Sunday, June 2, 2013

ရီးရဲ မက်ဒရစ် သို့ ပြောင်းလို သည်ဟု ဆွာရက်ဇ် ဝင်ခံ

ဗြိတိန် မီဒီယာ တွေ ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဆွာရက်ဇ် ဟာ အင်္ဂလန်မှာ ဆက်မနေလိုတော့ပဲ သူ့ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ စပိန်က ရီးရဲ မက်ဒရစ်သို့ ပြောင်းရွေ့လိုသည် ဟု ပြောကြားလာခဲ့ပါသည်။

"ကျနော် ရီးရဲ ကို ပြောင်းဖို့ ဆုံးဖြတ်တာ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ငွေကြေးကြောင့် ပြောင်းတယ်ဆိုရင် အရင်ကတည်းက ပြောင်းခဲ့မှာပါ။ အဓိက ပြသနာက ကျနော့် မိသားစု နဲ့ ကျနော်ပုံရိပ်ပါပဲ။ နည်းပြနဲ့ အသင်းက လူတွေလည်း သိပါတယ် အင်္ဂလိပ် မီဒီယာတွေ ကျနော့်ကို ဘယ်လို ဆက်ဆံလည်း ဆိုတာကို။ အခု ကျနော် နေလို့ ထိုင်လို့ လုံးဝ အဆင်မပြေပါဘူး။ " ဆိုပီး ပြောကြားခဲ့ပါတယ်။

လီဗာပူး အသင်းအနေနဲ့ လည်း အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ယောက်ကို လက်မလွှတ်ချင် သေးပါဘူး။ ဆွာရက်ဇ် ဘက်က ရပ်တည်ပီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစာနေပေမယ့် ကာယကံ ရှင် ကစားသမား ကိုယ်တိုင်က အင်္ဂလန် မှာ မပျော်ပိုက်တော့တာမို့ ရီးရဲ ရဲ့ တရားဝင်ကမ်းလှမ်းမှုကို သာ စောင့်ဆိုင်းနေဖို့ ရှိပါတော့တယ်။

ရီးရဲ အသင်းအနေနဲ့ စတာလင်ပေါင် သန်း ၂၀ အပါအဝင် အရန်အသင်း တိုက်စစ်မှူး ကယ်လီယွန်ကို အလိုက်ပေးကမ်းလှမ်းဖို့ ရှိနေပီး လီဗာပူး အသင်း တောင်းဆိုထားတဲ့ သန်း၅၀ နဲ့ တော်တော် ကွာခြား မှု ရှိနေပါသေးတယ်။

~~~ ရီးရဲ ရောက်သွားခဲ့ရင်လည်း အောင်မြင်ပါစေ LS 7 ~~~

<YNWA>

Admin <Zwe>

0 ကွန်မန့်ရေးရန်:

Post a Comment