Friday, December 20, 2013

၂၀၁၄ တွင်ကျင်းပမည့် အာဆီယံ ဆန်းမစ်အတွက် ဘီအမ်ဒဗလျူက ကား ၉၅ စီး ကူညီမည်...................


==========================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ။ ။ ၂၀၁၄ခု နှစ် မေနှင့် နိုဝင်ဘာလ များတွင် ကျင်းပမည့် ASEAN Summit အခမ်းအနားသို့ တက်ရောက် လာမည့် နိုင်ငံ့ခေါင်းဆောင်များ နှင့် ဝန်ကြီးများ အဆင်ပြေစွာအ သုံးပြုနိုင်ရန် အဆင့်မြင့် BMW ကား၉၅စီးကို ပံ့ပိုးကူညီသွားမည် ဟု Prestige Auto Mobiles မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြက ပြောသည်။

BMW Asia နှင့် BMW ကားများကို မြန်မာပြည်တစ်ဦး တည်းကိုယ်စား လှယ်အဖြစ် တင် သွင်းဖြန့်ချိခွင့်ရထားသော Prestige Auto Mobiles အနေဖြင့် BMW 7 Series, the BMW 5 Series Executive Sedan နှင့် The Premium BMW X5 Sports Activity Vehicle တို့အား မော်တော် ယာဉ် ၉၅စီးအထိ ပံ့ပိုး ကူညီမည်ဖြစ်သည်။

''ပြည်တွင်းကုမ္ပဏီတစ်ခု အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးဖော်ဆောင် မှုတွင် တတ် စွမ်းသမျှ ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ သို့ပါ၍ (၂၇) ကြိမ်မြောက် Sea Games အား ကစားသမားများအတွက် Scania Bus များဖြင့် ကျွန်တော်တို့၏ မိတ် ဆွေ ကုမ္ပဏီဖြစ်သော Octagon International Services မှ ပံ့ပိုး ကူညီမှုပြုခဲ့ပြီး ယခုကဲ့သို့သော ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ASEAN ဥက္ကဋ္ဌအဖြစ် လက်ခံ ကျင်းပသော ASEAN Summit အတွက် တွဲဖက်ပါဝင်၍ ပံ့ပိုး ဆောင် ရွက် ခွင့်ရရှိသည်မှာ အလွန် ပင် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ် ပါကြောင်း Prestige Auto Mobiles ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက် တာ ဦးချမ်းမြက ပြောသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/uCByDL

0 ကွန်မန့်ရေးရန်:

Post a Comment