Tuesday, January 1, 2013

(30.12.20120 နေ့) လေယာဉ်အမှတ်စဉ် (8M336)MAI နဲ့ မြန်မာလေဆိပ် လဝက အကြောင်း (အားလုံးဖတ်ရန်)

                
                           ဒီနေ့  မနက် ထိုင်းစံတော်ချိန် မနက် ၆ ခွဲမှာ MAI လေယာဉ်အမှတ်စဉ် ( 8M336) လေယာဉ်နဲ့ ထွက်လာတာ ရန်ကုန်လေဆိပ်ကို မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာရောက်တယ်..လေဆိပ်တာဝန်ရှိတဲ့သူတွေက (ယဉ်ကျေးစွာပြောတာပါ )တကယ်တော့ လိုင်စင်ရ သ**********တွေပါ..နိုင်ငံခြားပြန် ခရီးသည်တွေဆို သူတို့ တွက် ငွေထုပ်တွေလိုသဘောထားပုံတွေ့ ရတာပဲ
                         ဖြစ်ပုံက အသိမိသားစုတွေ ထိုင်းမှာ သူတို့ အဖေကို ဆေးရုံ ရက်ချိန်သွားပြတာ..ထိုင်းကပြန်တော့ ထိုင်းမှာ အရင်ထဲက ရောက်နေတဲ့ ညီမတစ်ယောက်ကို မြန်မာပြည်ကိုပြန်ခေါ်လာခဲ့တယ်..သူ့ မှာလည်း ထိုင်းမြန်မာသံရုံးကထုတ်ပေးထားတဲ့ ပက်စ်ပိုစ့် အပြည့်အစုံနဲ့  ထိုင်းလေဆိပ်မှာ အားလုံး အိုကေတယ်..မြန်မာပြည် လေဆိပ်ကြမှ ကိုယ်တော်ချောတွေက ပက်စ်ပိုစ့်ထဲက မွေးနေ့ နဲ့  မှတ်ပုံတင်က မွေးနေ့ မတူလို့  ၇စ်ပါလေရော..ထိုင်းငွေ ဘတ် ၂၀၀၀ ကျော် တောင်းတယ်..နောက်ဆုံး ၁၅၀၀ နဲ့ တည့်သွားတယ်..
                        ကျနော် ပြောချင်တာ ဥပဒေအတိုင်းလုပ်မယ်ဆိုလည်း ဥပဒေတိုင်း လုပ်သွားပါ ..ဘာပဲဖြစ်ဖြစ် ခံမယ်..ခုဟာ ဥပဒေကို ခုတုံးလုပ်ပြီ ( ကုလား တရုတ်တွေကြ ) ရက်ရက်ရောရော ပေးပြီး ၀င်နေတာ မရစ်ပဲ ..မြန်မာလူမျိုးစစ်စစ် ကိုယ့်ပြည် ကိုယ်ပြန်တာ ရစ်ပြီး ပက်ဆံဇွတ်တောင်းနေလို့  ပေးခဲ့ရတယ်..ကောင်းကြသေးရဲ့ လားဗျာ..နိုင်ငံခြားသားတွေ မြင်ရင်လည်းရှက်စရာ..အထက်ကပြောင်းနေပါ ပြီးဆိုပြီး
အောက်ခြေကတော့ ယခင် စစ်အစိုးရအတိုင်း ပြည်သူတွေကိုနှိပ်စက်နေတုန်းဆိုတာ လက်တွေ့ သိမှ ယုံရတော့တယ်..နေ့ စဉ်နဲ့ အမျှ ပြန်လာနေတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်များများ ဒီလိုပေးနေရတယ်ဆိုတာ မဖော်ပြကြလို့  မသိရတာ.ခုဖြစ်စဉ်ကိုလည်း သမ္မတရုံးထိ သက်သေနဲ့ တိုင်ပါမယ်..နောက်လူတွေလည်း ပြည်တော်ပြန်ဝင်မယ်ဆို လူလို ငွေညှစ်တာနဲ့ ကြုံရင် ငြိမ်မနေကြပါနဲ့ ဖော်ထုတ်ကြပါ..ဓါတ်ပုံ ဗွီဒီယို အသံဖိုင်နဲ့ တင်ကြပါ..အကယ်၍ ကိုယ်တိုင်မတင်ချင်ရင် ကျနော့ဆီပို့ ပေးပါ..ဖေ့ဘုတ်နဲ့  ကျနော့ ဘလော့ စပ်မိစပ်၇ာမှာဖော်ပြပေးပါမယ်..အထောက်ထားခိုင်လုံစွာနဲ့ ပို့ ပေးပါ
http://myokyi.blogspot.com/

0 ကွန်မန့်ရေးရန်:

Post a Comment