Wednesday, May 1, 2013

လူကြီးလောက်နီးနီး အာဏာရှိ

Aung Aung shared Aye Chan Mon's photo.
လူကြီးလောက်နီးနီး အာဏာရှိတယ်လို့ ထင်နေတဲ့ကောင်တွေချည်းပဲ။ မယုံရင် လူကြီးအိမ်က ကားတွေအတွက် စက်သုံးဆီထုတ်ပေးနေရတဲ့ မော်တော်ယာဉ်ကအရာရှိတွေကို သွားမေးကြည့်။

ဗိုလ်ချုပ်သားတွေ ရမ်းကားတာကို အကြောင်းပြုပြီး ဦးသိန်းစိန်ကို လော်ဘီလုပ်တဲ့သူတွေက ဘုန်းတော်ဘွဲ့တောင် ကောက်ရေးလိုက်သေးသဗျ။ အင်းပေါ့လေ .. ဘာပဲဖြစ်ဖြစ် ရတဲ့အခွင့်အရေးကို လက်လွတ်မခံပဲ အသုံးချတတ်တာ ချီးကျူးမိပါရဲ့။ (သမ္မတကတော် ဒေါ်ခင်ခင်ဝင်းဟာ တစ်ရက်မှာ သူ့သမီးကြီးနဲ့ ရန်ကုန်မြို့တွင်းမှာ အရပ်သုံးဆလွန်းကားတစ်စီးနဲ့ သွားလာနေတုန်းမှာ ယာဉ်ထိန်းရဲတစ်ယောက်က တားပြီး ဖမ်းပါသတဲ့။ ပြီးတော့ လိုင်စင်စစ်ပါတယ်။ ပြီးတော့ ကားထဲကို ကြည့်လိုက်တော့ အမျိုးသမီး(၂)ဦးနဲ့ အူတူတူအတတ ယာဉ်မောင်း၊ စုစုပေါင်း(၃)ဦး ပြူးကြောင်ကြောင်နဲ့ ကြည့်နေတာ တွေ့ရတော့ ဟိန်းဟောက်ပြီး ပြောပါသတဲ့။) ဆိုပဲဗျ။ ဒေါ်ခင်ခင်ဝင်းကတော့ အူတူတူအတတဖြစ်ချင်ဖြစ်လိမ့်မယ်၊ သူ့ယာဉ်မောင်းတွေကတော့ အူတူတူအတတကောင်တွေ မဟုတ်တာ အသေအချာပဲ။ လူကြီးကားတွေမောင်းရတဲ့ ဒရိုင်ဘာတွေဆိုတာ သူတို့ကိုယ်သူတို့ လူကြီးလောက်နီးနီး အာဏာရှိတယ်လို့ ထင်နေတဲ့ကောင်တွေချည်းပဲ။ မယုံရင် လူကြီးအိမ်က ကားတွေအတွက် စက်သုံးဆီထုတ်ပေးနေရတဲ့ မော်တော်ယာဉ်ကအရာရှိတွေကို သွားမေးကြည့်။ လူကြီးကားမောင်းတဲ့ နှစ်ရစ်နဲ့ ဒရိုင်ဘာက မော်တော်ယာဉ်တပ်က ဗိုလ်ကြီးကို “အေး ... ငါ့ကား ... ဘယ်မှာရပ်ထားတယ်၊ အဲ့တာ မင်း ဆီ ဘယ်နှစ်ဂါလံ လာဖြည့်ပေးစမ်း” လို့ ဖုန်းဆက်ပြီး ခိုင်းနေကြ။ လူကြီးအိမ်က ဒရိုင်ဘာတွေ ဘယ်လောက်ဆိုးလဲသိချင်ရင် ခုသမ္မတရုံး၊ ၀န်ကြီးဌာန (၂) မှာ ဒုညွှန်မှူးဖြစ်နေတဲ့ ဒုဗိုလ်မှူးကြီးဟန်မင်းအောင်ကိုသာ တိုးတိုးတိတ်တိတ် မေးကြည့်ပေတော့။ သူက မော်တော်ယာဉ် (၂) မှာ တပ်ရင်းမှူးလုပ်ခဲ့တုန်းက အဲ့ဒရိုင်ဘာတွေ ဆိုးသမျှကို အောင့်သက်သက်နဲ့ ခါးစည်းခံလာခဲ့ရတာ။ ယာဉ်ထိန်းက ပုဂ္ဂိုလ်တွေရေ ... ပုံပြင်လေးကို အဟုတ်မှတ်ပြီး သူတို့ကားတွေကို သွားမဖမ်းနဲ့ဦးနော်။ ဒရိုင်ဘာက ထွက်ပြီး နပန်ကျင်းရင်ကျင်း၊ မကျင်းရင် ရဲတပ်ရင်း အပြောင်းခံနေရမယ်။ ပြောမဲ့သာပြောရတယ်။ ယာဉ်ထိန်းရဲတွေက နပ်ပြီးသားပါ။ ကားကြည့်တာနဲ့ လူကြီးကားလား၊ ဟိန်းဟောက် ငွေတောင်းလို့ရတဲ့ အရပ်သားတွေကားလားဆိုတာ အလွတ်ရပြီးသား။ ဘာပဲပြောပြော ပုံပြင်လေးက ဖတ်လို့တော့ ကောင်းပါတယ်။ နောက်လည်း များများရေးနိုင်ပါစေဗျာ။

အေးချမ်းမွန် Credit & Copy From >Moe Zay Nyein<Thank
https://www.facebook.com/excellencemedia

0 ကွန်မန့်ရေးရန်:

Post a Comment