Tuesday, November 26, 2013

ဘုရင့်နောင်ခုံးကျော် တတိယအလွှာ စမ်းသပ်မောင်းနှင်ခွင့်ပြု.................


=================================
နိုင်နိုင်ဇော်
=================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ ဘုရင့် နောင်ခုံးကျော်တံတားလှိုင်သာ ယာ ဘက်ခြမ်း တတိယအလွှာ အား နိုဝင်ဘာ ၂၄ရက်မှစတင် ကာ စမ်းသပ်မောင်းနှင် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင်ခုံးကျော်တံ တား တတိယ အလွှာ ကို ယင်းနေ့ နံနက် ၈နာရီ ၁ဝမိနစ်ခန့်မှ စတင် ဖြတ်သန်းသွားလာ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး တံတား အပြီးသတ်အပ်နှံမှု အား ဒီဇင်ဘာလကုန်တွင် ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီထံသို့ လွှဲပြောင်းပေး သွားမည်ဖြစ်ကြောင်း တံတား တည်ဆောက်ရေး တာဝန်ခံအင် ဂျင်နီယာ ဒေါ်စိုးစိုးဦးက ပြော သည်။

ဒေါ်စိုးစိုးဦးက''ခုံးကျော်တံ တားနှစ်ခုလုံး ကတော့ပြီးစီးသွားပါပြီ။ ဒုတိယ အလွှာကိုတော့ ရှေ့လ ၃၁ရက်က ဖွင့်ခဲ့တယ်။ ဒီနေ့တော့ တတိယ အလွှာ ကို ထပ်ဖွင့်တာပါ။ နောက် ဆုံးကျန်တာက တံတားအောက် ဘက်တွေနဲ့ ဘုရင့်နောင်လမ်းကို ကွန်ကရစ် လောင်း ဖို့ပဲကျန်တယ်'' ဟု ပြောသည်။ ဘုရင့်နောင်လမ်း ခုံးကျော် တံတား ဒုတိယအလွှာအား ၇၅ တန်အလေးချိန် ရှိသည့် ကုန်ကား ကြီးများ ခွင့်ပြုထားသော်လည်း အမြင့်ပေအား အပေါ် တံတားနှင့် လွတ်ကင်းနိုင်ရန်အတွက် လေးမီတာ ခွဲအထိသာခွင့်ပြုထားပြီး ခုံး ကျော်တံတားတွင် လမ်းလျှောက် သွားလာနိုင်ရန် ပလက်ဖောင်းအ ကျယ် သုံးပေထည့်သွင်းတည် ဆောက်ထားသည်။


သတင်းအပြည့်အစုံသို့=>http://goo.gl/o3g4i9

0 ကွန်မန့်ရေးရန်:

Post a Comment