Saturday, October 5, 2013

သွားနဲ့ခံတွင်းကို ကျန်းမာသန့်စင်စေတဲ့ နည်းလမ်းတစ်ရပ်ကတော့ ဒိန်ချဉ်သောက်တာပဲ ဖြစ်ပါတယ်

သွားနှင့်ခံတွင်း သန့်စင်စေရန် ဒိန်ချဉ် သောက်ပါ


ပလုတ်ကျင်းခြင်း၊ သွားကြားထိုးကြိုးသုံးခြင်းစတာတွေထက် သွားနဲ့ခံတွင်းကို ကျန်းမာသန့်စင်စေတဲ့ နည်းလမ်းတစ်ရပ်ကတော့ ဒိန်ချဉ်သောက်တာပဲ ဖြစ်ပါတယ်။
သွားနဲ့ခံတွင်း ဆေးပညာ ဂျာနယ်ကထုတ်တဲ့ လေ့လာမူတစ်ရပ်အရ တစ်ပတ်မှာ အနည်းဆုံးလေးကြိမ် ဒိန်ချဉ်သောက်ခြင်းဟာ သွားပိုးစားနိုင်ခြေကို ၂၅-ရာခိုင်နူန်း လျော့ကျစေကြောင်း သိရပါတယ်။
ဒိန်ချဉ်ဟာ သွားနဲ့ ခံတွင်းအပေါ် ဘယ်လိုသက်ရောက်မူ ပေးတယ်ဆိုတာကို သေချာမသိရသေးပေမယ့် သွားကြွေလွှာနဲ့ကပ်ပြီး သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ခံတွင်းထဲက အက်စစ်တွေကို လျှော့ချပေးတာကြောင့် ဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ ဒိန်ချဉ်သောက်တဲ့အခါ သကြားကို လျှော့ထည့်ဖို့ အရေးကြီးပါတယ်။
(ကြယ်စင်)

0 ကွန်မန့်ရေးရန်:

Post a Comment