Monday, August 20, 2012

ထိုင်းမိုးလေ၀သဂြိုဟ်တုက ရိုက်ကူးထားသော သြဂုတ် ၁၈ ရက် ညနေပိုင်း ဂြိုဟ်တုဓာတ်ပုံ


https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn1/s720x720/524509_405293142865659_1603499603_n.jpgမြန်မာနိုင်ငံရှိ မြစ်ကြီးများမှာ သြဂုတ်လနောက်ဆုံးပတ်တွင် လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာပြီး၊ မြေနိမ့်ပိုင်းများ ရေလွှမ်းနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။

“ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတို့တွင် နေရာကွက်ပြီး မြစ်များနဲ့ မြေနိမ့်ဒေသများတွင်
မြစ်ချောင်းများမှာ ရေလျှံမှုအလားအလာများ မြင့်မားနိုင်ပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ တနင်္သာရီမြစ် စသည့်မြစ်တို့တွင် လက်ရှိရေအမှတ်များထက် ပိုမိုမြင့်တက်လာနိုင်ပြီး၊ မြေနိမ့်ပိုင်း များတွင် ရေလွှမ်းမိုးနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က သြဂုတ် ၂၁ ရက်မှ ၂၇ ရက်အတွင်း ဖြစ်ပေါ်နိုင်သော ရာသီဥတုကို ခန့်မှန်းသည်။

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍လည်း “တောင်တရုတ်ပင်လယ်ပြင်မှာ အခုလာမယ့် ရက်သတ္တတစ်ပတ်အတွင်းမှာ မုန်တိုင်းများ ဆက်တိုက် ဖြစ်လာနိုင်ပြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဖက်ကိုလည်း အရှေ့ဖက်မှမုန်တိုင်းအကြွင်းအကျန်နဲ့လေပွေလှိုင်းများ ရောက်ရှိလာနိုင်ဖွယ်ရာ ရှိနေပါတယ်။ မုန်တိုင်းအကြွင်းအကျန်များလာရောက်ခဲ့ပါက မိုးကောင်းနိုင်ပြီး သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်တို့တွင် ရေကြီးမှု အန္တရာယ်များ မြင့်မားနိုင်ပါတယ်” ဟု ၄င်းက ဆက်လက်ခန့်မှန်းသည်။
--------

0 ကွန်မန့်ရေးရန်:

Post a Comment