Tuesday, January 21, 2014

ပိုင်ဆိုင်ကြောင်း စာချုပ်ပြ၍ တိုက်ခန်းလိမ်လည်ရောင်း ................

Monday, January 20, 2014

ဇော်ဇော်ထွေး

တာမွေမြို့နယ်တွင် တိုက်ခန်း နှစ်ခန်းကို ပိုင်ဆိုင်သည်ဟု စာချုပ်အထောက်အထားများပြ၍ လိမ်လည် ရောင်းချသဖြင့် အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို ဇန်န၀ါရီ ၁၅ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

အမှုမှာ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်၊ မင်္ဂလာလမ်းနေ ဦးအောင်ဌေးသည် ယခင်ရင်းနှီးခင်မင်သူ ဒေါ်ဆုမိကျော်နှင့် ၎င်းမိခင်ဒေါ်မိမိငယ်တို့နှင့် ပြန်လည်တွေ့ဆုံခဲ့စဉ် အဆိုပါသားအမိနှစ်ဦးက ၎င်းတို့နေ ထိုင်သော တာမွေမြို့နယ်၊ အရိုးကုန်းရှိ တိုက်ခန်းအား ရောင်းချလိုကြောင်း ပြောဆိုရာမှတစ်ဆင့် စတင် ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပိုင်ဆိုင်ကြောင်း စာချုပ်ပြသကာ အဆိုပါ တိုက်ခန်း၏ (၄)လွှာ (၀ဲဘက်ခြမ်း) အခန်းအား ၂၀၁၂ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ငွေကျပ်သိန်း ၁၈၀ ဖြင့်လည်းကောင်း၊ ၂၅ ရက်တွင် မြေညီထပ် ၀ဲ ဘက်ခြမ်းအခန်းကို ကျပ်သိန်း ၃၇၀ ဖြင့်လည်းကောင်း စာချုပ်ချုပ်ဆိုပြီး ၀ယ်ယူကာ သော့ခတ်ထားခဲ့ သည်ဟု တရားလိုက ရဲထံတွင် ထွက်ဆိုထားသည်။

ထို့နောက် ၂၀၁၄ ခုနစ် ဇန်န၀ါရီ ၁ ရက်တွင် တိုက်ခန်းများသို့ သွားရောက်ကြည့်ရှုရာ ဦးအောင်ဌေးခတ် ထားသောသော့များမဟုတ်ဘဲ အခြားသော့များ ခတ်ထားသဖြင့် စုံစမ်းရာ မိသားစုမရှိတော့ဘဲ ယခုကဲ့ သို့ မကြာခဏ လိမ်လည်လေ့ရှိကြောင်း သိရှိခဲ့ရသည်ဟုဆိုသည်။

ထို့ပြင် အဆိုပါတိုက်ခန်းများကို ဦးလေးဖြစ်သူကလည်း ပေးအပ်ထားခြင်းမရှိကြောင်း စုံစမ်းသိရသဖြင့် ဒေါ်ဆုမိကျော်နှင့် ဒေါ်မိမိငယ်တို့ကို အရေးယူပေးရန် ဦးအောင်ဌေးက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment