Sunday, October 21, 2012

သိပ်စေ့စပ်တဲ့တပည့် ရယ်မောပျော်ရွှင်နိုင်ပါစေ



ဆရာ ။ ။ဟေ့ရောင်ငါ့ကိုအအေးတစ်ဘူးလောက်သွားဝယ်ပေးစမ်း။
တပည့် ။ ။ဘာသောက်မလဲဆရာ။
ဆရာ ။ ။ကိုလာ။
တပည့် ။ ။အေးတာယူမလား၊မအေးတာယူမလားဆရာ။
ဆရာ ။ ။အေးတာယူခဲ့။
တပည့် ။ ။သံဗူးလား၊ပလတ်စတစ်ဘူးလားဆရာ။
ဆရာ ။ ။ခွီးးးးပလတ်စတစ်ပဲယူခဲ့။
တပည့် ။ ။1လီတာလား0.5လီတာလားဆရာ။
ဆရာ ။ ။ခွီးးးးတော်တော်ရေတစ်ခွက်ပဲခပ်လာခဲ့။
တပည့် ။ ။ရေသန့်ဗူးထဲကလား၊ရေအိုးထဲကလားဆရာ။
ဆရာ ။ ။ကတောက်ဒီတိရစ္ဆာန်ကတော့ကွာ။
တပည့် ။ ။ခွေးလားနွားလားဟင်။
ဆရာ ။ ။အေဘေးငါ့ရှေ့ကထွက်သွားစမ်း။
တပည့် ။ ။အခုလားခဏနေရင်လားဆရာ။
ဆရာ ။ ။ငါမင်းကိုသတ်မိတော့မယ်နော်.....ဟွင်းဟွင်း။
တပည့် ။ ။ဓားနဲ့ထိုးမှာလားသေနတ်နဲ့ပစ်မှာလားဆရာ။
ဆရာ ။ ။တောင်းပန်ပါတယ်ငါ့ကောင်ရယ်ရှိကြီးခိုးပါတယ်အဟင့်ဟင့်။

(ပုရိသ)

0 ကွန်မန့်ရေးရန်:

Post a Comment