သဖြင့်အော်
ဟစ်ငိုကြွေးနေခဲ့ရာ မိခင်ဖြစ်သူက ဆေးရုံသို့ခေါ်ဆောင်ပြသခဲ့ရသည်။ ကလေးဆရာဝန်များက စစ်ဆေးခဲ့
သည့်အခါ နံရိုးများကြားထဲစိုက်ဝင်နေသောအပ်များကိုတွေ့ခဲ့ရပြီး ခွဲစိတ်ဖယ်ရှားကာ ကုသပေးခဲ့ရသည်။
သို့ရာတွင် အဖေဖြစ်သူက ကလေးငယ်၏ ချက်၊ရင်ဘတ်နှင့် ၀မ်းဗိုက်နေရာများတွင်အပ်များဖြင့်
နောက်တစ်ကြိမ်ထိုးသွင်းခဲ့ပြန်သည်။ အဖေ၏လုပ်ရပ်ကြောင့်ကလေးဖြစ်သူ၏အဆုတ်များ ထိခိုက်ခဲ့ရသည့်
အပြင် အခြားကိုယ်တွင်းအင်္ဂါများလည်း အနာတရဖြစ်ခဲ့ရသည်။ ထို့ကြောင့်မိခင်ဖြစ်သူက ကလေး၏အဖေ
ကို ရဲတိုင်၍ ဖမ်းဆီးအရေးယူစေခဲ့သည်။

ထို့နောက် တရားရုံးတော်က ကလေးအဖေဖြစ်သူကိုထောင်ဒဏ်
၁၀ နှစ်ကျခံစေခဲ့ခြင်းဖြစ်သည်။DNA စစ်ဆေးချက်များအရ အဖေနှင့်သမီးလေးမှာ သားအဖအရင်းဖြစ်
ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု Xinhua သတင်းတွင်ဖော်ပြခဲ့သည်။
You might also like:http://wlovestory.blogspot.com/2014/01/blog-post_407.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

0 ကွန်မန့်ရေးရန်:

Post a Comment