Sunday, November 11, 2012

ကမ္ဘာ့ပထမဆုံး HDTV resolution (1080P) ရှိသော HTC စမတ်ဖုန်း- HTC J Butterfly



HTC J Butter fly ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ဂျပန်နိုင်ငံမှာ မိတ်ဆက်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ယခု ထွက်ရှိလာတဲ့ သတင်း ကတော့ အမေရိကန်နိုင်ငံမှာ ဖြန့်ချိဖို့အတွက် ဗားရှင်း အသစ် HTC Droid DNA ထွက်ရှိမယ်ဆိုတာပဲ ဖြစ်ပါတယ်။

အမှန်တော့ HTC J Butterfly ပဲဖြစ်ပြီး အမည်ပြောင်းလဲရုံမျှဖြစ်တယ်လို့ ဆိုပါတယ်။ HTC မှ သမိုင်းတွင်မယ့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ 1080p resolution ထောက်ပံ့ပေးနိုင်မယ့် Display ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက်က ရေစိုခံ (Water proof) စမတ်ဖုန်းဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။


Samsung ရဲ့  Galaxy Note 2 နဲ့ ယှဉ်လို့ ရပါတယ်။ မျက်နှာပြင်အရွယ် အစား က ၅ လက်မရှိပြီး Super LCD 3 ကိုအသုံးပြု ထားပါတယ်။ pixel density က 440 ppi ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ iPhone 5 ရဲ့  Retina Display တောင် 326 ppi, Nokia Lumia 920 က 332 ppi ဆီပဲ ရှိပါတယ်။ ဒါကြောင့် HTC J Butterfly ရဲ့  ဖန်သားမျက်နှာပြင်က အကောင်းဆုံး ဖြစ်ပါတယ်။

ကင်မရာကလည်း ယခု နောက်ထွက်ဖုန်းများလိုပဲ 8 megapixel resolution တပ်ဆင်ပေးထားပါတယ်။ ရှေ့ ကင်မရာကလည်း VGAမဟုတ်တော့ပါဘူး။ 2.1 megapixel တောင်ရှိပြီး resolution ကောင်းကောင်းနဲ့ ထောက် ပံ့ ပေးထားပါတယ်။ Memory ကလည်း 2GB RAM, Storage က 16GB , မိုက်ခရိုSD နဲ့ 32 GB အထိလည်း ထပ်မံ မြင့်တင် နိုင်ပါတယ်။

Screen ကအထူးခြားဆုံး ဖြစ်ပါတယ်။ Sharp ကုမ္မဏီရဲ့  (IGZO) နည်းပညာ သုံး မျက်နှာပြင်ဖြစ်ပြီး စွမ်းအင် အသုံးပြုမှု နည်းပါတယ်။ resolution ကလည်း Full HD -1920x1080 pixels ရှိပါတယ်။ CPU က Quad-core 1.5 GHz APQ8064 processor ဖြစ်ပါတယ်။

Android ကတော့ 4.1 Jelly Bean နဲ့ ထွက်ရှိမှာလို့ ဆိုပါတယ်။ Specification လည်း မြင့်သလို ဈေးလည်း မသေးမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ က စလို့ ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Dimensions :143 mm (5.6 in) H
71 mm (2.8 in) W
9.1 mm (0.36 in) D

Operating system : Android 4.1 Jelly Bean
SoC : Snapdragon S4 Pro

CPU : Quad-core 1.5 GHz APQ8064 processor
Memory : 2 GB RAM

Storage : 16 GB Internal
Removable storage :Expandable up to 32GB with micro SD

Battery : 2020 MAh
Display : 5 inch "Super LCD 3" display
1920x1080 pixels (440 ppi)

Rear camera : 8 MP
Front camera : 2.1 MP

Connectivity Bluetooth 4.0, WiFi, NFC, FeliCa, infrared
----
Ref: HTC
Aung Kham (TSJ team)


--
ခင်မင်စွာဖြင့်,

Youngster

0 ကွန်မန့်ရေးရန်:

Post a Comment