Wednesday, August 29, 2012

ည8နာရီမှ မနက် 6 နာရီထိ အသွေးအသားများအရောင်းခံနေရရှာသော ကောင်မလေးများ

http://t0.gstatic.com/images?q=tbn:ANd9GcTijOtujVITprRzhQdS0DEeQFDaz7qx_ylvfjcMMB78ts7b2neOLQ&t=1http://t0.gstatic.com/images?q=tbn:ANd9GcRUH0qkKV2PlslvayLBO-koW2s9PxkVXHJA1w8W2hAf6b2-jtwcfA&t=1
ရန်ကုန်မြို. ဗိုအောင်ကျော်လမ်းပေါ်ရှိNew Aye Yar Hotelတွင် ကျွန်တော်
တစ်ခေါက်တည်းမိပါသည်..။
တည်းမိသည်ကိုပင်ရင် နာမိပါသည်..။အဘယ်ကြောင့်ဆိုသော် ...ထိုဟိုတယ် တွင်
မိန်းခလေးများကို အခကြေးငွေ ယူ၍ ဧည်သည့်များအတွက် ..ပြည့်တန်ဆာ
လုပ်ငန်းကိုတွင်တွင် ကျယ်ကျယ်ကြီးလုပ်နေခြင်း
ကြောင့်ဖြစ်ပါသည်...။ ကျွန်တော် စတည်းတဲ့နေ.က
ဟိုတယ်ရှေ.သို.ရောက်သည်နှင့် ဧည့်ကြိုကောင်လေးတွေက အထုပ်ကို လာပြေးယူ၍
ခရီးဦးကြိုပြုကြပါ သည်...။ထို.နောက် ကောင်တာတွင်
နှစ်ယောက်ခန်းတစ်ခန်းယူပါသည်..။

အခန်းမှာတစ်ယောက်ခန်းမရှိ၍နှစ်ယောက်ခန်းယူရခြင်းဖြစ်ပါသည်..။
အခန်းယူပြီးသည်နှင့်ဧည့်ကြိုကောင်လေးတစ်ယောက် က အခန်းသို.လိုက်ပို.ပေးပါ
သည်..။ကောင်လေးဆိုပေမဲ့ အသက်က ကျွန်တော့်ထက်တော့ ကြီးမည် ထင်ပါသည်..။
အခန်းသို.ရောက်သည် နှင့် အထုပ်ကိုနေရာချပေး ပီးသည်နှင့် ထို
ဧည့်ကြိုကောင်လေးက ကျွန်တော့်အားမေးပါသည်....။အကိုဘာလိုသေးလဲ
...ကျွန်တော်က ဘာမှ မလိုဘူး လိုရင်မှာမယ်လို.ပြောလိုက်ပါ သည်..။ထို.နောက်
သူက ပြုံးရွှင်ရွှင်မျက်နှာထားနှင့် အကိုစော်တွေ ဘာတွေ လိုချင်ရင်
ရတယ်လို.ပြောပါသည်..။ကျွန်တော့်မှာနည်းနည်း
ကြောင်တောင်တောင်ဖြစ်သွားပါသည်..။ဘယ့်နှယ် ..
မြို.လည်ကောင်ကြီးက ဟိုတယ်မှာထိုလိုမျိုးရသလားဟု
နည်းနည်းကြောင်မိပါသည်..။ သို.သော် စပ်စုချင်
စိတ်နှင့်ထပ်မေးမိပါသည်...။အမှန်မှာခေါ်ချင်၍မဟုတ်ပါ .
