Saturday, November 3, 2012

• ၁၂ လရာသီအဟော (နိုဝင်ဘာလ၊ ၂၀၁၂ )



> အရှေ့တိုင်း ဇာတာဖွဲ့ဟောနည်းဖြစ်သော နိရာယနစနစ်ဖြင့်
> မြန်မာနိုင်ငံတော်၏ စံတော်ချိန်မျဉ်းကို မူတည်၍
> တွက်ချက်ထားသော ရက်စွဲများဖြင့်

> သတ်မှတ်ဟောကြားထားခြင်းဖြစ်ပါသည်။
 • မိဿရာသီ (ဧပြီလ ၁၃ ရက် မှ မေလ၁၃ ရက်အတွင်း) အတိုက်အခံများနှင့်ထိပ်တိုက်ရင်ဆိုင်ရခြင်းကြုံမည်။
အဆင်ပြေစွာဆက်ဆံရသူများနှင့်ပဋိပက္ခဖြစ်နိုင်သည်။
တစ်ပါးသူစကားနားယောင်ခြင်းကြောင့်အမှားအယွင်းကြုံမည်။
လုပ်ငန်းကိစ္စများအပြောင်းအလဲများဖြင့်အဆင်ပြေမည်။
ငွေကြေးကိစ္စများအဆင်ပြေမည်။
မောင်နှမသားချင်းကိစ္စများအတွက် လူပင်ပန်းမှု၊
အခက်အခဲဖြစ်မှုများကြုံမည်။
စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ၀ယ်ယူရန်ကြုံမည်။
ကိုယ်တိုင်တွင်လည်းကောင်း၊
မိသားစုတွင်လည်းကောင်း ငွေဝင်ကိန်းရှိမည်။
လက်လွန်ထားသည်များပြန်လည်ရရှိမည်။
အကြီးအကဲကျန်းမာရေးအတွက် ဆောင်ရွက်ရမည်။
ငယ်ရွယ်သူများအပေါင်းအသင်းဂရုစိုက်ရမည်။
လူပေါင်းမှားခြင်း၊ ဆုံးဖြတ်ချက်မှားခြင်း၊
အပေါင်းအသင်းကြောင့်အခက်အခဲ
အကြပ်အတည်းတွေ့ခြင်း၊ ပင်ပန်းမှုများကြုံမည်။
ပညာရှာသူများအဖို့ ပညာရေးတွင်
စိတ်ဝင်စားမှုနည်းပါးနေမည်။ ၀မ်းဗိုက်နာကျင်မှုခံစားရမည်
ဆေးထိုး၊ ဆေးသောက်မှားခြင်းများ အထူးဂရုစိုက်ရမည်။
ဘာသာရေးဆိုင်ရာများလည်းဆောင်ရွက်ဖြစ်မည်။
လုပ်ငန်းဆောင်ရွက်သူများ လုပ်ငန်းသစ်များ
တိုးချဲ့ဆောင်ရွက်ဖြစ်နိုင်မည်။

>> ယတြာ - မိမိမွေးနံထောင့်တွင်ခေါင်းလောင်း၊
ဆွဲလည်းလှူပေးခြင်း၊ အသံမြည်အောင်
လုပ်ဆောင်ပေးခြင်းဖြင့်လူပင်ပန်းမှု၊
အတိုက်အခံ၊ အခက်အခဲများလျော့နည်းစေပါမည်။
................................................................

• ပြိဿရာသီ (မေလ ၁၄ ရက်မှ ဇွန်လ ၁၃ ရက်အတွင်း)

တစ်ပါးသူတို့နှင့်မတူညီသော တွေးခေါ်ကြံဆမှုများကြောင့်
လုပ်ငန်းများတိုးတက်အောင်မြင်မည်။
အပြိုင်အဆိုင်များနှင့်ယှဉ်ပြိုင်တိုင်း မိမိက
သာလွန်ကောင်းမွန်မည်။
အထက်လူကြီး၊ဆရာသမားများ၏
အကြံဉာဏ်ကောင်းပေးခြင်းကြောင့်လည်း
အောင်မြင်မှုရမည်။ ငွေကြေးနှင့်ပတ်သက်သော
ကိစ္စရပ်များကိုဖြေရှင်းဆောင်ရွက်ရမည်။
ငွေကြေးဆုံးရှုံးမှုများရှိမည်။ မိမိထံတွင်လည်း
ငွေ ကြာရှည်မမြဲဖြစ်ရမည်။
တပည့်၊ သားသမီးများနှင့်ဆက်စပ်၍
ကောင်းကျိုးများကြုံတွေ့ရမည်။
ပညာရေးဆိုင်ရာ ပွဲလမ်းသဘင်များ တက်ရောက်ခွင့်ကြုံမည်။
နေအိမ်ရှိ သော့ခလောက် အပျက်များရှိပါက
ပြုပြင်ခြင်း၊ စွန့်ပစ်ခြင်း လုပ်ပါ။
အမျိုးသမီးအကြီးအကဲ ချော်လဲတတ်သည်။
သတိထားပါ။ ခရီးယာယီကြုံမည်။
ခါတိုင်းထက်ပိုပြီး မဟုတ်မခံစိတ်နှင့်
အလောတကြီးဆောင်ရွက်ခြင်း၊
စိတ်လိုက်မာန်ပါပြောဆိုခြင်းများရှိမည်။
မနာလိုသူ မြှောက်ပင့်၊ ညာစားသူများနှင့်ဆုံတွေ့ရမည်။
အမှန်စကားမပြော၊ လှည့်စားသူများ၏
ကောက်ကျစ်သောလှည့်ကွက်များကြုံတွေ့ရမည်။

>> ယတြာ - မိမိမွေးနေ့တိုင်း နို့နှင့်ပြုလုပ်သော
စားသောက်ဖွယ်ရာများ ဆွမ်းလောင်းလှူပေးပါ။
................................................................

• မေထုန်ရာသီ (ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ရက်အတွင်း)

လျှို့ ၀ှက်လုပ်ရမည့်ကိစ္စများကို လုပ်ကိုင်လိုသည့်
ဆန္ဒများရှိနေမည်။ သူတစ်ပါးနှင့်မတူ ဆန့်ကျင်ပြီး
တွေးခေါ်ဆုံးဖြတ်ချင်နေမည်။
တစ်ပါးသူက အကြံဉာဏ်ကောင်းများပေးသည်ကိုလည်း
လက်မခံဖြစ်နေမည်။ စိတ်တို၊ ဒေါသထွက်လွယ်မည်။
ထူးခြားစွာလုပ်ရန် ဆန္ဒများကြောင့်
ဆန်းပြားခြင်းရှိသော်လည်း ထိထိမိမိ
ထွန်းပေါက်မည့်အနေအထားမရှိပါ။
အိမ်လည်းမကပ်ရဖြစ်မည်။ ဆွေမျိုး၊
မိတ်ဆွေတစ်ဦး ခွဲစိတ်ကုသမှုကြုံတွေ့ရမည်။
လုပ်ငန်းခွင်မှသူများအဖို့
အခက်အခဲများကျော်လွှားနိုင်မည်။
အတိုက်အခံများကြားမှ ထင်ရှားသော တက်လမ်းများရရှိမည်။
ကျန်းမာရေးဂရုစိုက်ရမည်။
သစ္စာမဲ့သူများနှင့်တွေ့တတ်သည်။ လှည့်စားခံရမည်။
သောကဖြစ်စရာများကြုံမည်။
အရေပြားနှင့်ပတ်သက်သော ရောဂါ၊ ဝေဒနာ၊
အနာများခံစားရမည်။ မတော်တဆထိရှမှုဂရုစိုက်ပါ။
စက်ပစ္စည်းများ သတိထား၍ကိုင်တွယ်ပါ။
အိမ်အနီးနားတွင် မီးလန့်ခြင်းဖြစ်တတ်သည်။
ကိုယ့်အမှားကိုမမြင်သူ၊ သူတစ်ပါးအပေါ် ခပ်ညစ်ညစ်ဆက်ဆံတတ်သောသူများ
ဝါကြွားတတ်သောသူများအကြား
အလုပ်ကိစ္စများဆောင်ရွက်ရမည်

