Thursday, March 7, 2013

ရလာဒ်ကောင်းတွေကို နိုင်ငံအတွက် ရယူပေးနိုင်ပါစေလို့ ဆုတောင်းတဲ့Nang Khin Zay Yar

 
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/553753_466067320110534_457114049_n.jpg
မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ AFC Challenge Cup ပြိုင်ပွဲဝင်ခွင့် ခြေစစ်ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ညီမတို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ခြေစစ်ပွဲကိုအောင်မြင်ကာ Maldives နိုင်ငံမှာကျင်းပမယ့် 2014 AFC Challenge Cup ပြိုင်ပွဲကြီးကို တက်ရောက်သွားပြီဖြစ်ပါတယ်။
မြန်မာဘောလုံးအသင်းကို တစ်ခဲနက်အားပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားပါရစေ....။ ညီမတို့အနေနဲ့ မြန်မာဘောလုံးအသင်းရဲ့ ဆက်လက်ယှဉ်ပြိုင်မယ့် နိုင်ငံတကာပြိုင်ပွဲများမှာလည်း မြန်မာအသင်းကို ဆက်လက်အားပေးကြရအောင်နော်....။

မြန်မာအသင်း AFC Challenge Cup ခြေစစ်ပွဲအောင်မြင်အောင် အထူးကြိုးစားကစားခဲ့ကြတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ကစားသမားများကိုလည်း ညီမရဲ့ ပရိသတ်များနဲ့အတူ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီနေရာကနေပြောကြားလိုက်ပါတယ်။ နောက်နောင်ပြိုင်ပွဲများမှာလည်း အခုလိုမျိုး ရလာဒ်ကောင်းတွေကို နိုင်ငံအတွက် ရယူပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment