Tuesday, October 2, 2012

မြန်မာနိုင်ငံ နယ်စပ်မြိုများ - အိန္ဒိယ၊ဘင်္ဂလားဒေ့ခ်ျ၊ တရုပ်၊ထိုင်း၊လာအို *

Inbox
x







မြန်မာနိုင်ငံ နယ်စပ်မြိုများန
အိမ်နီးချင်းနိုင်ငံများနဲ့ မြန်မာနိုင်ငံ နယ်နမိတ်ဆက်စပ်နေတာ ၅၈၇၆ ကီလိုမီတာ ကျော်ရှိပါတယ်။ ကမ္ဘာ့အင်အားကြီး တရုပ်နဲ့ 2185 km, ထိုင်းနိုင်ငံနဲ့ 1800 km, အိန္နိယနိုင်ငံနဲ့ 1463 km, လာအိုနိုင်ငံနဲ့ 235 km, ဘင်္ဂလာဒေခ်ျနိုင်ငံနဲ့ 193 km ဆက်စပ်နေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ ပိုပြီး ဆက်စပ်မှုရှိတဲ့အတွက် ထိုင်းနယ်စပ်မြို့များ မဲဆောက်၊ တာချီလိပ်၊ ကော့သောင်များဟာ နာမည်ကြီးပါတယ်။ တရုပ်ပြည်ကတော့ မူဆယ်၊ ကေအိုင်အေနယ်မြေက လိုင်ဇာမြို့ တွေဖြစ်ပါတယ်။ အိန္နိယနယ်စပ်မြို့ကတော့ မိုးလေးမြို့ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ခ်ျနဲ့ လာအိုနိုင်ငံများဟာ မြန်မာနဲ့သိပ်အဆက်သွယ်မရှိကြပါဘူး။ ဘင်္ဂလားဒေခ်ျလူမျိုးများ မြန်မာပြည်လာရောက်အလုပ်လုပ်ကြတဲ့အတွက် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်းတောမြို့များတော့ လူဝင်ကြီးကြပ်ပြသနာများရှိပါတယ်


 
ရှမ်းပြည်နယ်မူဆယ်မြို့အ၀င်၊                                    ကချင်ပြည်နယ်လိုင်ဇာမြို့

မြန်မာ-တရုပ် နယ်စပ်ဒေသ၊ မြန်မာဖက်က မူဆယ်မြို့ (မြေပုံရဲ့အောက်ဖက်အခြမ်း) က အရောင်မရှိပဲ၊ တရုပ်ဖက်က အရောင်တောက်နေတဲ့ Google Map မြင်ကွင်း။
www.map.google.com မှာ
23°39′11″N 97°28′52″E  လို့ရိုက်ထည့် ရှာကြည့်ရင်တွေ့နိုင်ပါတယ်။ တရုပ်ဖက် (မြေပုံရဲ့အပေါ်ဖက်ခြမ်း) က လူနေမှုပိုအဆင့်မြင့်တဲ့ သဘောရှိပါတယ်။

အနားမှာ ရွှေလီ ရေအားလျှပ်စစ်ရှိပါတယ်။



မဲဆိုင်-တာချီလိတ်တံတား

ချင်းမိုင်နဲ့၃နာရီလောက် ကားမောင်းသွားတဲ့နေရာမှာ မြန်မာနိုင်ငံ တာချီလိတ်နယ်စပ်မြို့ (မြေပုံရဲ့အပေါ်ဖက်ခြမ်း) ရှိပါတယ်။ နယ်ခြားချောင်းလေးရဲ့ တဖက်ကတော့ ထိုင်းနိုင်ငံ မဲဆိုင်မြို့ (မြေပုံရဲ့အောက်ဖက်အခြမ်း) ဖြစ်ပါတယ်။ ၂ဖက်စလုံး တိုက်တာတွေနဲ့ လူနေမှုမကွာခြားဘူး ပြောနိုင်ပါတယ်။