.။ကျွန်တော့်တွင်
မိန်းမ ရှိပါသည်..။နောက်ပီး ထိုသို.သော် အပျော် များကိုလဲ
ဝါသနာပါခြင်းမရှိပါ ..။ ဒါပေမဲ့ သိလိုသောစိတ်နှင်
့ထိုဧည့်ကြိုကောင်လေးအားမေးမိပါ သည်..။ ၄င်း ဧ။် နာမည် မှာ
အာကာစိုးဟုခေါ်ပါသည်..။ ၄င်းက ပြောပါသည်..။. အကိုတစ်ယောက်ခေါ်မယ်ဆိုရင်
သုံးသောင်းကျတယ် ...။ည 8 နာရီက နေ မနက် 6 နာရီထိ စိတ်ကြိုက်ပျော်ရုံပဲ
ဟုပြောပါ သည်...။ ဒါမှမဟုတ် အကိုကြိုက်တဲ့ ပုံစံရွေးချင်တယ်ဆိုရင်
သုံးယောက်ခေါ်ပေးလို.ရတယ် ..။
ကြိုက်တဲ့တစ်ယောက်ကိုခေါ်ပီး ကျန်တဲ့နှစ်ယောက်ကို တိုက်စီခ 2000
ပြန်ပေးပီးပြန်လွှတ်လို.ရတယ် ဟုပြောပါ သည်..။ ကျွန်တော့်မှာ
မခေါ်လိုသေးကြောင်းပြောပီး ၄င်း အား မုန်.ဖိုး 1500 ကျပ်ပေးပီး
ပြန်လွှတ်လိုက်ပါ သည်...။ ထို.နေ.ည 10း00 တွင် ကျွန်တော့်မှာ
မအိပ်ချင်သေး၍ မြေညီထပ်  Lobby ဘေးရှိကော် ဖီဘားတွင် ကော်ဖီတစ်ခွက်နှင့်
ပေါင်မုန်.မီးကင်တစ်ပွဲမှာစားပီး ကော်ဖီဘားထဲတွင် တီဗီထိုင်ကြည့်နေမိပါ
သည်..။ထိုအချိန်တွင် ...ဓါတ်လှေကား နောက်ရှိ ဟိုတယ် အလည် လှေခါးမှ
ကောင်မလေးတစ်ယောက်
ပြေးဆင်းလာသည်ကိုတွေ.ရပါသည်..။အမှတ်တမဲ့တစ်ချက်ကြည့်မိလိုက်ုပြီးနောက်မှ
ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင် ဖြစ်သွားရပါသည်...။
အဘယ်ကြောင့်ဆိုသော် ထိုပြေးဆင်းလာသည့်မိန်းခလေးမှာအ၀တ်အစားမပါ
ဗလာနတ္ထိဖြစ်နေသည်ကိုတွေ.ရသောကြောင့်ဖြစ်ပါ သည်.။ အဝေးကကြည့်ခြင်းဖြစ်သော်
လည်း ၄င်းမှာငိုယိုထားခြင်းကိုမျက်နှာပေါ်တွင်တွေ.ရပါသည်..။ထိုကောင်မလေးကိုတွေ.သည်နှင့်
ဧည့်ကြိုကောင်တာရှိ Bell Boy ၀န်ထမ်းနှစ်ယောက်က ၄င်းတို.ဧ။်
ညအိပ်စောင်တစ်ထည်အား ယူ၍ ကောင်မလေးအားပြေးပတ်ပေးကြပါ သည်.။
ကျွန်တော့်မှာထိုအခြင်းအရာကိုမြင်နေရသော်လည်း မည်သို.ဖြစ်သည်ကိုမသိရှိပဲ
ငုတ်တုတ်သာ ထိုင်ကြည့်နေမိပါသည်.။ထို.နောက် Bell Boy တစ်ယောက်က
ဓ်ါတ်လှေကားနှင့်အပေါ်သို.တက်သွားသည်ကိုတွေ.ရပါသည်..။ထို.နောက်
ပြန်ဆင်းလာသည်နှင့် ၄င်းလက်ထဲတွင် ပြေးဆင်းလာသော ကောင်မလေးဧ။်
အ၀တ်အစားများဖြစ်ဟန်တူပါသည်။ ထို.နောက် Bell Boy ကောင်တာတွင် Bell Boy
များခေါင်းချင်းရိုက်၍တိုင်ပင်နေသည်ကိုတွေ.ရပါသည်.။ထို.နောက်
ပြေးဆင်းလာသောကောင်မလေးမှာ အ၀တ်အစားများ ပြန်ဝတ်ပီး
တစ်ရှုံ.ရှုံ.နှင့်ပြန်သွားသည်ကိုတွေ.ရပါသည်..။ ကျွန်တော့်မှာထိုအဖြစ်အပျက်