>> ယတြာ - မိမိအ၀တ်အထည်များဖြစ်စေ၊
အသစ်များဖြစ်စေဒါနပြုပေးပါ။ မွေးနေ့
(သို့) မွေးထောင့်ရှိ ဘုရား၊ စေတီတွင် ရွှေသင်္ကန်းကပ်လှူပါ။
................................................................

• ကရကဋ်ရာသီ (ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၁၅ရက်အတွင်း)

အရာရာသတိရှိရမည်။ ကိုယ့်ကိစ္စမဟုတ်ဘဲ
တစ်ပါးသူကိစ္စများကူညီရင်း သူများပြဿနာ၊
ကိုယ့်ပြဿနာဖြစ်တတ်သည်။
လူမှုရေးတွင်အညံ့အဆိုးများရှိမည်။
မိဘ၊အကြီးအကဲများကျန်းမာရေးအညံ့ရှိက
မပေါ့ဆသင့်။ ရေးတယူကုသသင့်သည်။
ဆေးရုံ၊ဆေးခန်းကိစ္စများကြုံတွေ့ရမည်။
ဆန့်ကျင်ဘက်အတိုက်အခံပြုသူများနှင့်တွေ့ရမည်။
ငွေကြေးဆုံးရှုံးမည်။ ငွေကြေးကိစ္စများအတွက်
ပင်ပန်းမှုကြုံမည်။
နေအိမ်တွင် စက်ပစ္စည်းအပျက်များရှိပါက စွန့်ပစ်ပါ။
ပျိုရွယ်သူများ အချစ်ရေးကိစ္စကြောင့်
နာမည်ဂုဏ်သတင်းကျဆင်းမည်။ အနောက်အရပ်သို့
ညအိပ်ခရီးမသွားသင့်ပါ။ နေအိမ်သို့လည်း ညအိပ်၊
ညနေဧည့်သည် လက်ခံရန်မသင့်ပါ။
အထူးသဖြင့်မိမိနေအိမ်မှ ဆေးရုံ၊ ဆေးခန်းလာပြသူကို
ပို၍ လက်မခံသင့်ပါ။ စိတ်အနှောင့်အယှက်များရှိမည်။
ကျန်းမာရေးအညံ့များကြုံတတ်သည်။
ဂုဏ်သိက္ခာထိခိုက်စေသူများနှင့်တွေ့ရတတ်သည်။
မိမိအပေါ် တစ်ပါးသူက စွပ်စွဲခြင်းများ၊
အမြင်မကြည်လင်ခြင်းများရှိမည်။
အိမ်ထောင်သည်များအိမ်တွင်းရေးပဋိပက္ခရှိမည်။

>> ယတြာ - သိမ်၊ ကျောင်းသို့သွားရာလမ်း
ပြုပြင်ဆောင်ရွက်ပါ။ ချိုင့်ခွက်များမြေဖို့ပေးပါ။
................................................................

• သိဟ်ရာသီ
(သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၅ ရက်အတွင်း)

