Monday, November 12, 2012

ယုဇနဥယျာဉ် မြို့တော်တွင် ဆန္ဒပြ


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ် မြို့ တော် အိမ်ယာ၌ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ မရရှိခြင်း ၊လမ်းများ ရေမြောင်းများ နောက်ဖေး လမ်းကြားများ၌ အမှိုက်များဖြင့် ညစ်ပါတ်နေခြင်း မိုးရာသည်တွင် လမ်းများ ရေမြှပ် သဖြင့်ရေတံခါး ရေနူတ်မြောင်းများ ရှင်းလင်းဖေါ်ပေရေး၊ လမ်းမီးတိုင်များအပြည့်အ၀မီးမလင်းသဖြင့်လုံခြုံမှုစိုးရိမ်ရခြင်း အားကစားကွင်းအား ယုဇနကုမ္မဏီ ဘောလုံးအသင်းမှ သိမ်းယူထားသဖြင့် ရပ်ကွက်လူငယ်များ အတွက် ဘောလုံး အားကစားကွင်း အစားပြန် လည်ပေရေး စသည့်ကြွေးကြော်သံများဖြင့် ယနေ့ နေ့လည်၂နာရီမှ စတင်လမ်းလျှောက် ဆန္ဒပြရာ ညနေ ၃း၃၀ နာရီခန့်တွင် C block ကွက်လပ်နေရာ၌ ဦးအေးပိုင်နှင့် ဦးမောင်မောင်တို့မှ ယုဇနမြို့တော်တွင်း ကြုံတွေနေရသော အခက်အခဲများ ကို ရှင်းလင်းဟောပြော၍ ဆန္ဒပြမှုကို အေးချမ်းစွာ ရုပ်သိမ်းခဲ့ပါသည်။

ဤဆန္ဒပြမှုကို ခွင့်ပြုချက်ရယူကာ ပြုလုပ်ခြင်းဖြစ်ပြီး။ သက်ဆိုင်ရာများမှလည်း လုံခြုံရေးအရ ဆောင်၇ွက်ပေးခဲ့ကြောင်း တွေ့ရပါသည်။

By Myanmar News Now

ယုဇနဥယျာဉ် မြို့တော်တွင် ဆန္ဒပြ

0 ကွန်မန့်ရေးရန်:

Post a Comment