Wednesday, May 22, 2013

ကမြောကင်း တံတားပေါ်မှ ကျောင်းဆရာမတဦး ခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွား


ထားဝယ်မြို့ ၏ အထင်ကရ တံတားတစ်စင်းဖြစ်သော ကမြောကင်း တံတားပေါ်တွင် မေလ ၂၁ ရက်နေ့  မွန်းလွဲပိုင်းက အမျိုးသမီး တစ်ဦး တံတားပေါ်မှ ခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တံတားပေါ်မှ ခုန်ချခဲ့သူ အမျိုးသမီးမှာ ထားဝယ်မြို့ ပေါ်မှဖြစ်ပြီး ကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း၊ တည်ငြိမ်အေးဆေးစွာ နေတတ်သူ တစ်ဦးဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ ခုန်ချခဲ့သည်ကို မသိရှိကြောင်း ကာယကံရှင်မိသားစုများထံမှ သိရှိရသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့် ကလည်း အဆိုပါတံတားပေါ်မှ ကျောင်းဆရာမတစ်ဦး ခုန်ချ၍ အဆုံးစီရင်ခဲ့ပြီး ၁ ပတ်ခန့် အကြာမှ အလောင်းကို ထားဝယ်မြစ်တွင်း ပြန်လည်ရှာဖွေတွေ့  ရှိခဲ့ဖူးကြောင်း သိရှိရသည်။

အလောင်းကိုညနေ ၅ နာရီကျော်အထိရှာဖွေနေသော်လည်းမတွေ့ ရှိရသေးကြောင်းသိရသည်။

သတင်း - ဓါတ်ပုံ Phyo Zin

ကမြောကင်း တံတားပေါ်မှ ခုန်ချသွားတဲ့ ကျောင်းဆရာမအား ရှာဖွေနေစဉ်

0 ကွန်မန့်ရေးရန်:

Post a Comment