Thursday, September 12, 2013

ရမြေဒေသကို လိုက်လျောညီထွေပြီး အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး


Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိကတိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေများစာရင်းများလည်း ပါဝင်ပါသေးတယ်။

အရှည်အားဖြင့် ၄ ပေနဲ့ ၅ ပေကြားမှာရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး မွေးစာရင်းမှာတောင် ပါဝင်လိုက်ပါသေးတယ်။ သူ့ရဲ့  ထူးခြားချက်က အပြင်က အရေခွံပါ။ ရေမြေဒေသကို လိုက်လျောညီထွေပြီး အညိုနု၊ အသားရောင်၊ သစ်ပုပ်ရောင်၊ အနက်ရောင် အစရှိသဖြင့် ရှိနေတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မြင်နိုင်မှာတောင် မဟုတ်ပါဘူး။

ခပ်နှေးနှေးသွား ရှင်သန်စားသောက်တတ်တဲ့ အဆိပ်ပြင်း မြွေပွေးပါ။ အာဖရိကတိုက် အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာသာ မြင်တွေ့ရတဲ့ Gaboon မြွှေပွေးဟာလည်း မျိုးသုန်းတော့မယ့် မြွှေပွေးစာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။

Ref: wiki

Aung Kham (ရိုးရာလေး)

0 ကွန်မန့်ရေးရန်:

Post a Comment