Thursday, October 25, 2012

စွန့်စွန်စာားရေအောက် ခရီှးနှင်ချသူတွေအတွက် ပုဂ္ဂလိက ရေငုပ်သင်္ဘောငယ်များ


စွန့်စွန်စာားရေအောက် ခရီှးနှင်ချသူတွေအတွက် ပုဂ္ဂလိက ရေငုပ်သင်္ဘောငယ်များ

ကမ္ဘာတစ်ဝန်းမှာ စွန့်စားခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ခရီးသည်တွေကြားမှာ နောက်ဆုံးရေပန်းစားလာတဲ့ခရီးစဉ်သစ်ကတော့ ပင်လယ်ရောက်ခရီးစဉ်တွေပဲဖြစ်ပါတယ်။ ပင်လယ်ရေအောက်ခရီးစဉ်အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း ရေငုပ်သင်္ဘောငယ်တွေ တည်ဆောက်ပြီး အကောင်းဆုံးခရီးစဉ်တွေကို ဖန်တီးပေးနိုင်ဖို့ စီစဉ်လာကြပါတယ်။
ယခင်က ရေအောက်လေ့လာရေး ခရီးစဉ်တွေအတွက် ရေငုပ်ဝတ်စုံနဲ့ ရေငုပ်တာမျိုးတွေပဲရှိပြီး ရေတိမ်ပိုင်းမှာပဲ သွားလာလို့ရပါတယ်။ ရေငုပ်သင်္ဘောနဲ့ ရေနက်ပိုင်းအထိ သွားလာတာမျိုးကို ယခင်က အစိုးရပိုင်းကသာ ပြုလုပ်ပြီး သာမန်လူတွေအတွက်ကတော့ ပင်လယ်ရေနက်ပိုင်းအကြောင်းတွေထက် လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်က အကြောင်းတွေကို ပိုပြီးကြားဖူးနားဝရှိကြမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပုဂ္ဂလိက ပင်လယ်ရေအောက်ခရီးစဉ်တွေအတွက် အဓိကအသုံးပြုနေတဲ့ ရေငုပ်သင်္ဘောငယ်တွေကတော့ deep ocean expedition ရဲ့ MIR, Sub Aviator System ရဲ့ SAS aviator နဲ့ ORCASUB တို့ဖြစ်ပါတယ်။

(1) MIR

အမေရိကန်နိုင်ငံ၊ ဆီးယက်တဲလ်မြို့အခြေစိုက် Deep Ocean Expeditions ကုမ္ပဏီဟာ MIR ရေငုပ်သင်္ဘောငယ်ကိုအသုံးပြုပြီး ပင်လယ်ရေအောက်ခရီးစဉ်တွေကို ပို့ဆောင်ပေးနေပါတယ်။ အခြားကုမ္ပဏီအများစုက ခရီးစဉ်တွေကိ ရေအနက်ပေ ၃၀၀၀ ခန့်အထိသာ စီစဉ်ထားပေမယ့် Deep Ocean Expedition ကတော့ ရေအနက်ပေ ၁၀,၀၀၀ ကျော်တဲ့ခရီးစဉ်တွေကိုပါ စီစဉ်ထားပါတယ်။ အထင်ရှားဆုံး ခရီးစဉ်ကတော့ ရေအောက်အနက်ပေ ၁၂,၅၀၀၀ မှာ နစ်မြုပ်နေတဲံ ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘောပျက်ဆီသို့ သွားရောက်လေ့လာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ အသုံးပြုတဲ့ MIR ရေငုပ်သင်္ဘောဟာ ယခင်က ရုရှားသိပ္ပံအကယ်ဒမီပိုင်ဆိုင်တဲ့ ရေနက်ပိုင်း သုတေသန ရေငုပ်သင်္ဘောငယ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Deep Ocean Expeditions ကုမ္ပဏီက လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။ MIR ရေငုပ်သင်္ဘောငယ်ကို တိုက်တေနီယမ်၊ နီကယ်၊ ကိုဘော့နဲ့ ခရမ်းသတ္တုတွေရောစပ်ထားတဲ့ အလွန်ခိုင်ခံတဲ့ သတ္ထုစပ်တစ်မျိုးနဲ့ တည်ဆောက်ထားပါတယ်။ MIR ရေငုပ်သင်္ဘောငယ်ဟာ အရှည် ၂၆ ပေ၊ အကျယ် ၁၂ပေနဲ့ ရေစူး ၁၀ ပေခန့်ရှိပြီး အလေးချိန် ၁၉ တန်ခန့်ရှိပါတယ်။ 9KW အားရှိတဲ့ လျှပ်စစ်မော်တာတပ်ဆင်ထားပြီး ရေအောက်မှာ တစ်နာရီ ရေမိုင် ၅ မိုင်နှုန်းနဲ့ သွားလာနိုင်ပါတယ်။ ရေယာဉ်မောင်းသူအပါအ၀င် လူသုံးဦးအထိလိုက်ပါနိုင်ပြီး ရေအနက်ပေ ၂၀,၀၀၀ ထိ ငုပ်နိုင်အောင် တည်ဆောက်ထားလို့ဆိုပါတယ်။ Deep Ocean Expendition ဟာ MIR ရေငုပ်သင်္ဘောငယ်ကို ပုဂ္ဂလိကက စူးစမ်းလေ့လာရေးခရီးစဉ်တွေနဲ့ ကိုက်ညီအောင် ပြုပြင်မှုတွေ ပြန်လည်ပြုလုပ်ထားပါတယ်။