ရွှေတြိဂံ ဆိုတာ မြန်မာ၊ထိုင်း၊လာအို ၃နိုင်ငံနယ်စပ် ဒေသဖြစ်ပါတယ်။ ရွှေတြိဂံဒေသကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကတဆင့် နေ့ချင်းပြန်သွားတဲ့ Tour Package များစွာရှိပါတယ်။ ကမ္ဘာလှည့်ခရီးသည်များအတွက် ထိုင်းနိုင်ငံမှ သွားရတာပဲ အဆင်ပြေပါတယ်။ ချင်းမိုင်မြို့က မနက်ထွက်ခွာပြီး၊ ချင်းရိုင်မြို့ကို ဖြက်ကျော်၊ နယ်စပ်မှာ မဲခေါင်မြစ်၊ မော်တော်ဘုတ်ကို စီး၊ လာအိုဘက်အခြမ်းမှာ လာအို၊ အရက်၊ ၀ိုင်၊ စီးကရက်၊ အမှတ်တရပစ္စည်းများကြည့်ရှု၊ မြန်မာဘက်ချမ်းမှာ ကာစီနိုတခုကို ဆောက်လုပ်ထားပါတယ်။ ထိုင်းလူမျိုးများနဲ့ နိုင်ငံခြားသားများအတွက် လောင်းကစားဖို့ မြန်မာအစိုးရက တည်ဆောက်ထားတယ် ဆိုပါတယ်။ ရွှေတြိဂံ မော်တော်ဘုတ်နဲ့ သွားပြီး၊ အပြန်မှာ မဲဆိုင်မြို့ကို ၀င်ရောက်တယ်။ မြန်မာဘက်ချမ်း တာချီလိတ်မြို့ကို ကူးတဲ့တံတားကို မြင်ရပါတယ်။ ခပ်သုတ်သုတ်သွားလာပြီး နေ့ချင်းပြန် ချင်းမိုင်မြို့ကို ၃နာရီကြာ ကားစီးပြန်လာတဲ့ နေချင်းပြန် မြန်မာနယ်စပ်ခရီးစဉ်ပါ။

 

မဲဆောက်-မြ၀တီတံတား

နောက်တမြို့ကတော့ ထိုင်းနိုင်ငံမဲဆောက်မြို့ နဲ့ ကပ်နေတဲ့ မြ၀တီမြို့ (ဘယ်ဘက်အခြမ်း) ဖြစ်ပါတယ်။ သောင်းရင်းမြစ်ကို နယ်မြေပိုင်းခြားသတ်မှတ်ထားပါတယ်။ ဒီမြေပုံမှာတော့ သိပ်မထူးပေမဲ့ မြန်မာများစွာ၊ သွားရောက်အလုပ်လုပ်တဲ့ နယ်စပ်၊ ထိုင်းနီုင်ငံမြို့ မဲဆောက်ဟာ မြန်မာအလုပ်သမားတွေချည်းရှိတဲ့ မြို့လို့ဆိုရင်ရပါတယ်။ 

 


ကော့သောင်မြို့တံတား



ထိုင်းနိုင်ငံရဲ့ ရနောင်းမြို့ဆိုတာ မြို့ကြီးတခုဖြစ်ပါတယ်။ အနားမှာ ဘန်ကောက်ကိုသွားတဲ့ ဟိုက်ဝေးလမ်းမကြီးရှိပါတယ်။ အဲဒီလမ်းမကနေ ထိုင်း၊ မလေးရှား ကုန်စည်ကူးသန်းကြပါတယ်။ မြန်မာပြည် (ဘယ်ဘက်အခြမ်း)ကတော့ ကော့သောင်မြို့ဖြစ်ပါတယ်။ အင်္ဂလိပ်များ မြန်မာပြည်ကိုမသိမ်းပိုက်မီက အဲဒီကော့သောင်ဟာ ထိုင်းနိုင်ငံပိုင်မြေဖြစ်ပြီး၊ ကုန်းဘောင်မင်းများက တိုက်ယူထားတာ မကြာသေးခင်၊ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုသိမ်းပြီး၊ ထိုင်းနိုင်ငံကိုလည်း ပြန်မပေးတော့ပဲ နောက်ဆုံး မြန်မာပိုင်နယ်အဖြစ် အပြီးရောက်သွားပါတယ်။ 
 


