Tuesday, November 6, 2012

ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ


ယာဉ်ထိန်းရဲ အယောင်ဆောင် ငွေတောင်းခံ ကျူးလွန်မှုများ ရှိနေကြောင်း သတင်း အရ ရန်ကုန်တိုင်း ဒေသကြီး တပ်ဖွဲ့မှ စုံစမ်းလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး မှုခင်း ဖော်ထုတ်ရေး အဖွဲ့ မှုခင်း အကူဌာနစုမှ ရဲတပ်ဖွဲ့ဝင် များသည် ၄.၁၁.၂၀၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြို့တော် ဂေါက်ကွင်း အနီး လေဆိပ် လမ်းမပေါ်တွင် ယာဉ်ထိန်းရဲ ယူနီဖောင်း အကျီင်္ဖြူ (ရင် ၂၀၄၂ နံပါတ်ပါ) နှင့် နက်ပြာရောင် ဘောင်းဘီ ၀တ်ဆင်လျက် ယာဉ်ထိန်းရဲ အယောင်ဆောင် ဇော်သန်းဦး ဆိုသူအား မော်တော်ယာဉ် များကို တားဆီး စစ်ဆေး နေကြောင်း တွေ့ရှိရပြီး ၄င်း၏ ယူနီဖောင်း ဘောင်းဘီ အတွင်းမှ တောင်းယူထားသော ငွေ ၄၁၀၀ိ/- နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂၀၁၂၊  ပြစ်မှုပုဒ်မ ၁၇၀ ဖြင့်  အမှုဖွင့် အရေးယူ ထားကြောင်း  Myanmar  News Now  မှ စုံစမ်းသိရှိရပါသည်။


ယာဉ်ထိန်းရဲ ဒုတပ်ကြပ် အယောင် ဆောင်သူ  ဇော်သန်းဦး

0 ကွန်မန့်ရေးရန်:

Post a Comment