(2) SAS Aviator

အမေရိကန်နိုင်ငံ၊ ဘယ်လင်ဟမ်မြို့အခြေစိုက် Sub Aviator Systems ထုတ်လုပ်ထားတဲ့ ရေနက်ပိုင်းသွား ရေငုပ်သင်္ဘောငယ်ဖြစ်ပါတယ်။ SAS Aviator ဟာ ရေငုပ်သင်္ဘောငယ်တစ်စင်းထက် လေယာဉ်တစ်စင်းနဲ့ ပိုတူပါတယ်။ ရေအောက်လုပ်ရှားမှုတွေအတွက် လေယာဉ်တစ်ဆင်းရဲ့ ထိန်းချု့ပ်မှုပုံစံကို နမူနာယူတည်ဆောက်ထားတဲ့အတွက် ပုံမှန်ရေငုပ်သင်္ဘောတွေထက် ပိုမိုသွက်လက်စွာ လှုပ်ရှားသွားလာနိုင်ပါတယ်။
SAS Aviator ရေငုပ်သင်္ဘောငယ်မှာ လေယာဉ်တစ်စင်းလိုပဲ အတောင်ပံ၊ အနောက်ဘက်အတောင်ပံငယ်နဲ့ ဒေါင်လိုက်အတောင်ပံတွေ ပါဝင်ပါတယ်။ ရေအောက်လှုပ်ရှားမှုတွေကို တောင်ပံတွေနဲ့ ထိန်းချု့ပ်ပြီး ၂၂ ပေ၊ ကိုယ်ထည် အကျယ် ၅ ပေနဲ့ အမြင့် ၆ ပေခန့်ရှိပြီး တောင်ပံအလျားက ၁၂ ပေကျော်ခန့်ရှိပါတယ်။ ဘက်ထရီတွေအပါအ၀င် အလေးချိန် ၂.၂ တန်ခန့်သာရှိပါတယ်။ လျှပ်စစ်မော်တာအမျိုးမျိုးရွေးချယ်တပ်ဆင်ပြီး တပ်ထားတဲ့အမျိုးအစားပေါ်မူတည်ကာ အမြန်နှုန်းတစ်နာရီ ရေမိုင် ၅ မိုင်မှ ၈ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ တစ်မိနစ်ကို ပေ ၃၂၀ နှုန်းနဲ့ ရေငုပ်နိုင်ပြီး ရေပေါ်ပြန်တက်တဲ့အခါ တစ်မိနစ်ကို ပေ ၆၀၀ နှုန်းနဲ့တက်နိုင်ပါတယ်။ အနက်ဆုံးငုပ်နိုင်တဲ့ ရေအနက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ပေ ၁၀,၀၀၀ ကျော်အနက်ရှိတဲ့ ခရီးစဉ်တွေကို သွားဖို့ စီစဉ်လျှက်ရှိပါတယ်။ လူနှစ်ဦးလိုက်ပါစီးနင်းနိုင်ပါတယ်။

(3) ORCASUB

Sub Aviator Systems ကနေပဲ ထုတ်လုပ်ထားတဲ့ ရေနက်ပိုင်းသွား ရေငုပ်သင်္ဘောငယ်တစ်မျိုးဖြစ်ပါတယ်။ ORCASUB ရဲ့ ဒီဇိုင်းကလည်း SAS Aviator လိုပဲ ရေငုပ်သင်္ဘောထက် လေယာဉ်တစ်စီးနဲ့ ပိုတူပါတယ်။ ဒီဇိုင်း အခြေခံက SAS Aviator နဲ့အတူတူပဲဖြစ်ပြီး ကိုယ်ထည်အနည်းငယ်ပိုကြီးပါတယ်။ SAS Avaitor က လျင်မြန်သွက်လက်လှုပ်ရှားနိုင်မှုကို အသားပေးတည်ဆောက်ထားတာဖြစ်ပြီး ORCASUB ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းမှု ပိုကောင်းအောင် တည်ဆောက်တားတာဖြစ်ပါတယ်။
ORCASUB ဟာ အရှည် ၂၄ ပေ၊ ကိုယ်ထည်အကျယ် ၇ ပေနဲ့ အမြင့် ၅ ပေရှိပြီး တောင်ပံအလျားက ၁၄ ပေပခန့်ရှိပါတယ်။ SAS Avaitor လို အလွန်နက်တဲ့ ရေအောက်ပိုင်းတွေအထိ သွားရောက်ဖို့ မရယ်ရွယ်ပဲ ရေအနက် ပေ ၂၀၀၀၀ ခန့်အထိသာ သွားရောက်ဖို့ရည်ရွယ်ထားပါတယ်။ အဆင့်မြင့်ဆက်သွယ်ရေးလမ်းကြောင်းရှာဖွေကိရိယာတွေတပ်ဆင်ထားပြီး သာမန်စူးစမ်းရေး ခရီးစဉ်တွေအပြင် သုတေသနဲ့ ရုပ်ရှင်ရိုက်ကူးရေးအတွက်ပါ အသုံးပြုနိုင်တယ်လို့ ဆိုတယ်။ လူနှစ်ဦးလိုက်ပါစီးနင်းနိုင်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment