Friday, March 29, 2013

၉၆၉ က တရားဝင်လားလို့ မေးနေသူများအတွက်ပါ..............

===============================

* ဗုဒ္ဓံ ဓမ္မံ သံဃံ * ဆိုတဲ့ ရတာနာမြတ်သုံးပါးကိုလည်း ကိုယ်စားပြုပါတယ်..

ဗုဒ္ဓံ ဘုရားဂုဏ်တော် (၉) ပါး .....တရားဝင်လား မ၀င်ဘူးလား...????
ဓမ္မံ တရားဂုဏ်တော်(၆) ပါး.... တရားဝင်လား မ၀င်ဘူးလား..????
သံဃံ သံဃံ ဂုဏ်တော်(၉)ပါး..တရားဝင်လား မ၀င်ဘူးလား....??? တရားမ၀င်ဘူးလို့ ပြောသူများ ဘာလို့ ခင်ဗျားတို့ နှုတ်က * ဗုဒ္ဓံ ဓမ္မံ သံဃံ * နဲ့  ဘုရားဂုဏ်တော်တွေကို ရွတ်နေရပါသလဲ....????

ဒီလိုပဲ (၂၄) ပစ္စည်း ပဌာန်း ပါဠိတော်ကရော...တရားမ၀င်ဘူးလား..???
သာသန အလံတော်ကရော တရားမ၀င်ဘူးလား....???
အသောက မင်းအထိမ်းအမှတ်ဆိုတာ အသောကမင်းကြီး သာသနာပြန့် ပွားအောင် လုပ်ခဲ့ လို့ ကျွန်တော်တို့ ဒီဗုဒ္ဓသာသနာကို ယနေ့ တိုင် ကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့ ကျေးဇူးတော်ကို မမေ့ ဖို့ နဲ့ သာသနာပြုရာမှာ အဲဒီထဲက ပါဝင်တဲ့ သတ္တ၀ါတွေကို အတုယူဖို့ ။
ဒါတွေအားလုံးပေါင်းစုထားတဲ့ ၉၆၉ အမှတ်တံဆိပ်တော်ကို တရားမ၀င်ဘူးလို့  ပြောသူသည်...ဘာသာ သာသနာကို ဖျက်ဆီးနေသူဖြစ် ပါသည်။

ဒီတော့ ၉၆၉ သည် ဘုရား တရား သံဃာ ကို ဦးထိပ်ထားတာဖြစ်လို့ ...အကြမ်းလဲ မဖက်ပါဘူး.ထို့ အပြင် ဂဏန်းသုံးခွင့်ရှိ မရှိလေ့လာရာမှာ ၃၈၄ ဆိုတာကို သွားတွေ့ ရပါတယ်..၃= ရတနာ သုံးပါး၊ ၈= မဂ္ဂင် ရှစ်ပါး ..၄= သစ္စာ ၄ ပါးဆိုပြီး ရှိဘူးပါတယ်..ဒီလို တရားဓမ္မတွေနဲ့ သွားနေတာမှာ အကြမ်းဖက်တယ်ဆိုတာ ဟုတ်ပါ့မလားဗျာ.. စဉ်းစဉ်းစားစားလဲ ပြောကြဆိုကြပါ
---------------------------------------------------------------------
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C) ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

0 ကွန်မန့်ရေးရန်:

Post a Comment