Sunday, April 21, 2013

သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွား

[ Voice of the Day ]

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ်မတော်မှ သမ္မတတစ်ဦး၏ အမည်စာရင်း လွှတ်တော်သို့ တင်ပြခြင်းကို ပြင်ဆင်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်းက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
"သမ္မတရွေးတဲ့ နေရာမှာ ပြည်သူ့လွှတ်တော်ကတစ်ဦး၊ အမျိုးသားလွှတ်တော်က တစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်က တစ်ဦး ဆိုပြီး အဆိုတင်သွင်းကြတယ်။ အဲဒီထဲမှာမှ သမ္မတတစ်ဦးကို ရွေးတဲ့အခါ ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့ သူသာ ရထားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ အဲဒီအချက်ကို ပြင်ချင်တာ"ဟု ၄င်းက ပြောသည်။

ဧပြီလ ၈ ရက်နေ့ထုတ် Messenger သတင်းဂျာနယ်ပါ
“ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တပ်မတော်မှ သမ္မတတစ်ဦး အမည်စာရင်း တင်သွင်းခြင်းကို ဦးအောင်သိန်းလင်းက ပြင်ဆင်လို ဟုဆို” သတင်းမှ ကောက်နုတ်ချက်

0 ကွန်မန့်ရေးရန်:

Post a Comment