Saturday, May 18, 2013

တြိဂံ တိုင်းမှုး ဘ၀ ကတည်း က ၀ ကို မျက် နှာ ပေး ခဲ့သည့် ဦးသိန်းစိန် အခု ရွှေ ရေးပန်း ကန် တက် ချိန် ၀ ပြဿနာ ကို ဘယ် လို ဖြေရှင်း မလဲ



ထူးခြားတာက ၀တပ်မတော် အဲဒီလို အင်အာကြီးမားလာတာ တရုတ်ကြောင့်ဖြစ်ပေမယ့် တရုတ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက်စွက်ဖက်တယ်ဆိုတဲ့စကားလုံးကို ယခင်/ယခုအစိုးရကကော တပ်မတော်ကပါ မသုံးစွဲဝံ့တာက အံ့သြစရာဖြစ်ပါတယ်။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဆိုပြီ မြို့နယ် (၆) မြို့နယ် နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်ရပါတယ်..။ အဆိုးဆုံးတစ်ချက်က ပြည်ထောင်စုအစိုးရရဲ့ ပေါ်လစီနဲ့ ညွှန်ကြားချက်မလိုပဲ ၀ ပြည်နယ်အစိုးရနဲ့ တရုတ်နဲ့ တိုက်ရိုက် ဆက်ဆံခွင့်အာဏာကို ပေးလိုက်ရတာဖြစ်ပါတယ်..။ အမေရိကန်မှာတောင် ဖက်ဒရယ်ပြည်နယ်အစိုးရအဆင့်က အခြားနိုင်ငံအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံခွင့် မရှိပါဘူး။

0 ကွန်မန့်ရေးရန်:

Post a Comment