အဆင်ပြေမယောင်နှင့် အနှောင့်အယှက်များရှိမည်။
မူလစီစဉ်ထားသည်များကို သတ်မှတ်ချိန်တွင်
ပြီးမြောက်ရန်ခဲယဉ်းမည်။ လူယုံထား၍မရ။
ကိုယ်ဆောင်ရွက်ပေးသမျှအပေါ်
လက်ခံလင့်ကစားအကောင်းမမြင်သော
သူများနှင့်ကြုံရမည်။ စက်ပစ္စည်းဝင်မည်။
လုပ်ငန်းခွင်အတွင်းမှသူများအဖို့အထက်လူကြီးများ၏
အားကိုးယုံကြည်မှုရရှိမည်။ နေရာကောင်းသို့ရောက်မည်။ ကိုယ်ပိုင်စိတ်ကူးများမှ တက်လမ်းများရရှိမည်။
လူမျိုးကွဲ၊ လူမျိုးခြားနှင့်ပတ်သက်သောကိစ္စများ
အောင်မြင်မည်။ ပညာသင်တန်းကိစ္စများအောင်မြင်မည်။
အတတ်ပညာပိုင်းတိုးတက်မည်။
အိုးအိမ်ကိစ္စအတွက်
စိတ်အနှောင့်အယှက်ဖြစ်နေသူများ
ဤရက်အတွင်းငြိမ်းချမ်းခြင်း
အေးချမ်းခြင်းများဖြစ်ပေါ်ပေမည်။
မင်းစိုးရာဇာမစကိန်းကြုံမည်
တန်ခိုးသြဇာမြင့်မားမည်။ ဘုရားဖူး၊
အလှူနှင့်ပတ်သက်သောခရီးရှိမည်။
ပျိုရွယ်သူများအဖို့အပျော်အပါးများသော
အပေါင်းအသင်းများနှင့်အပါင်းဖော်မိမည်။
တစ်ဦးထက်မကသော အချစ်ရေးကိစ္စများကြုံတွေ့မည်။
လုပ်ငန်းအတွက်ငွေကြေးရင်းနှီးမြှုပ်နှံရမည်။
လုပ်ငန်းလည်ပတ်ရန်ခက်ခဲနေမည်။

>> ယတြာ - လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များစွန့်ပစ်ပါ။
အညံ့၊ အဆိုးအားလုံးပါသွားမည်။
................................................................

• ကန်ရာသီ (စက်တင်ဘာလ ၁၆ ရက်မှ
အောက်တိုဘာလ ၁၆ ရက်အတွင်း)

ဆွေမျိုး၊မိတ်ဆွေများနှင့်အတူ အုပ်စုလိုက်ဘုရားဖူးခရီး၊
အလှူနှင့်ပတ်သက်သောခရီးများသွားရမည်။
မိတ်ဆွေကောင်းများထံမှလည်း အထောက်အကူရရှိမည်။
မင်္ဂလာကိစ္စများဆောင်ရွက်ရမည်
အရွယ်ရောက်လူလွတ်များ အိမ်ထောင်ကျမည်။
စုပေါင်းလုပ်ငန်းများဆောင်ရွက်ရန်ကမ်းလှမ်းပါက
လက်ခံနိုင်သည်။ စတင်ဆောင်ရွက်စဉ်က
မိမိအတွက်ဦးတည်ရည်ရွယ်ထားသော်လည်း
ဆောင်ရွက်ရင်း မိမိရပိုင်ခွင့်နှင့်
အခွင့်အလမ်းများရှိလာပြီး မမျှော်မှန်းထားသော
အခြေအနေကောင်းများကြုံမည်။
မိဘ၊ ဆရာသမားများ ကျေးဇူးရှိသူတို့အပေါ်
တစ်ဖန်ပြန်လည်အထောက်အပံ့ပေးနိုင်မည်။
လူမျိုးကွဲ၊ လူမျိုးခြားနှင့်ပူးပေါင်းဆောင်ရွက်မှု
ကောင်းကျိုးရမည်။ အတိတ်ကံမြင့်မားသူများအဖို့
ယာဉ်၊ ကားဝင်ခြင်း၊ ခြံ၊ မြေ၊ အခန်းများ တိုးပွားခြင်းရှိမည်။
ဘာသာရေးစာအုပ်များလက်ဆောင်ရမည်။
အိုးအိမ်၊နေရာထိုင်ခင်းပြောင်းလဲခြင်း၊
ပြင်ဆင်ခြင်းကြုံမည်။ လုပ်ငန်းကိစ္စများကို
အလောတကြီး မဆောင်ရွက်သင့်ပါ။
လွဲချော်မှုများကြုံရမည်။

>>ယတြာ - ခွေး၊ ကြက်၊ ငှက်၊ ခို အစရှိသည့်
သတ္တ၀ါများကို အစာကျွေးပါ။
................................................................