မိုးရေးမြို့မှဆောက်လက်စတံတားတခု





အနောက်ဖက်က အီန္နိယနယ်စပ်မြို့ မိုးလေးမြို့ (ညာဖက်အခြမ်း) လို့ ခေါ်ပါတယ်။ မုံရွာ၊ကလေးမြို့ ကားလမ်းကနေတဆင့် မိုးလေးအထိ သွားရပါတယ်။ အဲဒီမှာ အိန္နိယနယ်စပ်မြို့လေးရှိပါတယ်။ ဟိုး..တုန်းကတည်းက အိန္နိယက သံထည်များ၊ ချည်ထုတ်များ၊ ဟင်းခတ်အမွှေးကြိုင်း၊ ကွမ်းဆေးများကို အဲဒီနယ်စပ်ကနေ မြန်မာပြည်ကိုဝင်လာပါတယ်။ မြန်မာပြည်ကတော့ ထုံးစံအတိုင်း လယ်ယာထွက်ပစ္စည်းများ တင်ပို့ပါတယ်။ မြေပုံအရဆိုရင် မိုးလေးမြို့ဖက်က ပိုပြီးစည်းကားသလိုပါပဲ။

 


ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ် Naf River ဆိုတဲ့ မြစ်ငယ်လေးဟာ လူစည်ကားတဲ့ နယ်စပ်တလျှောက်မှာ ဘော်ဒါဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရအုပ်စိုးစဉ်က သတ်မှတ်ပေးခဲ့တဲ့နယ်မြေလမ်းကြောင်းပါ။ ကုန်းတွင်းပိုင်း နယ်စပ်ကတော့ လူသူမရောက်နိုင်တဲ့ တောင်တန်းတွေဖြစ်ပါတယ်။ ငွေတြိဂံလို့ ပြောရမလား၊ မြန်မာ-ဘင်္ဂလာဒေ့ခ်ျ-အိန္နိယ ၃နိုင်ငံနယ်စပ်ဒေသဟာ လူမရောက်နိုင်တဲ့တောင်ပေါ်တွေမှာ ကျရောက်နေပါတယ်။ ဘင်္ဂလားဒေ့ခ်ျဘက်က မြန်မာပြည်ထက်ပိုပြီး လူနေကျပ်တည်း၊ နိုမ့်ကျတဲ့သဘောရှိလို့ မြန်မာပြည်ဘက် ၀င်လာအခြေချတဲ့ ရိုဟင်ဂျာဆိုတဲ့ မူဆလင်လူမျိုးစုပြသနာလည်း ရှိနေပါတသည်။ (မြန်မာများ ထိုင်း၊ မလေးရှားကို တရားမ၀င်သွားရောက်အလုပ်လုပ်တဲ့ ပုံစံ ရိုဟင်ဂျာများ၊ မြန်မာပြည်ကို တရားမ၀င်လာရောက်ကြပါတယ်)။






ဘင်္ဂလားဒေခ်ျ နယ်ခြားမြို့ကတော့ မောင်းတောမြို့ (ညာဖက်အခြမ်း) ဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်းတောဆိုပြီး နာမည်ကြီးပါတယ်။ ဘင်္ဂလားဒေခ်ျလူမျိုးများစွာ လာရောက်နေထိုင်လုပ်ကိုင်တဲ့အတွက် လူဝင်ကြီးကြပ်ပြသနာများစွာ ရှိတဲ့နယ်ခြားမြို့ဖြစ်ပါတယ်။ မြန်မာများ ပိုမိုကောင်းမွန်တဲ့ ထိုင်းနိုင်ငံဘက် သွားရောက်လုပ်ကိုင်သလို၊ ဘင်္ဂလားဒေ့ခ်ျတွေလည်း ပိုပြီးကောင်းမွန်တဲ့ မြန်မာပြည်ဖက်ကို လာအလုပ်လုပ်ကြပါတယ်။ ဘင်္ဂလားဒေခ်ျများဟာ မူဆလင်ဘာသာဝင်များဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့ ရခိုင်၊ မြန်မာများနဲ့ ဆက်ဆံရေးအခက်ခဲများရှိပါတယ်။ ၂၀၁၂ခုမှာ မြန်မာ-ဘင်္ဂလားဒေခ်ျ (ကမ်းလွန်သယံဇာတဆိုင်းရာ) ရေပိုင်နက်အငြင်းပွားမှုအတွက် နိုင်ငံတကာခုံရုံးမှာ စီရင်ချက်ချမှတ်ပေးခဲ့ရပါတယ်။