များကို အစအဆုံးမြင်နေရသော်လည်း ဘာကြောင့်ဘယ်လိုဖြစ်သည်ကိုမသိရှိပါ
..။မေးချင်သော်လည်း ဘယ်သူ.ကိုမေးရမှန်းမသိတော်ကြာ
ယောက်ကျားတန်မဲ့ စပ်စုသည်
ဟုအပြောခံရမှာစိုးသောကြောင့်သိချင်စိတ်ကိုမြိုသိပ်၍ သိက္ခာ ဆည်ပြီး
ကိုယ့်အခန်းကိုယ် ပြန်တက်နေလိုက်ပါသည်.။ မနက်မှ ကျွန်တော့်အား
အခန်းလိုက်ပို.ပေးသော ဧည့်ကြိုကောင်လေး
အာကာစိုးအားမေးမည်ဟုကြံထားလိုက်ပါသည်..။ မနက်ရောက်သော်  အခန်းမှနေ၍
ဆေးလိပ်သောက်ချင်၍ ဆေးလိပ်တစ်ဘုးမှာလိုက်ပါသည်.။တိုက်တိုက်ဆိုင်ဆိုင်ပင်
အာကာစိုးဆိုသောကောင်
လေးလာပို.ပါသည်..။ကျွန်တော့်မှာညကဖြစ်သော ကိစ္စအားသိချင်၍ မေးမိပါသည်.။
သူက ပြည့်ပြည့်စုံစုံပြောပြပါသည်..။ညကဗျာ
ကျွန်တော့်တို.ခေါ်ပေးထားတဲ့ကောင်မလေးကို ဧည်သည့်က
(နားနှင့်မနာဖ၀ါးနှင့်နာပါ ...)
အရှေ.ပေါက်ချ ရတာအားမရလို. အနောက်ပေါက်ပါအတင်းချမယ်ဆိုလို.ကောင်မလေးက
ကြောက်အားလန်.အားနဲ.ပြေးဆင်းလာတာလေ...။အဲ့ဒါ ကျွန်တော့်တို.ဧည်သည့်ဆီက
ယူထားတဲ့ကြေးတွေကိုလဲ ဧည်သည့်က ပြန်တောင်းတော့ပေးလိုက်ရတယ်.
..။နောက်ပီးတော့ ကောင်မလေးကိုလဲ တစ်ဝက်ကြေးပြန်ပေးလိုက်ရတယ် လို.ပြောပါ
သည်....။ကျွန်တော်က ဒါဆိုမင်းတိုမန်နေဂျာတွေကော ဒီကိစ္စတွေမသိဘူးလား..၊
သုတို.သိရင်ကော မင်းတို.အလုပ်ပြုတ်မှာနော် ဟုပြောရာ ၄င်းက
ပြုတ်ဖို.နေနေသာသာဗျာ ...ကျွန်တော်တို.စော်တွေခေါ်ပေးနေလို. ဒီဟိုတယ်
ဧည့်သည်များနေတာ...၊မန်နေဂျာတွေကတောင် ကျွန်တော်တို.ကိုကျေးဇူး
တင်နေတာ ဟုပြောပါ သည်..။ ကျွန်တော်က ဒါဆို မင်းတို.အဖမ်းအဆီးတွေကော
မရှိဘူးလားဟုမေးရာ ...၊အာကာစိုးက ..ဘယ်ရှိမလဲ ..၊ကျွန်တော်တို.မန်နေဂျာ
ကနေ ပြီးတော့ ဒီဗိုလ်တစ်ထောင်မြို.နယ်မှုးကို တစ်လ ကို
ငါးသိန်းပုံမှန်ပေးတယ် လေ..။ဒီတော့ အဖမ်းအဆီးဆိုတာ
...ဘာမှုစရာလဲဗျာ...။တော်ရုံရဲလောက်ဆို ကျွန်တော်တို.က ဂရုစိုက်တာ
မဟုတ်ဘူး...။နောက်ပီးစခန်းမှုးတို.တစ်ပွင့်နှစ်ပွင့် တို.ကိုလဲ
နည်းနည်းပါးပါး ပေးကျွေးထားတယ်လေ.. ။ ဒီကောင်တွေက ပိုက်ဆံ ရရင်ပီးရော
အေးဆေးပဲ လေ..။ဒီတော့ ကျွန်တော်တို.လဲ လုပ်ရဲတာပေါ့ဗျာ ဟုပြောပါသည်..။
ထို.နောက် ကျွန်တော်က မင်းတို.ကောတစ်ယောက်ခေါ်ပေးရင် ဘယ်လောက်ရလဲဟုမေးရာ
၎င်းက ကျွန်တော်တို.က တစ်ယောက်ခေါ်ရင်သုံးသောင်း ကောင်မလေးကို
တစ်သောင်းခွဲံပေးတယ် ..။ကျန်တဲ့တစ်သောင်းခွဲကို ကျွန်တော်တို.