• တူရာသီ (အောက်တိုဘာလ ၁၇ ရက်မှ
နိုဝင်ဘာလ ၁၅ ရက်အတွင်း)

မမျှော်လင့်ဘဲ ခရီးသွားရမည်။
လူမျိုးကွဲနှင့်ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများ
အဆင်ပြေမည်။ မိသားစု၊ စီးပွားရေး၊
လူမှုရေးကိစ္စအရပ်ရပ်ကြောင့်ပင်ပန်းမှုများ
ကြုံတွေ့ရမည်။ငယ်ရွယ်သူများ စန်းပွင့်မည်။
မပြတ်မသားတွေဝေခြင်းများကြောင့်အခက်အခဲများရှိမည်။
ပညာ၊ သင်တန်းများနှင့်ပတ်သက်ပြီး အကျိုးပေးမည်။
ခါတိုင်းထက်ပို၍ တစ်ဇွတ်ထိုးလုပ်လိုစိတ်ဖြစ်နေမည်။
ညီအစ်ကို၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များနှင့်
စိတ်ဝမ်းကွဲရမည်။ မိမိအပေါ် အခွင့်အရေးရယူမှုအတွက်
မရိုးမသားဆက်ဆံသူများနှင့်ကြုံတွေ့ရမည်။
လုပ်ငန်းများတိုးတက်နေသော်လည်း
အပြိုင်အဆိုင်၊ အတိုက်အခံများနှင့်မကင်းပါ။
အရိုး၊အဆစ် ထိခိုက်တတ်သည်။
မြုပ်နေသောငွေများ ပြန်ပေါ်မည်။
မည်သည့်ကိစ္စမဆို အခက်အခဲကြားမှ ဆုံးဖြတ်ရမည်။

>> ယတြာ - နာရီအဟောင်းများ ရှာဖွေ၍ စွန့်ပစ်ပါ။
အုတ်တံတိုင်း၊ တံခါး၊ ပြတင်းပေါက်များ လှူပါ။
................................................................

• ဗြိစ္ဆာရာသီ (နိုဝင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ၁၄ရက်အတွင်း)

အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။
အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်မည်။
မိမိလုပ်ငန်းများ ပုံစံ၊ ဦးတည်ချက်ပြောင်း၍လုပ်ကိုင်ရမည်။
လက်အောက်ငယ်သား၊ တပည့်များနှင့်
လုပ်ကိုင်ရသော အလုပ်များ အောင်မြင်မည်။
ရွှေရတနာဝင်မည်။ အိမ်တွင် လူဝင်၊ လူထွက်များမည်။
ညဥ့်အိပ်၊ ညဥ့်နေ ဧည့်သည်များ လက်မခံသင့်ပါ။
သောကြာ၊ စနေနေ့များတွင် မွေးသူများဖြစ်ပါက
အပူသောက၊ အနှောင့်အယှက်ပြဿနာများ
သယ်ဆောင်လာသူတို့ဖြစ်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေးတို့တွင်
ဒုက္ခရောက်နေသူများ အိမ်သို့ရောက်ရှိလာမည်။
သတိရှိပါလေ။ လက်မခံပါနှင့်။ သူတို့အပူ ကူးစက်မည်။
အိမ်၊ ခြံ၊ မြေ၊ ကား၊ အခန်း၊ စက်ပစ္စည်းများ
ရောင်းမှား၊ ၀ယ်မှားသဖြင်ါပြဿနာ၊
အမှုအခင်းဖြစ်တတ်မည်။ အလုပ်ထဲတွင်လည်း သောကပြဿနာများဖြစ်မည်။
ထို့ကြောင့် မိမိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းများ
ပျက်စီးပါက စွန့်ပစ်လိုက်ပါ။
ငွေကြေး ချေးငှား၊ ပေါင်နှံ၊ လက်လွှဲလက်ပြောင်း၊
စာရင်းဇယားများကိုဂရုစိုက်ဆောင်ရွက်ပါ။
ထွက်ပေါက်ရှာပြီးငွေကုန်နေမည်။

>> ယတြာ - အ၀တ်စဖြင့် ပြုလုပ်ထားသော
ခြေသုတ်ဖုံလှူပါ။ စင်္ကြံ၊ လျှောက်လမ်း သန့်ရှင်းရေး
လုပ်ပေးပါ။ ငွေပဒေသာပင်စိုက်လှူပါ။
................................................................

• ဓနုရာသီ (ဒီဇင်ဘာလ ၁၄ ရက်မှ ဇန်န၀ါရီလ ၁၅ ရက်အတွင်း)

အတွေးအခေါ်များမှန်နေသော်လည်း ဆုံးဖြတ်ချက်ချရာတွင်
မှားယွင်းခြင်း၊ တွေဝေခြင်းများဖြင့်
စိတ်အနှောင့်အယှက်ဖြစ်စရာများကြုံရမည်။
စီးပွားရေး၊ ဆက်သွယ်ရေးကိစ္စများတွင်
မိသားစု၊ီအစ်ကို၊ မောင်နှမများနှင့်ပတ်သက်ပြီ
ငွေကြေးကိစ္စဆောင်ရွက်ရာတွင် အဆင်ပြေမည်။
စီးပွားရှာရလွယ်ကူနေမည်။ ဆွေမျိုး၊
မိတ်ဆွေများနှင့်ရန်အတိုက်အခံရှိမည်။
ဥပဒေပညာရပ်များကိုလေ့လာဖြစ်မည်။
အကြံပေးလုပ်ငန်းများလုပ်ဖြစ်မည်။
ဘာမဆိုပူပန်တတ်ပြီး ကြိုတင်ဆောင်ရွက်လေ့ရှိနေမည်။
လူသိမခံနိုင်သောလုပ်ငန်းများ ခိုင်မာသောငွေကြေးများ
ဝင်မည်။ နိုင်ငံခြားသားများနှင့်
ပူးတွဲလုပ်ရသောလုပ်ငန်းများမှ
ငွေကြေးအကျိုးအမြတ်များရရှိပါမည်။
ငယ်ရွယ်သူများစန်းပွင့်သောကာလဖြစ်မည်။
ထူးခြားသော လက်ဆောင်များရမည်။
ပူဇော်သော ငွေကြေးများလည်း ရမည်။
အတိတ် ဘုန်းကံမြင့်မားသောကာလဖြစ်မည်။ ထီထိုးပါ။

>> ယတြာ - ကျန်းမာရေးဆိုင်ရာစာအုပ်များလှူပါ။
ရေလှူပါ။
................................................................

• မကာရရာသီ (ဇန်န၀ါရီလ ၁၅ ရက်မှ
ဖေဖော်ဝါရီလ ၁၂ ရက်အတွင်း)

လုပ်ငန်းနှင့်ပတ်သက်သောအကြံအစည်များ
ကောင်းနေသော်လည်း အကောင်အထည်မဖော်ဖြစ်ပါ။
မိသားစုတွင်လည်း အစာမှား၊ ဆေးမှား၊
အပြောမှား များတွေ့ကြုံရမည်။ညီအစ်ကို၊ မောင်နှမများ၊
လုပ်ဖော်ကိုင်ဖက်များအားကိုးရမည်။
ခေတ်မီသော ဆေးဝါးများ မှီဝဲရမည်။
ပြဿနာအရပ်ရပ်ကို
ပညာဖြင်h ဖြေရှင်းအောင်မြင်မည်။
ဆွေမျိုးမိတ်ဆွေများ၏ သောကပြဿနာအရပ်ရပ်ကို
ဖြေရှင်းပေးရသဖြင့်မိမိမှာငွေကြေးကုန်ကျပါမည်။
နေရာထိုင်ခင်းနှင့်ပတ်သက်၍ အိမ်၊ ခြံ၊ မြေ၊ ကား၊
စက်ပစ္စည်းများနှင့်ပတ်သက်၍
ပြဿနာများဖြေရှင်းရပါမည်။
အကြောင်းအမျိုးမျိုးကြောင့်
ငွေမည်မျှပင်ထွက်သွားသော်လည်း အတိတ်ဘ၀၏
ဘုန်းကံကြောင့် ငွေကြေးများဝင်မည်။
အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေးတို့တွင်
ကံမကောင်းသေးပါ။ မိမိလုပ်ကိုင်နေသော
အလုပ်အကိုင်များရပ်ဆိုင်းသွားမည်။
ပြီးမှသာ အမြင့်ဆုံးအောင်မြင်ခြင်းများတွေ့ကြုံရမည်။
မိမိအလုပ်တွင် ရာထူးကြီးသူအဖြစ် စီမံကွပ်ကဲအုပ်ချုပ်ရမည်။
ဤကာလတွင် ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။
လုပ်ငန်းကြီးလုပ်ကိုင်သူများ အောင်မြင်မည်။

>> ယတြာ - နှလုံးအားကောင်းစေရန် ဆေးများလှူပါ။
ဘုရား၊ ကျောင်း၊ ဇရပ်တို့တွင် တံမြက်စည်းလှူပါ။
................................................................

• ကုမ်ရာသီ(ဖေဖော်ဝါရီလ ၁၃ ရက်မှ
မတ်လ ၁၃ ရက်အတွင်း)

ကျန်းမာရေးအထူးကောင်းမွန်နေမည်။
အတွေးအခေါ်ကောင်းများ ပေါ်ထွက်ပြီး
ပြဿနာအရပ်ရပ်ကို အောင်မြင်စွာ
ဖြေရှင်းနိုင်သောအချိန်ဖြစ်ပါသည်။
ဖခင်၊ ဆရာသမားတို့၏အခက်အခဲပြဿနာများကိုလည်း
မိမိအကြံဉာဏ်ဖြင့် ဖြေရှင်းပေးရမည်။
ညီအစ်ကို၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်တို့၏
အကူအညီဖြင့်လုပ်ကိုင်သောကိစ္စများတွင်
ငွေကြေးအကျိုးအမြတ်ရရှိပါမည်။
မိဘနှစ်ပါးလုံး၏ ကျန်းမားရေးဂရုစိုက်ပါ။
ဆေးပညာများကိုလေ့လာလိုက်စားဖြစ်နေမည်။
မိမိပညာဖြင့်အလုပ်အကိုင်များတွင်ဆရာအဖြစ်
လုပ်ကိုင်နေရပါမည်။ ပညာသင်တန်းများဖြင့်
အကျိုးပေးမည်။ အလုပ်ထဲမှ သင်တန်းများတက်ရောက်ရမည်။ ပျိုရွယ်သူများအဖို့ ရောက်လေရာတိုင်းတွင်
မျက်နှာပွင့်လန်းပါမည်။
လူကြီးမိဘသဘောတူသူနှင့်အိမ်ထောင်ကျမည်။
လုပ်ငန်းအကြံသစ်များချဲ့ထွင်ရန်
အဆက်အသွယ်ကောင်းများရရှိမည်
ဆုံးရှုံးနစ်နာထားသောအခွင့်အလမ်းများ
လက်ဝယ်ပြန်ရရှိပြီး မြုပ်နေသောငွေကြေးများ ပြန်ပေါ်ကာ
အလုပ်တွင်အဆင့်တိုးတက်ခြင်းရှိမည်။

>> ယတြာ - လူကြီးသူမတစ်ဦးဦးအား ယာဉ်၊ ရထား လက်မှတ်ဝယ်ရန် ငွေလှူလိုက်ပါ။
................................................................

