Tuesday, November 13, 2012

ငလျင်ကြီးကြောင့် သေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိ


ရွှေဘိုအနီး ဆိုးဆိုးရွားရွား ပျက်စီးနေသော ကျေးလက်ဒေသ မြင်ကွင်း (ဓာတ်ပုံ - Reuters)
တနင်္ဂနွေနေ့က လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် သေဆုံးသူ အနည်းဆုံး ၂၆ ဦးရှိနေကြောင်း နိုင်ငံတကာ ကြက်ခြေနီ နှင့် လခြမ်းနီ အသင်းက သတင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်မြို့တော်မှ လာသည့် အေဂျင်စီသတင်းတို့က ဆိုသည်။

ပျောက်ဆုံးနေသူ အရေအတွက်မှာ ၁၂ ဦး ရှိသည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ထွတ်က AFP သတင်းဌာနကို ပြောသည်။

ဒဏ်ရာရသူ ၂၃၁ ဦးရှိသည်ဟု သိရှိရသည်။

ဆေးရုံ ၂၂ ခု ။ ဘာသာရေး အဆောက်အအုံ ၁၃၇ ခု ။ အိမ် ၂၅၁ လုံး ။ အစိုးရရုံး ၄၈ ရုံး ပျက်စီး ထိခိုက်သည်ဟု AFP သတင်း တစ်ပုဒ်က ကြက်ခြေနီအဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားသည်။
 
သတင်းရင်းမြစ် - မိုးမခ

0 ကွန်မန့်ရေးရန်:

Post a Comment