ဧည့်ကြိုဌာန ရယ် .၊လုံခြုံရေးဌာနရယ် ၊ Reception
ရယ်ပေါင်းပြီးခွဲစားကြတာပေါ့ .၊မဆိုးပါဘူး ..တစ်နေ.တစ်နေ.ကို 10 ယောက် 15
ယောက်လောက်ကတော့ ပုံမှန်ခေါ်ရတယ်လို.ပြောပါသည်..။ကောင်မလေးတွေက ကော
မင်းတို.ပေးတဲ့တစ်သောင်းခွဲ အကုန်ရတာလားဟု ကျွန်တော်က မေးရာ ၄င်းက
အဲ့ဒါတော့ သူုတို.အပြည့်မရဘူး ခေါင်းက တစ်သောင်းယူတယ်..။သူတို.ကို
ငါးထောင်ပဲ ပေးတာဟုပြောပါသည်..။ ကျွန်တော့်မှာ ပိုက်ဆံလေးငါးထောင် အတွက်
နှင့် ည 8နာရီမှ မနက် 6 နာရီထိ အသွေးအသားများအရောင်းခံနေရရှာသော
ကောင်မလေးများဧ။်
မျက်နှာ ကိုမြင်ယောင်၍ သနားမိပါသည်..။ထို.နောက်
...ထိုအကြောင်းများကိုပြောပြသော ဧည့်ကြိုကောင်လေးအား မုန်.ဖိုး 2000
ခန်.ပေး၍ပြန်လွှတ်လိုက်ပါ သည်..။  ထို.နောက် ကျွန်တော်လဲ
ထိုသို.ပြည့်တန်ဆာ လုပ်ငန်းများကိုတွင်တွင်ကျယ်ကျယ်လုပ်နေသော ..ထိုဟိုတယ်
တွင် ဆက်မတည်းချင်တော့၍ Check Out လုပ်ပြီးအခန်းအပ်ပြီးပြန်ထွက်လာခဲ့ပါ
သည်..။နောက်တွင်လဲထိုသို.ရွံ.ရှာဖွယ် ကောင်းသော ဟိုတယ်မျိုးတွင်
မတည်းခိုမိစေရန်ရှောင်ကြဉ်ရင်းမြန်မာပြည်တွင်လဲနိုင်ငံခြားတိုင်းပြည်များလို
ပိုက်ဆံပေးလျှင် လုပ်ချင်တာလုပ်လို.ရနေပီလားဟုတွေးရင်
ကြက်သီးဖြန်းဖြန်းထမိပါတော့သည်...။

အထက်ပါ အကြောင်းအရာများသည်...ကျွန်တော်လက်တွေ.ကြုံခဲ့ရသောအကြောင်းအရာများဖြစ်ပါသည်..ကျွန်တော်တည်းသည်မှာမကြာသေးပါ
...2012 ဇူလိုင်လတွင်ဖြစ်ပါသည်...စာရှုသူများလဲ
မယုံလျှင်သွားရောက်လေ့လာကြည့်နိုင်ပါသည်...
 စာရေးသူ   broken love87@gmail.com  

0 ကွန်မန့်ရေးရန်:

Post a Comment