Friday, October 25, 2013

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်


မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။ ---




Thursday, October 24, 2013

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်

မန္တလေး၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။
“လက်ရှိအနေအထားနဲ့လည်း ဆောင်ရွက်နေတယ်။ နိုဝင်ဘာလလောက် ဆို နေပြည်တော်မှာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး သင်တန်းတွေ ပေးပါတော့မယ်” ဟု အထက်ပါဌာနမှ ဒုရဲအုပ် အေးအေးဝင်းက The Voice သို့ ပြောကြားသည်။

လူကုန်ကူးသူများသည် မြန်မာနိုင်ငံ မြို့နယ်အများစုရှိ ကလေးသူငယ်များကို ပစ်မှတ်ထားကာ ဇနီးမောင်နှံအသွင်၊ သမီးရည်းစား အသွင်များ ဆောင်လျက် လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များတွင် အလုပ်အပ်နှံပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်မှုများ ရှိလာ၍ ယင်းသို့ ပြောဆို ခေါ်ဆောင်ခြင်းများ ရှိလာလျှင် သတိထားရန် လိုအပ်ကြောင်း အဆိုပါ ဒုရဲအုပ်က သတိပေး ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိပ် ၁၁ ခု၊ တပ်ဖွဲ့စု ၁၈ ခုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စုသုံးခု စုစုပေါင်း ၃၂ ဖွဲ့အထိ ဖွဲ့စည်းထားရှိသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ၂၀၀၅ခုနှစ် ဥပဒေ ပြဋ္ဌာန်းချက် အခန်း ၉ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သဖြင့် ယင်းဥပဒေ အတိုင်း ဆောင်ရွက်ရန် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်တားဆီး နှိမ်နင်းရေး တပ်ဖွဲ့များ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် သီးခြား ဖွဲ့စည်းထားရှိတော့မည် ဖြစ်ကြောင်း ဒုရဲအုပ် အေးအေးဝင်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ လူကုန်ကူး ခံရသူများတွင် အများဆုံးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဦးတည်မှုများပြီး တရုတ်အမျိုးသားနှင့် ကိုယ်တိုင် ချစ်ကြိုက်၍ အိမ်ထောင်ပြုသူများ၊ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် သဘောတူပြီး ပွဲစားက ခေါ်ဆောင်စဉ်လမ်း၌ အဖမ်းခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ပြီးမှ တရုတ်အမျိုးသားထံ ရောင်းစားရန် ခေါ်ဆောင်စဉ် အဖမ်းခံရသူများ၊ အလုပ်လုပ်ကိုင်ရန် လာရောက် သူများ၊ ဖျော်ဖြေရေးလုပ်ငန်း လုပ်ရန် ခေါ်လာပြီး ပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသူများ ပါဝင်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မှတ်တမ်းများအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးမှု ခုနစ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ ၁၁၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်င လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဆင့်မြင့် အရာရှိကြီးတစ်ဦးက မေလအတွင်း ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(သန်းဖေသား)

The Voice Weekly

Thit Htoo Lwin - News

0 ကွန်မန့်ရေးရန်:

Post a Comment