Sunday, July 15, 2012

မောင်းတောမြို့နယ်တွင် M-16 လက်နက်နှင့်အတူ ၁၀ ဦးဖမ်းမိ

Inbox
x





တောင်ရွာကမ်းခြေသို့ ပင်လယ်ဘက်မှ ချည်းကပ်လာသော မသင်္ကာဖွယ်စက်လှေ ၃ စီးအား မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် တပ်မတော်(ရေ)မှ ထပ်မံလိုက်လံဖမ်းဆီးမှုကြောင့် စက်လှေသုံးစီးအနက် တစ်စီးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို M-16 သေနတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသုံးဦး ခေါင်း၌ ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၇ ဦးကို ယနေ့နေ့လယ် ၄ နာရီခွဲတွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 7Day News သို့ပြောသည်
--

0 ကွန်မန့်ရေးရန်:

Post a Comment