Wednesday, October 24, 2012

facebook သုံးတဲ့ မိန်းကလေးတွေ သတိထားစေချင်



ကျွန်တော်အရင်ကလည်းခဏခဏရေးဖူးပါတယ် ။ မိန်းကလေးတွေအနေနဲ့ပုံတွေတင်တော့မယ်ဆိုရင် Security တွေမြှင့်ထားကြဖို့နဲ့ သူငယ်ချင်းလက်ခံမယ့်သူတွေကို အရမ်းအရမ်း accept မလုပ်မိကြဖို့ပါပဲ ။ အခုတော့ လာအပ်သမျှကို

accept လုပ်တဲ့အခါ အောက်ပါ ဖြစ်ရပ်တွေကြုံတွေ့ရတယ် ။

ဒီမနက် ဖေ့ဘုတ်ဖွင့်လိုက်တော့ ကျွန်တော့်ကို မန်ဘာ တစ်ဦးက မက်ဆေ့ပို့ထားတာတွေ့တယ် ။ အကြမ်းဖျင်းခြုံပြောရရင်တော့ Emily Yo Yo ပရိုဖိုင်းကိုသုံးနေတဲ့ အမျိုးသမီး တစ်ယောက်က Thae Koko ဆိုတဲ့အကောင့်ကို Report လုပ်ပေးဖို့ကူညီပေးပါဆိုတာရယ် နောက်တစ်ခုက အဲဒီသဲကိုကို ဆိုတဲ့အကောင့်က သူ့ပုံတွေနဲ့ 18+ message တွေ စာတွေ နဲ့ မူဗွီတွေတင်နေတယ်ဆိုပြီးပြောလာပါတယ် ။

ကျွန်တော်သူပေးတဲ့ပရိုဖိုင်းကို သွားကြည့်တော့ Emily Yo Yo ဆိုတဲ့အမျိုးသမီးရဲ့ ပုံကို ယူသုံးထားတာတွေ့ရတဲ့အပြင် မဖွယ်မရာ 18+ တွေတင်ထားတာတွေ့ရပါတယ် ။ မူရင်း Emily Yo Yo ကို ကျွန်တော်မေးခွန်းတွေမေးကြည့်တော့အောက်ပါအတိုင်းပြန်ဖြေပါတယ် ။

“ ok let me investigate first သဲကိုကိုဆိုတဲ့အကောင့်က ညီမမဟုတ်ပဲ ယူသုံးနေတာလား ”

“ ဟုတ် ရပါတယ် ယူသုံးတာမဟုတ်ဘူးအစ်ကို ညီမပုံတွေကိုယူသုံးနေတာ ပြီးတော့ ဟိုလေ မကောင်းတာတွေလေ အဲ့တာ အဲ့တာ တခြားသူငယ်ချင်းတွေကလဲ ညီမလို့ပဲထင်နေကြတာတဲ့ သူကအရင်တုန်းကsexual message တွေပို့ဖူးတယ် ပြိးတော့ သူ့ကို block လုပ်ရင် ခေါင်းမဖော်ရဲအောင် အရှက်ခွဲပစ်မယ်လို့လဲ ပြောသေးတယ် block လိုက်လို့ အဲ့လိုတွေလုပ်တာထင်တယ် ”

“ သူနဲ့သိလား ဥပမာ သူငယ်ချင်းလား ဒါမှမဟုတ် အပြင်မှာ သိလား ဘယ်လိုအတိုင်းအတာရှိလဲ ” “ မသိဘူး အပြင်မှာလဲမသိဘူး သူငယ်ချင်းလဲမဟုတ်ဘူးလေ သူကအရင်က အဲ့လိုmessage တွေပို့တယ် ပြီးတော့ wallပေါ်မှာလဲ မိုက်ရိုင်းတဲ့post တွေလာတင်တယ် အဲ့တာကြောင့် blockလိုက်တာ အဲ့တုန်းက သူ့profile pic က ညီမပုံမဟုတ်ဘူး တခြားကောင်မလေး တစ်ယောက်ပုံ ခုမှပြောင်းသွားတာ သူကသူ့ကို block ရင် အရှက်ခွဲပစ်မယ်တဲ့ ”

-----------------------------------------------------------

အနေအထားကြည့်ရတာတော့ တစ်ခုခုလိုချင်တဲ့အနေအထားမရလို့ အရှက်ခွဲမယ်ဆိုတဲ့ပုံစံပါပဲ ။ သဲကိုကို အကောင့်ကိုသုံးတာ ယောင်္ျားလား မိန်းကလေးလားတော့အတည်မပြုနိုင်သေးပါဘူး ။ ကျွန်တော်တို့ကူညီနိုင်တာကတော့ ဒီလို ပုံတွေအလွဲသုံးစား လုပ်ပြီးအရှက်ခွဲမှုကိုတားဆီးဖို့ “ Report ” ၀ိုင်း လုပ်ပေးကြဖို့ပါပဲ ။

Report လုပ်ရမည့်လင့် - https://www.facebook.com/thae.koko.9

( ဘယ်လို ညစ်ညမ်းမူဗွီတွေ share ထားလဲ လေ့လာနိုင်ပါတယ် )

မူရင်း အမျိုးသမီး လင့် - https://www.facebook.com/megan.nicole.50115

-------------------------------------------------------

အမှန်တော့ အွန်လိုင်းပေါ်မှာ အလားတူဖြစ်ရပ်တွေက မရေမတွက်နိုင်လောက်အောင် တစ်ပုံကြီးရှိနေဆဲပါ ။ ကျွန်တော်ကိုယ်တိုင်လည်းအထပ်ထပ်အခါခါ ကူညီဖြေရှင်းခဲ့ရသလို အခုလည်းတတ်နိုင်တဲ့ဖက်ကတော့ကူညီပါတယ် ။ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဒီလိုဖြစ်ရပ်တွေကြုံမှ ကျွန်တော့်ဆီကနေ ပြန်ဖြေရှင်းရတဲ့အခါ တစ်ရှက်ကနေနှစ်ရှက်ဖြစ်ရတာတွေလည်းရှိရတဲ့အတွက် အခုဆို အတော်လေးချင့်ချိန်နေရတယ် ။ ဒါကြောင့် အခုလည်းထပ်ပြီးမှာချင်တာက

၁ ။ မိမိတို့ ပရိုဖိုင်းကို အထူးသဖြင့် ဓါတ်ပုံတွေကို security မြှင့်ထားပါ Friend only လုပ်ထားပါ ။ Public ကြီးဖွင့်မထားကြပါနဲ့ ။
၂ ။ အပ်သမျှလူ လက်မခံပါနဲ့ ။ Mutual friend ရှိမရှိကြည့်ပါ ။ Mutual friend ဆိုတာ ကိုယ့်ထဲမှာရောသူ့ထဲမှာ ရောရှိနေတဲ့ တူညီတဲ့သူငယ်ချင်းဦးရေဖြစ်ပါတယ် ။ အဲဒီ Mutual friend တွေကိုမေးမြန်းစုံစမ်းပြီးမှ လက်ခံပါ ။
၃ ။ အင်တာနက်မှာ ဘယ်သူမှ မသိဘူးဆိုပြီး တင်ချင်တာတင် ရေးချင်တာမရေးကြပါနဲ့ ။ တစ်ခုခုဖြစ်လာတဲ့အခါ အဲဒါတွေက သက်သေတွေဖြစ်သွားပြီး အသုံးချခံရနိုင်ပါတယ် ။

သက်တန့်ချို

0 ကွန်မန့်ရေးရန်:

Post a Comment