• မိန်ရာသီ (မတ်လ ၁၄ ရက်မှ ဧပြီလ ၁၂ ရက်အတွင်း)

ကျန်းမာရေးအနေနှင်hခန္ဓာကိုယ်တွင်
အာရုံကြောဒုက္ဓပေးနေမည်။ အတွေးအခေါ်မှား၍
အလုပ်အကိုင်အဆင်မပြေပါ။ ညီအစ်ကို၊ မောင်နှမ၊
လုပ်ဖော်ကိုင်ဖက်တို့၏ အတိုက်အခံ၊
ရန်ပြုထားခြင်းများခံရပြီး အလုပ်နှောင့်နှေခြင်းများကြုံနေမည်။
စိတ်ပျံ့လွင့်ပြီး စနစ်တကျစီမံခန့်ခွဲ၍မရဖြစ်နေမည်။
အိမ်၊ ခြံ၊ မြေ၊ ကား၊ စက်ပစ္စည်း၊ တွင်းထွက်၊
ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကိုင်သူများ
အမြတ်အစွန်းများရရှိမည်။
အမျိုးသမီးမိတ်ဆွေအကြီးအကဲတို့၏
အကူအညီများရရှိမည်။
မိသားစုမှာလည်း အလုပ်အကိုင်အတည်တကျဖြစ်နေပြီး
အဆင်ပြေမည်။ လုပ်ငန်းခွင်တွင် ရာထူးတိုးခံရမည်။
ရန်အပေါင်းကိုကျော်လွှားနိုင်မည်။
ငယ်ရွယ်သူများမိမိထက်အဆင့်မြင့်သူနှင့် တွေ့ရမည်။
အိမ်ထောင်ရှင်များအဖို့အိမ်ထောင်ရေးသာယာမည်။
ငွေကြေးကံမကောင်းသေးသဖြင့်
ဤအချိန်တွင် ချေးငှားခြင်းမပြုလုပ်ပါနှင့်။
အခက်အခဲ၊ အကြပ်အတည်းများကို
ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့်ငွေကြေးကုန်ကျနေမည်။

>> ယတြာ - ငွေကြေးလှူဒါန်းပါ။ ငွေပဒေသာပင်စိုက်ပါ။ လူမှုကယ်ဆယ်ရေးဌာနများတွင်အ၀တ်အထည်၊
ဆေးဝါးလှူဒါန်းပါ။အိမ်သာသုံးပစ္စည်းများလှူပါ။
 > သိရှိလိုပါက ဆရာမများထံ ဖုန်းဆက်မေးမြန်းနိုင်ပါသည်

နက္ခတ်ပါရဂူ (နက္ခတ်ဗေဒင်ပညာ ပြန့်ပွားရေး ဆရာမများ )
------------------------------------------------------------
♦ ဒေါ်ထက်ထက် ♦ ဒေါ်စန်းမြင့်လှိုင်၊
♦ ဒေါ်လှလှမေ ♦ ဒေါ်ညိုညိုမြင့် ♦ ဒေါ်ကေသီထွန်း

> တိုက် -၁၀၊ အခန်း -၇ ၊ ဖ.ဆ.ပ.လ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
> ဖုန်း - ၀၉ ၅၀ ၂၈၁၄၀၊ ၀၉ ၅၁ ၆၇၃၇၂
. . . . . . . . . . . . . . . . . .
Food Magazine စာအုပ် ယူဆောင်လာသူအား
မေတ္တာဖြင့် ဟောပြောပေးပါမည်။
မဂ္ဂဇင်းတစ်အုပ်ကို တစ်ဦးသာ ဟောပေးပါမည်။

0 ကွန်မန့်ရေးရန်:

Post a Comment