Tuesday, April 2, 2013

အများပြည်သူစောင့်မျှော်နေကြသည့် ၅၀၀၀ တန်SIM ကဒ်

မိုး ခါး shared Myawady News's photo.
အထူးသတင်း...အမှန်တစ်ကယ်နော်အတည်ပြောတာ
>>>>>>>>>>>>>>>>>>>>>>..

၅၀၀၀ တန် SIM ကဒ်များ စတင်ဝယ်ယူနိုင်ပြီ..

အများပြည်သူစောင့်မျှော်နေကြသည့် ၅၀၀၀ တန်SIM ကဒ်များ ကို ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးချုပ်တွင် မနက် ၇း၀၀ မှ စတင်ဝယ် ယူနိုင်မည်ဖြစ်ပြီး ၊ တနေ့ထဲမှာပင် ရန်ကုန်မြို့ တွင်းရှိ မိုဘိုင်းဖုန်း အရောင်ဆိုင်များတွင်ပါ ရောင်းချနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းမှ မကြာမီ နာရီပိုင်းအတွင်း ကထုတ်ပြန်ကြေငြာခဲ့ပါသည် ။

ယခု ဖြန့်ချီလိုက်သော SIM ကဒ်များတွင် ဂဏန်း အရေအတွက် ၁၄ လုံးပါရှိမည်ဖြစ်ပြီး ၊ အင်တာနက်လိုင်း ချိတ်ဆက်လိုသူများ အတွက်တော့ သီးသန့်ထပ်မံလျှောက်ထားရမည်ဟုသိရပါသည် ။ ၀ယ်ယူရာတွင်လည်း ယခင်ကဲ့သို့ မှတ်ပုံတင် ၊ သန်းခေါင်းစာရင်းတို့  မလိုအပ်တော့ပဲ လွတ်လပ်စွာဝယ်ယူနိုင်မည်ဟုသိရပါသည် ။

တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ မှာတော့  အထွက် ခေါ်ဆိုမှုအတွက် တမိနစ်လျှင် ၃၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ် ။

ရန်ကုန်မြို့ အတွက် ဖုန်းလိုင်းအရေ အတွက် ငါးသောင်း ကို ဦးစွာပထမ ချထားပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါအပ်ပါသည် ။

သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

http://bit.ly/10racPb
အထူးသတင်း...အမှန်တစ်ကယ်နော်အတည
်ပြောတာ

0 ကွန်မန့်ရေးရန်:

Post a Comment