Monday, June 3, 2013

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလာရန်းဈေးကြီးတွင် ဖြစ်ပွားမှု့သတင်းများ


ဆလာရန်း ပဇာဘိုရွန်းခေါ် ပင်မဈေးကြီး၏ ကားပါကင်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် သေဆုံးသူနောက်တစ်ဦး မှာ လည်ပင်းတစ်ဝိုက် ခုတ်ထစ်ဒဏ်ရာ ၆ ချက်ဖြင့် အဓိကသေဆုံးရခြင်းဖြစ်ပြီး အပြင်ထန်ဆုံးဒဏ်ရာမှာ ၁၉ စင်တီမီတာ အထိနက်ကြောင်း။

ထိုအတိုက်ခိုက်ခံရသူ ၂ ဦးမှ အခြားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ယခုအခါ ကွာလာလမ်ပူဆေးရုံကြီးတွင်မှု့ခင်းတရားလိုသက်သေအဖြင့် အထူးကုသခံနေရကြောင်း ကို ဆလန်ဂေါပြည်နယ် ရဲညွန်ကြားရေးမှုး Othman Abu Bakar မှာသတင်းဌာနများသို့တရားဝင် ထုတ်ဖော်ပြောကြားသွားခဲ့ပါသည် ။

အဆိုပါအဖြစ်အပျက်တွင် မျက်မြင်သက်သေများစွာရှိနေခဲ့ပြီး တိုက်ခိုက်ခံရသူ မြန်မာနိုင်ငံသား ၂ ဦးတို့၏ မော်တော်ဆိုင်ကယ်တွင် ကုန်စိမ်း နှင့် ငါးများ ဝဝ်ယူထားကြောင်တွေ့ရပြီး အဖြစ်အပျက်အတွက် လူသတ်မှု့ အုပ်စုဖွဲ့ မှု့ခင်းဖြစ်စေမှု့ ပုဒ်မ Panel Code 302 အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို ညွှန်ကြားရေးမှုးမှ ဆက်လက်ရှင်းပြသွားခဲ့ပါတယ် ။
 
 
လူ ၄ ၅ ယောက်အုပ်စု ပါ အဖွဲ့တစ်ဖွဲ့၏ လက်နှက်ကိုင်တိုက်ခိုက်မှု့ တွင် ပြန်လည်ခုခံရန်လက်နှက်ပါမလာသော ဆလာရန်း ပဇာဘိုရွန်းဈေး ကားပါကင် တန်းတွင် ဖြစ်ပျက်ခဲ့မှု့အတွက် ယခုအခါ မလေးရှားနိုင်ငံသားများ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများကြားတွင် များစွာဂယက်ရိုက်နေပြီး မြန်မာပြည်သတင်းဌာနများ လူအဖွဲ့စည်များမှ စတင်ခေါင်းကိုက်နေကြပြီဖြစ်သည် ။
 

င်္Source :
KOSMO
 
MALAYSIA TODAY
 

0 ကွန်မန့်ရေးရန်:

Post a Comment