မိဇ္ဖိမသတင်း ၂၀၁၂
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်းသို့ မီးဖိုချောင်သုံး သီးနှံများ၊ ပဲနှင့် ပဲမျိုးစုံ၊ ရေထွက်ပစ္စည်းတို့ တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်မှ မြန်မာသို့ ဆေးဝါးများ၊ ဘိလပ်မြေ၊ အထည်အလိပ်၊ မီးဖိုချောင်သုံးပစ္စည်း၊ အလှကုန်တို့ ပြန်လည်တင်သွင်းနေသည်။မြန်မာကုန်သည်များက အိမ်ဆောက်ပစ္စည်းနှင့် ဓာတ်မြေသြဇာကိုပါ တင်သွင်းလိုနေကြသည်။

မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးဇုန်များအဖြစ် စစ်တွေမြို့နှင့် မောင်တောမြို့များတွင် တည်ရှိပြီး ယင်းကုန်သွယ်ရေး ဇုန်များမှ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တက္ကနာမြို့ကိုသာ တိုက်ရိုက်တင်သွင်းခွင့်ရနေကာ နယ်စပ်ကုန်သွယ်ရေး ပမာဏက ပုံမှန်ကုန်သွယ်ရေးထက် များသည်။ မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ သန်း ၁၄ဝ ရှိခဲ့ပြီး၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ဒေါ်လာသန်း ၅ဝဝ အထိ ရောက်ရှိရန် ရည်မှန်းထားကြသည်။

မြန်မာမှ ဘင်္ဂလားဒေ့ခ်ျဘက်သို သစ်၊ နွား၊ ပုဇွန်များကို တရားမဝင် ခိုးသွင်းမှုများလည်း ရှိနေပြီး နှစ်နိုင်ငံ ဒေသအာဏာပိုင်များအတွက် လာဘ်ငွေရရှိရာ လမ်းကြောင်းတခု ဖြစ်နေသည်။

 

REPORTED BY PHYU NU TRANSLATED AND EDITED BY WIN HTUT + MYA


Local residents living in some border areas of Myanmar are buying and using electricity from neighboring countries such as China and Thailand, it was learnt. 
The towns that are buying and using power from China are Lwejal of Kachin State, Chin Shwe Haw , Mongkoe, Manhiroe, Hopang, Nantphatka, Khomone, Mongyulay, Kunlon, Laukkai, Muse, Namhkham and Kyukok from Shan State (North). The towns buying power from Thailand are Tachilek from Shan State (East), Myawady and Phayathonesu from Kayin State.
“One unit power cost K 120. The power is generated from Shweli Hydropower Project implemented on Shweli River”, said a local from Muse.
Myanmar is using five methods of supplying power to the public. Power is supplied by mean of the national grid, the small power plants, the diesel-run generators, the power supply through small generators by local committees, the small hydropower plants. Moreover, power is also being bought and supplied from neighboring countries, said a responsible person of the Ministry of Electric Power No-2 at Pyithu Hluttaw meeting held in Nay Pyi Taw in March of 2011.
The power that is bought from neighboring countries has to be supplied to the border areas by 12 power supply committees, it was learnt.
Shweli Hydropower Plant is the joint venture plant built by the state and foreign investment. It is purchased through Chinese Yuan and  being supplied to Muse, Nanhkham and Kyukok, it was learnt.
Hydropower projects are situated on Ayeyawady River and Thanlwin River and other small rivers in Myanmar. Myanmar is implementing the electric power projects in collaboration with China and Thailand on the basis of mutual interest. Moreover, the government has allowed joint venture to local private companies.
The End..

0 ကွန်မန့်ရေးရန်:

Post a Comment