Sunday, April 7, 2013

ငါးထောင်တန် ငွေစက္ကူအတုတွေ မိပြန်ပြီ


Saturday, April 6, 2013
ငါးထောင်တန် ငွေစက္ကူ အတုတွေ  မကြာခဏ ဖမ်းဆီးရမိလေ့ရှိတတ်ရာမှာ အခုတော့ ကချင်ပြည်နယ် မြစ်ကြီးနား မှာ မတ်လ ၂၈ ရက်နေ့က ဖမ်းမိလိုက်ပါတယ်။ 





ဆိုင်ကယ်ဆိုင်မှာ ၅ ထောင်တန် အတုနဲ့ ဆိုင်ကယ် လာရောက်ဝယ်စဉ်မှာ ငွေစက္ကူအတုတွေကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာလို့ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

အဲဒီလို ငွေစက္ကူအတုတွေ ဖမ်းမိတာနဲ့ပတ်သက်ပြီး ကွင်းဆက်တွေလိုက်လံဖော်ထုတ်ကာ စုစုပေါင်း ၆ ဦး ကို အရေးယူထားတယ်လို့ ဆိုပါတယ်။ 

အခုဖြစ်စဉ်မှာ ငွေစက္ကူအတုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အဆိုပါအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီခံရသူတဦးရဲ့ ၀န်ခံ ဖြောင့်ချက်ထဲမှာ ၅ ထောင်တန် အတု တွေကို မြန်မာနိုင်ငံထဲမှာ ထိုးဖောက်ကာ စမ်းသပ်သုံးစွဲဖို့ စီမံခဲ့ တယ် လို့ ဆိုပြီး အောင်မြင်သွားမယ်ဆိုရင် ပမာဏ ကြီးကြီးမားမား နောက်ထပ် ပေးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ 

ငွေစက္ကူအတုနဲ့ နိုင်ငံတခုရဲ့ စီးပွားရေး ချွတ်ခြုံကျအောင် စီမံတတ်တဲ့ မသမာတဲ့ သီအိုရီ တခုကို ကျင့်သုံးခဲ့ဖူးတဲ့ သမိုင်းကြောင်းဟာ ကမ္ဘာပေါ်မှာ အခုထိ တွင်ကျယ်နေပါသေးတယ်။ 





အိမ့်သံစဉ် ~ 

ဆက်စပ် သတင်း 

၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

0 ကွန်မန့်ရေးရန်:

Post a Comment