Wednesday, July 11, 2012

SES-5 ဂြိုဟ်တုအား Proton လွှတ်တင်ရေးဒုံးပျံဖြင့် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ ဇူလိုင်လ၊ ၁၀ ရက်၊ ၂၀၁၂ ခုနှစ်


          ၂၀၁၂ ခုနှစ်၊ ဇွန်လှိုင်လ၊ ၁၀ ရက်နေ့တွင် SES ကုမ္ပဏီ၏ SES-5 ဂြိုဟ်တုကို Proton လွှတ်တင်ရေးဒုံးပျံဖြင့် ဘိုင်ကိုနော ဒုံးပျံလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ SES-5 ဂြိုဟ်တုသည် Space System Loral က ထုတ်လုပ်သော LS-1300 bus ကို အသုံးပြုထားပြီး C-band transponder ၂၄ လုံး နှင့် Ku-ban
d transponder 36 လုံး တပ်ဆင်ထားသည်။ SES-5 ဂြိုဟ်တုအား အရှေ့လောင်ဂျီတွဒ် ၅ ဒီဂရီသို့ လွှတ်တင်ခြင်းဖြစ်ပြီး ဥရောပ၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်းဒေသမျာသို့ ရုပ်သံ၊ အင်တာနက်နှင့် VSAT ၀န်ဆောင်မှုများဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။
          ယင်းဂြိုဟ်တုတွင် ပုံမှန်ပါရှိသော payload (C-band ၊ Ku-band transponder များ) အပြင် ဥရောပအာကာသအေဂျင်စီ (European Space Agency-ESA) ၏ navigation payload တစ်ခုဖြစ်သော European Geostationary Navigation Overlay Service (EGNOS) ကိုပါ တပ်ဆင်ထားကြောင်းသိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment